“မွန်စာပေသည် ရွာဦးကျောင်းနှင့် အမျိုးသား စာကြည့်တိုက်တွင်သာ ပြစရာအဖြစ် ကျန်နေပြီလော။ မွန်န်အနုသုခုမသည် နိုင်ငံတော်ပြတိုက်နှင့် ဝါသနာအလျောက် ထိန်းသိမ်းထားသော လူတစုတွင်သာ ကျန်ရှိနေပြီလော ဆန်းစစ်ရန်လိုသည်”
လောကဓံနှင့် အားမာန် စာပေယဉ်ကျေးမှုအနုပညာဆိုသည်မှာ ကြာလေကောင်း၍ ဟောင်းလေသစ်လေပင် ဖြစ်သည်။ အဟောင်းအဟောင်းတို့သည် ချုပ်ငြိမ်း၍ အသစ်အသစ်တို့ ဖြစ်ပေါ်လာသည်မှာ မှန်သော်လည်း၊ စာပေ ယဉ်ကျေးမှုအနုပညာတွင် အဟောင်းအဟောင်းတို့သည် အနှစ်ဖြစ်၍ အသစ်အသစ်တို့က ကိုးကားသမှု ပြုခဲ့ကြရသည်။
Read more