စစ်မှုထမ်းဥပဒေစာရင်းကောက်ယူစဉ် ဓာတ်ဆီလောင်းမီးရှို့ခံရသည့် ရန်ကုန်မှ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး သေဆုံး
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်း စာရင်းကောက်ယူနေစဉ် ဓာတ်ဆီလောင်းမီးရှို့ခံခဲ့ရသည့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူရင်း သေဆုံးသွားကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ သေဆုံးသူများမှာ ကြည်စုရပ်ကွက်မှ ရာအိမ်မှူးအမျိုးသား ကိုနှုတ်ခမ်းမွေး...