ကမ်းနီကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နိုင်ထွန်းလင်းအား မွန်လက်နက်ကိုင်အဖွဲ့က သတ်ဖြတ်ခဲ့
ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နိုင်ထွန်းလင်း (အသက်-၄၀ နှစ်ကျော်- ဖခင် နိုင်ကြာဝီ) ကို မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သတ်ဖြတ်ခဲ့ပြီး ပစ်ထားခဲ့သောအလောင်းကို ကမ်းနီး-တံတားဦးရွာအကြား တံတားငယ်တခု၌ ယနေ့နံနက်စောစာတွင် ရွာသားများက တွေ့ရှိခဲ့သည်။
Read more