သတင်း

A wonderful serenity has taken possession of my entire soul, like these sweet mornings of spring which I enjoy with my whole heart.

မွန်တို့စဥ်းစားချိန်တန်ပြီ

မွန်အမျိုးသားကိုယ်စားပြုနိုင်ငံရေးပါတီဖြစ်သော မွန်ညီညွတ်ရေးပါတီ MUP တည်ထောင်ခွင့်ပြုရန် UEC အနေဖြင့် မည်သည့်ကိစ္စကိုမှအကြောင်းမပြဘဲ အချိန်ဆွဲခဲ့လာသည်မှာ ယနေ့အထိဖြစ်ပါသည်။

Read more

မဲဆောက်မြို့နယ်တွင် ဆေးစွဲနေသည့် မြန်မာလူငယ်တစ်ဦးက ဆေးဖိုးငွေတောင်းမရသည့်အတွက် မိခင်အရင်းဖြစ်သူအား ဓါးနှင့်ထိုးသတ်ပြီး အလောင်းအားမီးရှို့ခဲ့

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဟွေ့မွမ့် ကျေးရွာ တွင် ဆေးစွဲနေသည့် မြန်မာလူငယ်တစ်ဦးက ဆေးဖိုးငွေတောင်းမရသည့်အတွက် မိခင်အရင်းဖြစ်သူအား ဓါးနှင့်ထိုးသတ်ပြီး အလောင်းအား မီးရှို့ခဲ့ကြောင်း ထိုင်းဘက်မှ လာသည့် သတင်းများအရ သိရသည်။ ပြီးခဲ့သည့် မေလ (၁၃) ရက်နေ့...

Read more

ကျုံအိတ်တံတားပေါ်တွင် ဘီးလင်းမှ သထုံဘက်သို့ မော်တော်ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြု

ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားပေါ်မှ ယနေ့ မေလ (၁၅) ရက်နေ့ နံနက်ပိုင်းအချိန်က ဘီးလင်းဘက်မှ သထုံမြို့နယ်ဘက်သို့ မော်တော်ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြုထားကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

Read more

ရေးမြို့နယ် စုံနံ့သာကျေးရွာအနီး ရေး – သံဖြူဇရပ်ကားလမ်းပိုင်းတွင် ရေးဘီလူးအဖွဲ့မှ နယ်မြေစိုးမိုးမှုရယူကာ မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်သူအား ဖမ်းဆီးသွားခဲ့

ရေးမြို့နယ် စုံနံ့သာကျေးရွာအနီး ရေး - သံဖြူဇရပ်ကားလမ်းပိုင်းတွင် ယနေ့ မေလ (၁၄) ရက်နေ့ နံနက်ပိုင်းအချိန်က ရေးဘီလူးအဖွဲ့မှ နယ်မြေစိုးမိုးမှုရယူကာ မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်သူအား ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

Read more

စက်သုံးဆီတင်ယာဉ်များ မော်လမြိုင်မြို့သို့ဝင်ရောက်ခြင်းမရှိတော့သည့်အတွက် စက်သုံးဆီဆိုင်တချို့အရောင်းပိတ်ထား

ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် စက်သုံးဆီတင်ယာဉ်များ မော်လမြိုင်မြို့သို့ဝင်ရောက်ခြင်းမရှိတော့သည့်အတွက် စက်သုံးဆီဆိုင်တချို့အရောင်းပိတ်ထားကြောင်း သိရသည်။

Read more

မုဒုံမြို့တွင် အပူချိန် (၃၉.၈) ဒီဂရီဆဲစီးယပ် စံချိန်သစ်ထပ်တင်

မွန်ပြည်နယ် မုဒုံမြို့၏ နေ့အပူချိန်မှာ မေလ (၁၂) ရက်က အမြင့်ဆုံးစံချိန်သစ်ထပ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။ မုဒုံမြို့၏ ယခင်နေ့အပူချိန်စံချိန်ဟောင်းမှာ (၂၀၁၄) ခုနှစ် မေလ (၆) ရက်နေ့က ဖြစ်ပေါ်ခဲ့ကြောင်း နှင့်...

Read more

ဘီးလင်းမြို့နယ်က စက်သုံးဆီဆိုင်ပိုင်ရှင် ဦးနိုင်နှင့် ကိုမွန်ကြီးတို့နှစ်ဦး သေနတ်နှင့်ပစ်သတ်ခံရ

ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သည့် ဦးနိုင်နှင့် ကိုမွန်ကြီးတို့နှစ်ဦး မှာ ယနေ့ မေလ (၁၄) ရက်နေ့ မွန်းလွဲပိုင်းအချိန်က သေနတ်နှင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

Read more

အရေးကြီးကိစ္စမရှိလျှင် ကျုံအိတ်တံတားလမ်းလွှဲမှ ခရီးသွားခြင်းမပြုလုပ်ကြရန် ခရီးသည်အချို့အကြံပြု

ကျုံအိတ်တံတားလမ်းလွှဲဖြစ်သော ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာဘက်မှ သထုံမြို့နယ် မိုးကောင်းကျေးရွာအထိ မော်တော်ကားများ အနည်းဆုံး အချိန် (၃) နာရီမှ (၆) နာရီအထိ ကြာမြင့်တတ်ပြီး ရေနှင့် အစားအစာများ ယူဆောင်လာကြရန်နှင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်ရသောကြောင့် အရေးကြီးကိစ္စမရှိပါက ခရီးသွားခြင်းမပြုလုပ်ကြရန်...

Read more

ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် မော်လမြိုင် – ရန်ကုန် အစုန်၊ အဆန်ရထားခရီးစဉ် တိုးချဲ့ပြေးဆွဲ

ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ရန်ကုန် - မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို မေလ (၁၃) ရက်နေ့ (ယနေ့) မှစတင်ကာ တိုးချဲ့ ပြေးဆွဲနေကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

Read more

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားအား အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နိုင်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ် တိုက်တွန်း

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားအား ယမန်နေ့ (မေ-၁၂) နံနက်ပိုင်းအချိန်က မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ကြရာ အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နိုင်ရန် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက သက်ဆိုင်ရာဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီတို့အား တိုက်တွန်းပြောဆိုလိုက်သည်။

Read more
Page 48 of 84 1 47 48 49 84

Stay Connected

  • Trending
  • Comments
  • Latest

Recent News