Tag: Kaowao

နယ်မြေမတည်ငြိမ်ခြင်းနှင့် စစ်မှုထမ်းဥပဒေကြောင့် ပွင့်လင်းရာသီအမှီ ရာဘာခြစ်လုပ်သားရရှိမှုခက်ခဲလာ

မွန်ပြည်နယ်အတွင်း အဓိကရာဘာစိုက်ပျိုးကြသည့်မြို့နယ်များတွင် လာမည့်ပွင့်လင်းရာသီအမှီ ရာဘာခြစ်လုပ်သားရရှိမှု အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။ ဒေသတွင်းထက် အခြားဒေသများက လုပ်သားအများစုကို ပိူမိုအားကိုးနေရပြီး နယ်မြေတည်ငြိမ်အေးခြမ်းမှုမရှိခြင်းကြောင့် တနယ်တကျေးသွားရောက်လုပ်ကိုင်ရန် စိုးရိမ်ထိတ်လန့်ခြင်း၊စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနှင့် အခြားလွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်သူများပြားလာခြင်းတို့အတွက် လုပ်သားခေါ်ယူရရှိမှု ခက်ခဲနေကြောင်း သံဖြူဇရပ်မြို့နယ်မှ ရာဘာခြံရှင်တစ်ဦးက ...

Read more

ဝဲခမိအထကမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦး ပြန်လည်လွတ်မြောက်လာ

KNLA/PDF ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာရှိ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦးမှာ ဩဂုတ်လ (၃၁) ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း သံဖြူဇရပ်မြို့နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

Read more

မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရေးမြို့နယ်အတွင်း ဧည့်စာရင်းပိုမိုစစ်ဆေးကြပ်မတ်ရန် ညွှန်ကြား

မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရေးမြို့နယ်အတွင်း ဧည့်သည်အဝင်အထွက်များကို ယခုလမှစတင်၍ ပိုမိုတင်းကြပ်စွာစစ်ဆေးသွားရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရသည်။

Read more

သက္ကော့လမ်းခွဲ အထပ်သားစက်ရုံအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရပြန်

သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူမြို့သို့သွားရောက်သော သက္ကော့လမ်းခွဲစစ်ကောင်စီ လုံခြုံရေးဂိတ်အနီးရှိ Eon Saw Mon အထပ်သားစက်ရုံအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာခဲ့ကြောင် ဒေသခံများထံမှ သိရသည်။

Read more

စစ်ကောင်စီတပ်က ကော့ပနော – ဝငဲ – ကော့ဝမ်းကျေးရွာသွားလမ်းဆုံအား ဒရုန်းဗုံးချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရ

ကျိုက်မရောမြို့နယ် ကော့ပနော - ဝငဲ - ကော့ဝမ်းကျေးရွာသွား လမ်းဆုံအား မြန်မာစစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more

ရဲတံခွန်ကျေးရွာမှ အမျိုးသမီးတစ်ဦး ဝဥသွားတူးစဉ် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဒဏ်ရာများရရှိခဲ့

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ယမန့် ညနေပိုင်းအချိန်က ဝဥသွားတူးစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more

ထားဝယ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၆) ဦးထက်မနည်း သေဆုံးပြီး တပ်ကြပ်ကြီးတစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကျောက်ဆိပ်ကုန်းကျေးရွာအနီးတွင် ဩဂုတ်လ (၂၈) ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပြည်သူ့ကာကွယ်ရးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၆) ဦးထက်မနည်း သေဆုံးပြီး တပ်ကြပ်ကြီးတစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

Read more

အိမ်သုံးမီတာခများ နှစ်ဆနီးပါးနှင့် လုပ်ငန်းသုံးမီတာခများ သုံးဆနီးပါး ဈေးနှုန်းမြင့်တက်

လာမည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ကာ အိမ်သုံးမီတာခများ နှစ်ဆနီးပါးနှင့် လုပ်ငန်းသုံးမီတာခများ သုံးဆနီးပါး ဈေးနှုန်းမြင့်တက်မည်ဖြစ်‌ကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်၊ စွမ်းအားဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

Read more

အနန်းကွင်းဗျူဟာသို့ စစ်ကူလာပေးသော စစ်ကောင်စီစစ်ကြောင်း ဆုတ်ခွာထွက်ပြေးရပြီး အလောင်း ၉ လောင်းကျန်ရစ်ခဲ့

စစ်ကောင်စီ အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူလာပေးသော စစ်ကြောင်းတစ်ကြောင်း ယမန်နေ့က ကြားဖြတ်တိုက်ခိုက်ခံရသောကြောင့် အလောင်း ၉ လောင်း ကျန်ရစ်ခဲ့ပြီး တပ်ပျက်လုမတတ် ဆုတ်ခွာထွက်ပြေးသွားရကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

Read more

မည်သူ၏လက်ချက်မှန်းမသိရဘဲ ကော့ဝါးဆူးကျေးရွာတွင် ရာအိမ်မှူးလင်မယားနှစ်ဦး သေနတ်ပစ်သတ်ခံရပြီးသေဆုံး

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းအစောပိုင်းအချိန်က မည်သူ၏လက်ချက်မှန်းမသိရဘဲ ရာအိမ်မှူးလင်းမယားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

Read more
Page 6 of 9 1 5 6 7 9

Stay Connected

  • Trending
  • Comments
  • Latest

Recent News