Tag: Kaowao News

ရေးခရိုင်ပြည်သူ့ဆေးရုံတွင် အခမဲ့ကျန်းမာရေးစနစ်ဆိုသော်လည်း ကျန်မာရေးဝန်ထမ်းသူနာပြုများထံမှ ဆေးဝါးဝယ်ယူပြီး ကုသခံနေရဆို

မွန်ပြည်နယ်၊ ရေးခရိုင်ပြည်သူ့ဆေးရုံတွင် အခမဲ့ကျန်းမာရေးစနစ်ဆိုသော်လည်း တက်ရောက်ကုသနေရသည့် လူနာများအနေဖြင့် တာဝန်ကျကျန်မာရေးဝန်ထမ်း၊ သူနာပြုဆရာမထံမှ ဆေးဝါးများဝယ်ယူပြီး ကုသခံနေရသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Read more

ရွှေက္ကိုလ်မြိုသစ်စီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းတော့မည်

ကရင်နယ်ခြားစောင့်တပ် BGF ၏ ထိန်းချုပ်မှုအောက်တွင် အကောင်အထည်ဖော်ဆောင်နေသော ရွှေက္ကိုလ်မြိုသစ်စီမံကိန်းကို ဦးစီးလုပ်ကိုင်နေသည့် ရထိုက်ကုမ္ပဏီက စီမံကိန်းအားလုံးကို အပြီးတိုင် ဖျက်သိမ်းတော့မည့် ကြေငြာချက်တစောင် ယနေ့ရက်စွဲဖြင့် ထွက်ပေါ်လာခဲ့သည်။

Read more

ယခု (၈၅) ရက်အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမား တစ်သိန်းခုနှစ်သောင်းကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း (၁၂၀) စီမံချက်၏ (၈၅) ရက်အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမား တစ်သိန်းခုနှစ်သောင်း (၁၇၇၈၀၀) ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

Read more

ထားဝယ်မြို့တွင် မျောက်ကျောက်ရောဂါ (Monkeypox) သံသယလူနာတစ်ဦးတွေ့ရှိ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် မျောက်ကျောက်ရောဂါ (Monkeypox) သံသယလူနာတစ်ဦးတွေ့သဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပလူနာဌာနတွင် စောင့်ကြပ်ကုသမှုပေးထားကြောင်း ကျန်းမာရေးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

Read more

ညအချိန် စျေးတန်းအတွင်း စုဖွဲ့နေကြသောလူငယ်များအား ပေါင်မြို့နယ်ရဲတပ်ဖွဲ့က ပစ်ခတ်၍ PDF အဖြစ် လုပ်ကြံစွပ်စွဲပြီးဖမ်းဆီး

ပေါင်မြို့နယ် သဗြုချောင်ကျေးရွာ ဈေးတန်းအတွင်း ယမန်နေ့ ညပိုင်းအချိန်က လူငယ် ၁၀ ဦးခန့် စုဖွဲ့စကားပြောနေကြသည်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်၍ PDF အဖွဲ့ဝင်များအဖြစ်လုပ်ကြံစွပ်စွဲပြီး ဖမ်းဆီးထားကြောင်း ဒေသခံများမှ သိရသည်။

Read more

Eon Saw Mon ရော်ဘာစက်ရုံအနီး မြေမြှုပ်မိုင်းထပ်မံနင်းမိသည့်အတွက် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြန်

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမရှိ သက္ကော့လမ်းခွဲအနီးရှိ Eon Saw Mon ရော်ဘာစက်ရုံအနီးတဝိုက်တောထဲ၌ ယမန်နေ့က မြေမြှုပ်မိုင်းထပ်မံနင်းမိသည့်အတွက် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြန်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

Read more

လမိုင်းမြို့ ယုဇနရွှေဆိုင်ကို ဓားပြတိုက်

ရေးမြို့နယ် လမိုင်းမြို့ပေါ်က ယုဇနရွှေဆိုင်ကို ယနေ့နံနက်ခင်း စျေးဖွင့်ချိန်၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Read more

နယ်မြေမတည်ငြိမ်ခြင်းနှင့် စစ်မှုထမ်းဥပဒေကြောင့် ပွင့်လင်းရာသီအမှီ ရာဘာခြစ်လုပ်သားရရှိမှုခက်ခဲလာ

မွန်ပြည်နယ်အတွင်း အဓိကရာဘာစိုက်ပျိုးကြသည့်မြို့နယ်များတွင် လာမည့်ပွင့်လင်းရာသီအမှီ ရာဘာခြစ်လုပ်သားရရှိမှု အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။ ဒေသတွင်းထက် အခြားဒေသများက လုပ်သားအများစုကို ပိူမိုအားကိုးနေရပြီး နယ်မြေတည်ငြိမ်အေးခြမ်းမှုမရှိခြင်းကြောင့် တနယ်တကျေးသွားရောက်လုပ်ကိုင်ရန် စိုးရိမ်ထိတ်လန့်ခြင်း၊စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနှင့် အခြားလွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်သူများပြားလာခြင်းတို့အတွက် လုပ်သားခေါ်ယူရရှိမှု ခက်ခဲနေကြောင်း သံဖြူဇရပ်မြို့နယ်မှ ရာဘာခြံရှင်တစ်ဦးက ...

Read more

မြဝတီမှလာသော ခရီးသည်တင်ယာဉ်ငယ်တစ်စီး သထုံမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မြဝတီမှလာသော ခရီးသည်တင်ယာဉ်ငယ်တစ်စီးသည် မော်လမြိုင်-ရန်ကုန် - မော်လမြိုင် ကားလမ်းဖြတ်သန်းရာ သထုံမြို့နယ် ကမာစိုင်ကျေးရွာတွင် ယမန်နေ့ညပိုင်း (၈) နာရီခွဲအချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသား (၂) ဦးသေဆုံးကာ (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more

ဝဲခမိအထကမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦး ပြန်လည်လွတ်မြောက်လာ

KNLA/PDF ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာရှိ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦးမှာ ဩဂုတ်လ (၃၁) ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း သံဖြူဇရပ်မြို့နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

Read more
Page 4 of 7 1 3 4 5 7

Stay Connected

  • Trending
  • Comments
  • Latest

Recent News