Tag: လူ့အခွင့်အရေး

ရေးမြို့နယ်မှာ ၅ ရက်အတွင်း CDM ဆရာများအပါအဝင် ၇ ဦးဖမ်းခံရပြီး ငွေကြေးများပါ သိမ်းဆည်းခံရ

ရေး၊ ၂၀၂၄ ဒီဇင်ဘာ (၁၈) ရေးမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့အတွင်း CDM ဆရာများအပါအဝင် လူ ၇ ဦးကို စစ်ကောင်စီက အင်အားသုံးဖမ်းဆီးခဲ့ပြီး ငွေကြေးများပါ ယူဆောင်သွားခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာလ ...

Read more

ထိုင်းရေလုပ်သားများအပါအ၀င် (၃၁)ဦးအား ကော့သောင်းတရားရုံးမှ ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်

ကော့သောင်း၊ ၂၀၂၄ ဒီဇင်ဘာ (၁၇) နယ်မြေကျော်လွန်လာသော ထိုင်းငါးဖမ်းလှေများကို မြန်မာရေတပ် ပစ်ခတ်ဖမ်းဆီးထားသော ထိုင်းငါးဖမ်းလှေမှ ထိုင်းရေလုပ်သား ၄ ဦးနှင့် မြန်မာ ၂၇ ဦး စုစုပေါင်း (၃၁) ဦးတို့ကို ဒီဇင်ဘာ ၁၆ ...

Read more

စံခလပူရီမှ ထောင်ဖာဖွန်သို့သွားသည့် ပဲချိပ်စက်လှေပေါ်မှ တရားမဝင်မြန်မာရွှေ့ပြောင်း ၁၁ ဦး ထိုင်းလုံခြုံရေးဖမ်းမိ

စံခလပူရီ-၂၀၂၄ ဒီဇင်ဘာ (၁၄) ကန်ချပူရီပြည်နယ် စံခလပူရီမြို့မှ ထောင်ဖာပွန်မြို့သို့ သွားသည့်ပဲ့ချိပ်စက်လှေတစ်စင်းပေါ်မှ တရားမဝင်မြန်မာရွှေ့ပြောင်း ၁၁ ဦးကို ယနေ့နံနက်စောစောပိုင်းတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း  ကန်ချနပူရီသတင်းက ဖော်ပြသည်။ စံခလပူရီ-ထောင်ဖာဖွန်အကြား ဗာဂျီရာလောင်ကွန်းဆည် မြစ်လယ်ရှိ လုံခြုံရေးကင်းတဲမှ မသင်္ကာစရာ ...

Read more

အုန်းဖျန်ပွဲတော်တွင် ဗုံးပေါက်ကွဲပြီး (၄) ဦး သေဆုံးကာ (၄၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

မဲဆောက်၊ ၂၀၂၄ ဒီဇင်ဘာ (၁၄) ကရင်တိုင်းရင်းသားများအပါအဝင် မြန်မာနိုင်ငံသား အများအပြားနေထိုင်သည့် မဲဆောက်မြို့နယ် အုန်းဖျန်ပွဲတော် ဖျော်ဖြေပွဲတစ်ခုတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲခဲ့ပြီး (၄) ဦးထက်မနည်း သေဆုံးကာ (၄၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့် ...

Read more

ဘုရားသုံးဆူမြို့ခံ မိသားစုဝင် (၃) လောင်းပြိုင် သတ်ဖြတ်ခဲ့ကြသူများမှာ CDM ရဲဝန်ထမ်း (၂) ဦးဟုဆို

ဘုရားသုံးဆူ၊ ၂၀၂၄ ဒီဇင်ဘာ (၁၄) ပြီးခဲ့သည့် နိုဝင်ဘာလက ဘုရားသုံးဆူမြို့ခံ လျှပ်စစ်ဝန်ထမ်းမိသားစုဝင် (၃) ဦးအား ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြသူများမှာ CDM ရဲဝန်ထမ်း (၂) ဦးဟု သိရပြီး ၎င်းတို့အား ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ...

Read more

မြို့ပြလှုပ်ရှားမှုအတွက် တစ်ရွာနှစ်ယောက်လုံခြုံရေးထည့်ပေးရန် စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်မှူးများကို အကြပ်ကိုင်တောင်းခံထား

ရေး-၂၀၂၄ ဒီဇင်ဘာ (၁၃) ရေးမြို့ပေါ်အတွင်း လုံခြုံရေးအင်အားနည်းပါးလာသဖြင့် မြို့ပြလှုပ်ရှားမှုအတွက် ကျေးရွာအုပ်စုတစ်စုလျင် လူနှစ်ယောက်ထည့်ပေးရန် စစ်ကောင်စီက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများအား အကြပ်ကိုင်တောင်းခံထားကြောင်း စုံစမ်းသိရှိသည်။ ရေးမြို့နယ် ထွေအုပ်ရုံး၌ ယနေ့ မွန်းလွဲတစ်နာရီအချိန်က သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးအသီးသီးတို့အား  စကခ (၁၉) ရေးတပ်နယ်မှ ...

Read more

တရားမဝင် မြန်မာအလုပ်သမားများ ပုန်းအောင်းနေသည့် အသိုက်နေရာနှစ်ခုကို ထိုင်းရဲနှင့်လဝကတို့ စီးနင်းရှာဖွေရာ ၂၀၀ ကျော်ဖမ်းဆီးခံရ

ဘန်ကောက်၊ ၂၀၂၄ ဒီဇင်ဘာ (၁၃) .ထိုင်းနိုင်ငံ ချောင်ဘူရီနှင့် စမွတ်စခွန်ခရိုင်တို့တွင် တရားမဝင် မြန်မာ အလုပ်သမားများ ပုန်းအောင်းနေသည့် အသိုက်နေရာနှစ်ခုကို ယနေ့နံနက်စောစောပိုင်း၌ ထိုင်းရဲတပ်ဖွဲ့နှင့် လဝကတို့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ လူပေါင်း ၂၀၀ ကျော်ဖမ်းဆီးမိကြောင်း ထိုင်းသတင်းများက ...

Read more

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ရော်ဘာခြံအတွင်း ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

သံဖြူဇရပ်၊ ၂၀၂၄ ဒီဇင်ဘာ (၁၃) သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စု၊ ကုန်းမြင့်သာယာကျေးရွာအနီး ရော်ဘာခြံအတွင်း ဒီဇင်ဘာလ (၁၀) ရက်နေ့က မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ...

Read more

တရားမဝင်ကုန်စည်များအား ၄ ဆခန့် ထိထိရောက်ရောက်တိုးမြှင့်ဖမ်းဆီးသွားရန် ဒုချုပ်ညွန်ကြား

မော်လမြိုင်၊ ၂၀၂၄ ဒီဇင်ဘာ(၁၂) နိုင်ငံခြားမှတင်သွင်းလာသည့် တရားမဝင်ကုန်စည်များကို ယခုထက် ၄ ဆခန့်ပိုမို၍ ထိထိရောက်ရောက် တိုးမြှင့်ဖမ်းဆီးသွားရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ညွှန်ကြားလိုက်သည်။ နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ဒီဇင်ဘာ ၁၀ ရက်နေ့က ...

Read more

ကျိုက်ထို နှင့် သထုံခရိုင်အတွင်း ဒေသန္တရအမိန့် ဖောက်ဖျက်သူများအား စီမံချက်ဖြင့် ဖမ်းဆီးနေ

မွန်ပြည်နယ် ကျိုက်ထို နှင့် သထုံခရိုင်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ (၆) ရက်နေ့မှစတင်ကာ ဒေသန္တရအမိန့်ဖောက်ဖျက်သူများအား စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။ ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ် နှင့် သထုံခရိုင် သထုံမြို့နယ် ...

Read more
Page 1 of 7 1 2 7

Stay Connected

  • Trending
  • Comments
  • Latest

Recent News