စစ်တပ်နိုင်ငံရေးမှ ထွက်ရန် စိန်ခေါ်မှုများ
March 27, 2025
နိုင်ငံရေးအကွေ့အလှည့်ဖြစ်တိုင်း မွန်အမျိုးသားအင်အားစုများအကြား အမြင်မတူညီမှုများဖြစ်နေလင့်ကစား အမျိုးသားအကျိုးစီးပွားအလို့ငှာ "တူတာတွေကိုပေါင်းလုပ် မတူသေးတာကိုဆက်လက်ညှိနှိုင်းအဖြေရှာ"နိုင်ရန် အများညီသဘောတူချက်များချမှတ်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီမှ ကမကထပြုပြီး လာမည့်ဧပြီလဆန်းပိုင်းတွင် မွန်အမျိုးသား ကွန်ဖရင့်ကို ကျင်းပမည်ဟုသိရသည်။ ကွန်ဖရင့်၏ ရည်ရွယ်ချက်များမှာ- အမျိုးသားညီညွတ်ရေးတည်ဆောက်ရန်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံမူများကို လေ့လာသုံးသပ်ရန်။ ...
Read moreမွန်လူမျိုးများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အခွင့်အရေးကို မွန်လူမျိုးများတိုက်ပွဲဝင်မှသာ ရရှိနိုင်မည်ဖြစ်ပြီး၊ ထိုသို့ တိုက်ပွဲဝင်ရာတွင် မွန်တစ်မျိုးသားလုံး ပူးပေါင်းပါဝင်နိုင်မှသာ အောင်ပွဲကို အမြန်ဆွတ်ခူးနိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ယမန်နေ့ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့က ကျရောက်ခဲ့သည့် (၇၈) ကြိမ်မြောက် မွန်အမျိုးသားနေ့က ...
Read moreယခုရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသစစ်ရေးတင်းမာနေမှုကို မွန်ပြည်သစ်ပါတီ NMSP နှင့် ဒီမိုကရက်တစ် ကရင့်အကျိုးပြုတပ်မတော် DKBA နှစ်ဖက်ခေါင်းဆောင်တို့ ယနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် နှစ်ဖက်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဘုရားသုံးဆူစစ်ရေး စောင့်ကြည့်လေ့လာသူတစ်ဦးက “သူတို့ဘာတွေသဘောတူကြသလဲတော့ မသိဘူး၊ အဆင်ပြေသွားပြီလို့ ...
Read moreထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ဧရိယာအစပ်သို့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ကျူးကျော်ဝင်ရောက်လာသောကြောင့် နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။ မွန်ပြည်သစ်ပါတီ၏ တရားဝင်တပ်တည်ခွင့်ရနယ်မြေ ဂျပန်ရေတွင်းရွာ လမ်းကြောင်းပေါ်တွင် DKBA ဂိတ်တစ်ခုဖွင့်လှစ်သွားရန် ယမန်နေ့က ...
Read moreဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် မွန်ပြည်သစ်ပါတီ NMSP နှင့် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်များ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ယနေ့နံနက်တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
Read moreတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ရာ မွန်ပြည်သစ်ပါတီ NMSP မှ ကိုယ်စားလှယ်အဆင့်လျှော့ချပြီး တက်ရောက်လာခဲ့ကြောင်း တွေ့ရှိရသည်။
Read moreမွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌဟောင်း နိုင်တင်အောင်ကွယ်လွန်ခြင်း (၃) နှစ်ပြည့်ဂါရဝပြုအခမ်းအနားကို သံဖြူဇရပ်မြို့နယ် ပငကျေးရွာရှိ ၄င်း၏အုတ်ဂူထားရှိရာ ကြက်တိန်ညင်စေတီကုန်း၌ အောက်တိုဘာ (၁၀) ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
Read moreမွန်လူငယ်များအနေဖြင့် လက်ရှိရှုပ်ထွေးနေသည့် နိုင်ငံရေးအခြေအနေမှာ လိမ္မာပါးနပ်စွာ ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်ကြောင်း မော်လမြိုင်မြို့တွင်ကျင်းပသော တတိယအကြိမ် မွန်လူငယ်ဖိုရမ် MYF ညီလာခံတွင် မွန်ညီညွတ်ရေးပါတီ MUP ဒုဥက္ကဌ(၂) နိုင်ချမ်းတွဲ့က မိန့်ခွန်းပြောကြားသည်။ နိုင်ချမ်းတွဲ့က“လက်ရှိရှုပ်ထွေးနေတဲ့ နိုင်ငံရေးအခြေအနေမှာ အခြေအနေအချိန်အခါကိုကြည့်ပြီး ကိုယ့်ရဲ့လမ်းကြောင်းအတိုင်း ...
Read moreရေးမြို့နယ် အာယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့အား ယမန်နေ့ညပိုင်းက မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) မှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
Read moreမုဒုံမြို့နယ် ကမာဝက်မြို့အစွန် ဂုံညင်းတန်းရပ်ကွက်ရှိ လက်တောတဲတစ်ခု၌ ယမန်နေ့နံနက်စောစောပိုင်းက ဒေသခံပြည်သူတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရဆိုသည့်ကိစ္စတွင် မိမိတို့အဖွဲ့အစည်းနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP (AD) ငြင်းဆိုလိုက်သည်။
Read more© 2023 KaoWao
© 2023 KaoWao