ကျနော်သိခဲ့သော မင်းဆာန်မန်
ကောင်းနွန် (ဝတ္ထုတို) ကျနော်တို့ငယ်ငယ်တုန်းက ရွာဘုန်းကြီးကျောင်းမှာ နွေရာသီမွန်စာသွားသင်တုန်းကဆို ဆရာတွေ မကြာ မကြာ ပြောလေ့ရှိတဲ့ စကားတခုရှိပါတယ် ။ အဲဒါက "ငါတို့ငယ်ငယ်က မွန်စာကိုခိုးသင်ခဲ့ရတယ်” ဆိုတဲ့စကားပါ။ ကျနော်တို့လက်ထက်ရောက်တော့ မွန်စာကိုလည်း လွတ်လွတ်လပ်လပ်သင်ခွင့်ရနေပြီဖြစ်သလို...