Latest News

မြန်မာနိုင်ငံတောင်ပိုင်းမှာ လူဦးရေငါးသိန်းနီးပါး စစ်ရေးဒဏ်ခံနေရ

မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် မြို့နယ် ၉ ခုမှာ လူဦးရေငါးသိန်းနီးပါး စစ်ရေးပဋိပက္ခဒဏ် ခံစားနေရကြောင်း မွန်ပြည်လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ (MSHN) က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ မွန်ပြည်လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ (MSHN) မှ နိုဝင်ဘာ ၁၈...

သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းနေကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ (၁၉) ရက် ည (၁၀) နာရီအချိန်ခန့်က ဝါးဒက်ကွင်းကျေးရွာနေ အသက် (၄၀) နှစ်အရွယ်ခန့်ရှိ ဦးချစ်ကို...

မွန်တွင် နေကြာမစိုက်သည့် မြို့နယ်ဦးစီးမှူးများကို နိုင်ငံတော်ပုန်ကန်မှုဖြင့် အရေးယူသွားမည်ဟု ဆို

မွန်ပြည်နယ်တွင် နေကြာမစိုက်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများကို နိုင်ငံတော်ပုန်ကန်မှုဖြင့် အရေးယူသွားမည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်အတွင်းက မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သော စီမံကိန်းသီးနှံစိုက်ပျိုးရေးအတွက် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဌာနနှင့် နီးစပ်သူများထံမှသိရှိရသည်။...

အာဖရိကခါးပတ်လမ်းက တရုတ်လုံခြုံရေးကုမ္ပဏီတို့၏ အရှုပ်ထုပ်များ

အာဖရိကနိုင်ငံများရှိ One Belt One Road ခါးပတ်လမ်းတွင် တရုတ်လုံခြုံရေးကုမ္ပဏီများ၏ ဖြန့်ကျက်ချထား မှုသည် ဥပဒေအရ ခိုင်မာသောစည်းမျဉ်းဘောင် ကန့်သတ်ချက်များမပါရှိဘဲ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ ၎င်းဆောင်ရွက်များသည် အာဖရိကနိုင်ငံသားများအတွက် မြင့်မားသောအန္တရာယ်တို့ကို ဆက်လက်ဖြစ်ပေါ်စေပြီး အာဖရိကလုံခြုံရေးတာဝန်အတွက် မေးခွန်းများစွာ ဖြစ်ပေါ်စေခဲ့သည်။...

ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာရှိ နေအိမ် (၆) လုံးအား စစ်ကောင်စီမှ ချိပ်ပိတ်သိမ်းဆည်း

ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာရှိ နေအိမ် (၆) လုံးအား စစ်ကောင်စီမှ ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ဥတ္တံတား (အတွင်း) ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၂၀) ကျော်အပြင် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများမှ...

မုဒုံမြိုနယ် လက်တက်ကျေးရွာ၊ ခပ်ရခပ်ယူဘုရားကြီးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ လူငယ် (၃) ဦးသေဆုံး

မုဒုံမြိုနယ် လက်တက်ကျေးရွာ၊ ခပ်ရခပ်ယူဘုရားကြီးအနီးတွင် ယမန်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ လူငယ် (၃) ဦးသေဆုံးခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ယမန်နေ့ နိုဝင်ဘာလ (၁၅) ရက်နေ့ မွန်းလွဲ (၁) နာရီဝန်းကျင်အချိန်ခန့်က မုဒုံမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်နေသည့်...

မော်လမြိုင်-ရေး ကားလမ်းပိုင်းတွင် ခရီးသွားများထံက ငွေကြေးကောက်ခံမှု အဆိုးရွားဆုံးဖြစ်နေ

မော်လမြိုင် - ရေး ကားလမ်းပိုင်းတွင် စစ်ကောင်စီဂိတ်ပေါင်း ၁၀ ဂိတ်ကျော်ရှိနေပြီး ခရီးသည်များထံ‌မှာ ငွေကြေးများကောက်ခံလျက်ရှိရာ တစ်နိုင်ငံလုံးတွင် အဆိုးရွားဆုံးဖြစ်နေကြောင်း သိရသည်။ အရှည် ၉၈ မိုင်ခန့်ရှိသော မော်လမြိုင်-ရေးကားလမ်းတွင် မွန်ပြည်နယ်မှတ်ပုံတင် ၁၀/ ကိုင်ဆောင်သူမဟုတ်သည့် ခရီးသွားများအနေဖြင့်...

ကျုံလောင်းရွာဟောင်းစာသင်ကျောင်းအတွင်း စကခ (၁၉) မှ လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ကလေးများကျောင်းဆက်မတက်ဖြစ်

ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းသို့ ရေးမြို့ရှိ စစ်ကောင်စီ စကခ(၁၉)မှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သောကြောင့် အခြေခံပညာအလယ်တန်း ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ကလေးများကျောင်းဆက်မတက်ဖြစ်တော့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်စောစောက စစ်တပ်မှလက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ...

ဘုရားသုံးဆူမြို့အတွင်း လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်းမပြုရန် DKBA အမိန့်ထုတ်

ကရင်လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသော ဘုရားသုံးဆူမြို့အတွင်း တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်းအပါအဝင် အချက် ၁၂ အား ခွင့်မပြုကြောင်း DKBA အမှတ်(၂)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) အုပ်ချုပ်ရေးဌာနလက်အောက်၌...

မွန်မှာ သန်းခေါင်စာရင်းကောက်ရန် ဆရာ/ဆရာမတွေကို ဖိအားပေးစေခိုင်းခဲ့သည်ဟု NRFF ဆို

မွန်ပြည်နယ်မှာ လူဦးရေးနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများကို ဖိအားပေး တက်ရောက်ခိုင်းခဲ့ပြီး မပူးပေါင်းသူများကို အရေးယူမည်ဟုဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ဖော်ပြခဲ့သည်။ "ကျည်ဆံများကြားက ၂၀၂၄ သန်းခေါင်စာရင်း -...

Page 10 of 99 1 9 10 11 99

Recommended

Most Popular