Latest News

ယခုနှစ် ပြီးခဲ့သည့် (၄) လတာ ကာလအတွင်း မွန်ပြည်နယ်၌ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် (၃၃) ဦးထက်မနည်း သေဆုံး

ယခုနှစ် ပြီးခဲ့သည့် (၄) လတာ ကာလအတွင်း မွန်ပြည်နယ်၌ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် (၃၃) ဦးထက်မနည်း သေဆုံး

ယခုနှစ် ၂၀၂၄ ဇန်နဝါရီမှ ပြီးခဲ့သည့် (၄) လတာ ကာလအတွင်း မွန်ပြည်နယ်၌ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် (၃၃) ဦးထက်မနည်း သေဆုံးခဲ့ကာ (၆) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။

တိုင်းရင်းသားအဖွဲ့တချို့နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin တွေ့ဆုံခဲ့ရာတွင် NMSP (AD) ပါဝင်သည်ဟု သိရ

တိုင်းရင်းသားအဖွဲ့တချို့နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin တွေ့ဆုံခဲ့ရာတွင် NMSP (AD) ပါဝင်သည်ဟု သိရ

ပြီးခဲ့သည့်ဧပြီလအတွင်းက တိုင်းရင်းသားအဖွဲ့တချို့နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ ချင်းမိုင်မြို့၌ အလွတ်သဘောတွေ့ဆုံခဲ့ရာတွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့လည်း ပါဝင်ခဲ့သည်ဟု ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်ထံမှ သိရသည်။

ရေးမြို့နယ် ကုလားကုတ်ကျွန်းရှိ စစ်ကောင်စီအမြှောက်တပ်စခန်း တိုက်ခိုက်ခံရ

ရေးမြို့နယ် ကုလားကုတ်ကျွန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် (၉) ဦးထက်မနည်းသေဆုံးခဲ့ပြီး အရာဗိုလ် (၁) ဦးအပါအဝင် (၂) ဦးအား အရှင်ဖမ်းဆီးရမိခဲ့

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းရှိ ကုလားကုတ်ကျွန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး အရာဗိုလ် (၁) ဦးအပါအဝင် (၂) ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကူလာပေးသော စစ်ကောင်စီတပ်ဖွဲ့စီးနင်းလိုက်ပါလာသည့်ကား(၃) စီး ကော့ဒွတ်ကူးတို့ဆိပ်တွင်ရပ်နားထားစဥ် မီးရှို့ဖျက်ဆီးခံလိုက်ရ

စစ်ကူလာပေးသော စစ်ကောင်စီတပ်ဖွဲ့စီးနင်းလိုက်ပါလာသည့်ကား(၃) စီး ကော့ဒွတ်ကူးတို့ဆိပ်တွင်ရပ်နားထားစဥ် မီးရှို့ဖျက်ဆီးခံလိုက်ရ

ယမန်နေ့နံနက်ပိုင်းက ရေးမြို့နယ် ကုလားကုတ်ကျွန်း တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကူလာပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော အိမ်စီးကား (၃) စီးကို ကော့ဒွတ်ကူးတို့ဆိပ်၌ ရပ်နားထားရှိစဥ် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများမှ သတင်းရရှိသည်။

မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့စည်းပြီးနောက်ပိုင်းတိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း

မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့စည်းပြီးနောက်ပိုင်းတိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း

ထိုစဥ်က ၁။ နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန် (ကျိုက်ခမီ-သံဖြူဇရပ်နယ်မြေ)၊ ၂။ နိုင်ငွေသိမ်း၊ နိုင်သိမ်းမောင် (ကော့ကရိတ်၊ ကျိုက်မရော နယ်မြေ) ၃။ နိုင်ထွန်းမောင် (ရေးမြို့နယ်) ၄။ ဗိုလ်ရာဇ (ကမာဝက်) ၅။ နိုင်စိန်ကျော့၊ ဗိုလ်ရွှေရိုင်...

ရေးမြို့နယ် ကုလားကုတ်ကျွန်းရှိ စစ်ကောင်စီအမြှောက်တပ်စခန်း တိုက်ခိုက်ခံရ

ရေးမြို့နယ် ကုလားကုတ်ကျွန်းရှိ စစ်ကောင်စီအမြှောက်တပ်စခန်း တိုက်ခိုက်ခံရ

ယမန်နေ့ မေလ (၂) ရက် ည (၉) နာရီအချိန်ခန့်က စတင်ဖြစ်ပွားခဲ့ပြီး ယနေ့နံနက်အစောပိုင်းအချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်မှ ရေတပ်နှင့် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ပြင်သို့ သွားရောက်ခဲ့သည့် မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ပြင်သို့ သွားရောက်ခဲ့သည့် မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

စစ်ကောင်စီလက်အောက်ခံ ရေတပ်၏ စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်ဆီးခဲ့ရသော ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ မီးလောင်ပြင်သို့ သွားရောက်ခဲ့သည့် မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရကြောင် ကျိုက်မရောမြို့နယ် ထွေ/အုပ် ဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်တပ်နှင့်ရဲသတင်းပေးဖြစ်သောကြောင့် ဦးစင်းအောင်(ခ) ဦးဝင်းအောင်အား ကျိုက်ထို တော်လှန်ရေးအင်အားစု KRF သတ်ဖြတ်ဟုဆို

စစ်တပ်နှင့်ရဲသတင်းပေးဖြစ်သောကြောင့် ဦးစင်းအောင်(ခ) ဦးဝင်းအောင်အား ကျိုက်ထို တော်လှန်ရေးအင်အားစု KRF သတ်ဖြတ်ဟုဆို

ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင် (ခ) ဦးဝင်းအောင်သည် စစ်မှုထမ်းဟောင်းဗိုလ်ကြီးတစ်ဦးဖြစ်ပြီး လက်နက်ကိုင်ဆောင်၍ စစ်တပ်နှင့်ရဲကို သတင်းပေးကာ PDF တို့၏လုပ်ငန်းကို နှောင့်ယှက်သောကြောင့် ဧပြီ ၂၉ ရက်နေ့က ကျိုက်ထို တော်လှန်ရေးအင်အားစု...

PDF သို့ဝင်ရောက်မည်ဟုစွပ်စွဲပြီး မော်လမြိုင်မြို့တွင် လူငယ် (၄) ဦးအား ဖမ်းဆီးထား

PDF သို့ဝင်ရောက်မည်ဟုစွပ်စွဲပြီး မော်လမြိုင်မြို့တွင် လူငယ် (၄) ဦးအား ဖမ်းဆီးထား

“သူတို့ (၄) ဦးကို ပြီးခဲ့တဲ့ ဧပြီလ (၁၉) ရက်နေ့ကတည်းက လှိုင်ရပ်ကွက် မှာရှိတဲ့ ဇင်ယော်ဧည့်ရိပ်သာ အခန်းအမှတ် (၁၀၇) မှာ တည်းခိုနေထိုင်စဉ်ကတည်းက ဖမ်းဆီးခံထားရတာလို့ သိရတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

စစ်မှုထမ်းမဝင်လိုပါက ကျပ်သိန်း ၃၀ အထိ ငွေညှစ်နေမှုရှိ

စစ်မှုထမ်းမဝင်လိုပါက ကျပ်သိန်း ၃၀ အထိ ငွေညှစ်နေမှုရှိ

ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ခံထားရသော ရေးမြို့နယ်တွင် လူငယ်များအား စစ်မှုထမ်းခေါ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများက ငြင်းပယ်ထားကြသော်လည်း ရွာငယ်အချို့တွင် စစ်မှုထမ်းမဝင်လိုပါက ကျပ်သိန်း ၃၀ ထိ ပေးဆောင်ရန် ငွေညှစ်နေမှုများရှိကြောင်း ကာယကံရှင်များနှင့် တွေ့ဆုံမေးမြန်းချက်အရ သိရသည်။

Page 35 of 71 1 34 35 36 71

Recommended

Most Popular