ဘုရားသုံးဆူမြို့ ဥဒေါင်းကန် (၈) လမ်းရှိ အောင်ခိုင်ဦး (ခ) ကတုံးဆိုသူ၏ နေအိမ်တွင်းမှပေါက်ကွဲမှုဖြစ်ပွား၍ ပစ်ခတ်သံများကြားရ
ဘုရားသုံးဆူမြို့ ဥဒေါင်းကန် (၈) လမ်းရှိ အောင်ခိုင်ဦး (ခ) ကတုံးဆိုသူ၏ နေအိမ်တွင်းမှပေါက်ကွဲမှုဖြစ်ပွား၍ ပစ်ခတ်သံများကြားရ
ဘုရားသုံးဆူမြို့ ဥဒေါင်းကန် (၈) လမ်းရှိ အောင်ခိုင်ဦး (ခ) ကတုံးဆိုသူ၏ နေအိမ်တွင်းမှပေါက်ကွဲမှုဖြစ်ပွား၍ ပစ်ခတ်သံများကြားရ
ရေးမြောက်ပိုင်း ကုလားဂုတ်ကျွန်းပေါ်ရှိ စက်လှေများအားလုံး ပင်လယ်ထဲညမထွက်ရဟု စစ်ကောင်စီရေတပ်မှ မေလ (၅) ရက်နေ့က အမိန့်ထုတ်ပြန်၍ သွားလာမှုများကန့်သတ်ထားကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နိုင်ထွန်းလင်း (အသက်-၄၀ နှစ်ကျော်- ဖခင် နိုင်ကြာဝီ) ကို မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သတ်ဖြတ်ခဲ့ပြီး ပစ်ထားခဲ့သောအလောင်းကို ကမ်းနီး-တံတားဦးရွာအကြား တံတားငယ်တခု၌ ယနေ့နံနက်စောစာတွင် ရွာသားများက တွေ့ရှိခဲ့သည်။
ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘာသာရေးခေါင်းဆောင်များနှင့် လူထုတွေ့ဆုံပွဲကို ပြီးခဲ့သည့် မေလ (၇) ရက်နေ့က လှိုင်းဘွဲ့မြို့နယ်၊ မဲဆမိတ်ကျေးရွာတွင် ပြုလုပ်ခဲ့ရာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ကရင်ဘာသာရေးခေါင်းဆောင်များနှင့် KNU တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ဒေသခံလူထုများ၊...
မွန်ပြည်သစ်ပါတီ၏ အဓိကသော့ချက်နေရာများကို ကြိုတင်လက်ဦးမှုယူထားရန် စစ်ကောင်စီ၏လော်ဘီဟုယူဆရသော ပေတိုးမီဒီယာက နှပ်ကြောင်းပေး၍ ရေးသားလာခဲ့သည်ကို ယနေ့စောစောပိုင်းက အွန်လိုင်းပေါ်တွင် တွေ့ရှိရသည်။ “မွန်မှာ ညီစား ကျောင်းဆိုတာ ရှိတယ်၊ အဲ့ဒီကျောင်းနဲ့ နယ်မြေကို ထိမှာမွန်တွေ အကြောက်ဆုံး၊ ဒါကြောင့် လူကြီးပိုင်းတွေက...
သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာရှိ ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းအချိန်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံရကြောင်း သိရသည်။
ယမန်နေ့ မေလ (၇) ရက် ညနေ (၄) နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့ မုပွန်ရပ်ကွက်၊ အိုးရုံလမ်းရှိ နေအိမ်ရှေ့တွင် အပူရှိန်ပြင်းထန်မှုကြောင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး သတိလစ်လဲကျကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်အပိုင်းတွင် ယမန်နေ့ မေလ (၇) ရက်နေ့ နံနက်ပိုင်းအချိန်က သားအမိနှစ်ဦး မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မျောမှုဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့နံနက်ပိုင်းက မိုးသက်လေပြင်းကျရောက်ပြီး နေအိမ်အမိုးများပျက်စီးခြင်း၊ သစ်ပင်များပြိုလဲခြင်းများဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်စု ကူးတို့ဆိပ်၌ မေလ (၃) ရက်နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်ကောင်စီကား (၃) စီးအတွက် လျော်ကြေးငွေကျပ်သိန်း (၃၀၀) ကျေးရွာအုပ်ချုပ်ရေးမှူးထံ တောင်းခံထားကြောင်း ရွာသားများထံမှ သိရသည်။ "ရွာဥက္ကဌ ဦးမောင်က မီးရှို့ခံလိုက်ရတဲ့ ကား...
ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း - ဖာပွန် ကားလမ်းပေါ်ရှိ ပေ (၈၀) တံတားတစ်စင်းမှာ ယနေ့နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
© 2023 KaoWao
© 2023 KaoWao