Latest News

ကော့စနိုင်လူမှုကူညီရေးအသင်းဝင်တစ်ဦး PDF ထောက်ပံ့မှုဆိုကာ ထောင်ဒဏ် (၁၀) နှစ်ချ

ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်ရှိ ကော့စနိုင် လူမှုကူညီရေးအသင်းဝင် ဦးမြအောင်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ပံ့မှုဆိုကာ နိုဝင်ဘာလ (၂၇) ရက်နေ့က ကျိုက်ထိုမြို့နယ်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက...

တန်းတူညီမျှမှုဟု ဆိုရာဝယ်

လူ့ဘောင်လောက၌ လူသားတို့၏ လိင်ဖြစ်တည်မှုကို ရုပ်ပိုင်းဆိုင်ရာ အဖြစ်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ အဖြစ်သော်လည်းကောင်း ခွဲခြားသတ်မှတ်လာကြသည်။ ထိုသတ်မှတ်မှု နှစ်ခုစလုံးကို လက်ခံကျင့်သုံးကြသလို လက်မခံ နိုင်သည့် လူ့အသိုင်းအဝိုင်းများလည်း ရှိနေဆဲ ဖြစ်သည်။ ဖြစ်တည်မှု ခံယူချက်ကို လွတ်လပ်ခွင့် ပေးထားသည်ဟု...

NMSP နှင့် DKBA ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဖက်တပ်ဖွဲ့များပြန်လည်ဆုတ်ခွာသွား

ယခုရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသစစ်ရေးတင်းမာနေမှုကို မွန်ပြည်သစ်ပါတီ NMSP နှင့် ဒီမိုကရက်တစ် ကရင့်အကျိုးပြုတပ်မတော် DKBA နှစ်ဖက်ခေါင်းဆောင်တို့ ယနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် နှစ်ဖက်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဘုရားသုံးဆူစစ်ရေး စောင့်ကြည့်လေ့လာသူတစ်ဦးက “သူတို့ဘာတွေသဘောတူကြသလဲတော့ မသိဘူး၊ အဆင်ပြေသွားပြီလို့...

မြန်မာနိုင်ငံသားများပါဝင်သော အကြီးမားဆုံးကျားဖြန့်ဂိုဏ်းမှ သံသယတရားခံ ၁၅ ဦး ချင်းမိုင်မှာ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း အကြီးမားဆုံး ကျားဖြန့်ဂိုဏ်တစ်ခုအား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသားများအပါအဝင် သံသယတရားခံ (၁၅) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖေါ်ပြထားချက်အရ သိရဿည်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းရှိ ဆိုင်ဆိုင်း၊ ဆန်ကမ်းဖန်း အစရှိသည့် မြို့များရှိ...

လုံခြုံရေးအကြောင်းပြ၍ စစ်ဆေးရေးဂိတ်များက ခရီးသည်တင်ယာဉ်များ၏ ပါဆယ်ပစ္စည်းများကို ယူဆောင်နေ

ရန်ကုန် - ရေးမြို့အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသော ခရီးသည်တင်မှန်လုံယာဉ်ရှိ ကုန်တင်ခန်းတွင် တင်ဆောင်လာသောပစ္စည်းများအား လုံခြုံရေးဂိတ်တွင် ‌စစ်ဆေးစဉ် ပစ္စည်းများ နေ့စဉ်နီးပါး ယူဆောင်ခံနေရလျက်ရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အပါအဝင် လုံခြုံရေးအရ ကုန်များအား စစ်ဆေးရသည့်နေရာများတွင်...

စစ်ရေးပဋိပက္ခနှင့် သဘာဝဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာသူ ၃ သန်းကျော်ရှိ

စစ်ရေးပဋိပက္ခနှင့် သဘာဝဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာသူ ၃ သန်းကျော်ရှိ မော်လမြိုင်၊ ၂၀၂၄၊ နိုဝင်ဘာ(၂၈) မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခနှင့် စစ်မှုထမ်းဥပဒေအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၃.၄ သန်းရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA)က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။...

NMSP ထိန်းချုပ်နယ်မြေသို့ DKBA ကျူးကျော်ဝင်ရောက်လာခြင်းမဟုတ် MLA ဆက်ဆံရေးရုံးဖွင့်လှစ်ရန်အတွက် ဆို

ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ဧရိယာအစပ်သို့ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်  (DKBA)  တပ်ဖွဲ့အနေဖြင့် ဂိတ်နေရာဖွင့်လှစ်ရန် ကျူးကျော်ဝင်ရောက်လာခြင်းမဟုတ်ဘဲ မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရန်အတွက် လုံခြုံရေးပေးထားခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဘုရားသုံးဆူမြို့အထွက် ဂျပန်ရေတွင်းသွားသည့်ကားလမ်းအနီးရှိ ဓမ္မဝိဟာရကျောင်းတိုက်အနီးတွင် MLA...

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအစပ်သို့ DKBA ကျူးကျော်ဝင်ရောက်လာသောကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေ

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ဧရိယာအစပ်သို့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်  (DKBA)  ကျူးကျော်ဝင်ရောက်လာသောကြောင့် နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။ မွန်ပြည်သစ်ပါတီ၏ တရားဝင်တပ်တည်ခွင့်ရနယ်မြေ ဂျပန်ရေတွင်းရွာ လမ်းကြောင်းပေါ်တွင် DKBA ဂိတ်တစ်ခုဖွင့်လှစ်သွားရန် ယမန်နေ့က...

သံဖြူဇရပ်အ‌ဝေးပြေးယာဉ်ရပ်နားစခန်းက ညအိပ်ရပ်နားခွင့်မပေးသဖြင့် ခရီးသွားများ အခက်အခဲဖြစ်

သံဖြူဇရပ်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် အဝေးပြေးကားများဖြင့် ခရီးတစ်ထောက်အနားယူသည့် ခရီးသည်များအား ညအိပ်ရပ်နားခွင့် မပေးသဖြင့် ခရီးသွားပြည်သူများ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အထူးသဖြင့် ရန်ုကုန်မှ ရေးနှင့် တနင်္သာရီတိုင်းသို့ ခရီးဆက်မည့် အဝေးပြေးကားများအနေဖြင့် မာရှယ်လောထုတ်ထားသည့် ရေးမြို့နယ်သို့ ညနေ ၆...

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကိုးမိုင်တံတားပေါ်မှ မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြု

ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီး ထားဝယ် - ရေး ကားလမ်းမပေါ်ရှိ ချဉ်းကပ်လမ်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကိုးမိုင်တံတားပေါ်မှ ယနေ့ နံနက်ပိုင်းအချိန်ခန့်မှ စတင်ကာ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်မှန်လုံယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂)...

Page 6 of 98 1 5 6 7 98

Recommended

Most Popular