Tag: Kaowao

ထားဝယ်မြို့တွင် မျောက်ကျောက်ရောဂါ (Monkeypox) သံသယလူနာတစ်ဦးတွေ့ရှိ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် မျောက်ကျောက်ရောဂါ (Monkeypox) သံသယလူနာတစ်ဦးတွေ့သဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပလူနာဌာနတွင် စောင့်ကြပ်ကုသမှုပေးထားကြောင်း ကျန်းမာရေးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

Read more

ညအချိန် စျေးတန်းအတွင်း စုဖွဲ့နေကြသောလူငယ်များအား ပေါင်မြို့နယ်ရဲတပ်ဖွဲ့က ပစ်ခတ်၍ PDF အဖြစ် လုပ်ကြံစွပ်စွဲပြီးဖမ်းဆီး

ပေါင်မြို့နယ် သဗြုချောင်ကျေးရွာ ဈေးတန်းအတွင်း ယမန်နေ့ ညပိုင်းအချိန်က လူငယ် ၁၀ ဦးခန့် စုဖွဲ့စကားပြောနေကြသည်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်၍ PDF အဖွဲ့ဝင်များအဖြစ်လုပ်ကြံစွပ်စွဲပြီး ဖမ်းဆီးထားကြောင်း ဒေသခံများမှ သိရသည်။

Read more

Eon Saw Mon ရော်ဘာစက်ရုံအနီး မြေမြှုပ်မိုင်းထပ်မံနင်းမိသည့်အတွက် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြန်

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမရှိ သက္ကော့လမ်းခွဲအနီးရှိ Eon Saw Mon ရော်ဘာစက်ရုံအနီးတဝိုက်တောထဲ၌ ယမန်နေ့က မြေမြှုပ်မိုင်းထပ်မံနင်းမိသည့်အတွက် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြန်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

Read more

လမိုင်းမြို့ ယုဇနရွှေဆိုင်ကို ဓားပြတိုက်

ရေးမြို့နယ် လမိုင်းမြို့ပေါ်က ယုဇနရွှေဆိုင်ကို ယနေ့နံနက်ခင်း စျေးဖွင့်ချိန်၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Read more

နယ်မြေမတည်ငြိမ်ခြင်းနှင့် စစ်မှုထမ်းဥပဒေကြောင့် ပွင့်လင်းရာသီအမှီ ရာဘာခြစ်လုပ်သားရရှိမှုခက်ခဲလာ

မွန်ပြည်နယ်အတွင်း အဓိကရာဘာစိုက်ပျိုးကြသည့်မြို့နယ်များတွင် လာမည့်ပွင့်လင်းရာသီအမှီ ရာဘာခြစ်လုပ်သားရရှိမှု အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။ ဒေသတွင်းထက် အခြားဒေသများက လုပ်သားအများစုကို ပိူမိုအားကိုးနေရပြီး နယ်မြေတည်ငြိမ်အေးခြမ်းမှုမရှိခြင်းကြောင့် တနယ်တကျေးသွားရောက်လုပ်ကိုင်ရန် စိုးရိမ်ထိတ်လန့်ခြင်း၊စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနှင့် အခြားလွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်သူများပြားလာခြင်းတို့အတွက် လုပ်သားခေါ်ယူရရှိမှု ခက်ခဲနေကြောင်း သံဖြူဇရပ်မြို့နယ်မှ ရာဘာခြံရှင်တစ်ဦးက ...

Read more

ဝဲခမိအထကမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦး ပြန်လည်လွတ်မြောက်လာ

KNLA/PDF ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာရှိ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦးမှာ ဩဂုတ်လ (၃၁) ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း သံဖြူဇရပ်မြို့နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

Read more

မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရေးမြို့နယ်အတွင်း ဧည့်စာရင်းပိုမိုစစ်ဆေးကြပ်မတ်ရန် ညွှန်ကြား

မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရေးမြို့နယ်အတွင်း ဧည့်သည်အဝင်အထွက်များကို ယခုလမှစတင်၍ ပိုမိုတင်းကြပ်စွာစစ်ဆေးသွားရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရသည်။

Read more

သက္ကော့လမ်းခွဲ အထပ်သားစက်ရုံအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရပြန်

သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူမြို့သို့သွားရောက်သော သက္ကော့လမ်းခွဲစစ်ကောင်စီ လုံခြုံရေးဂိတ်အနီးရှိ Eon Saw Mon အထပ်သားစက်ရုံအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာခဲ့ကြောင် ဒေသခံများထံမှ သိရသည်။

Read more

စစ်ကောင်စီတပ်က ကော့ပနော – ဝငဲ – ကော့ဝမ်းကျေးရွာသွားလမ်းဆုံအား ဒရုန်းဗုံးချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရ

ကျိုက်မရောမြို့နယ် ကော့ပနော - ဝငဲ - ကော့ဝမ်းကျေးရွာသွား လမ်းဆုံအား မြန်မာစစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more

ရဲတံခွန်ကျေးရွာမှ အမျိုးသမီးတစ်ဦး ဝဥသွားတူးစဉ် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဒဏ်ရာများရရှိခဲ့

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ယမန့် ညနေပိုင်းအချိန်က ဝဥသွားတူးစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more
Page 5 of 9 1 4 5 6 9

Stay Connected

  • Trending
  • Comments
  • Latest

Recent News