သတင်း

A wonderful serenity has taken possession of my entire soul, like these sweet mornings of spring which I enjoy with my whole heart.

မဲဆောက်မြို့နယ် သောင်းရင်းမြစ်ကမ်းဘေးတွင် မွန်ပုဆိုးဖြင့် ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀၀) ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဟာဝမ်းကျေးရွာအနီး သောင်းရင်းမြစ်ကမ်းဘေးတွင် ယမန်နေ့ ဇွန်လ (၁၂) ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်က မွန်ပုဆိုးဖြင့် ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀၀) အား ထိုင်းအာဏာပိုင်များက ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့်သတင်းများအရ...

Read more

မဲဆောက်မြို့နယ် စစ်ဆေးရေးဂိတ်တွင် ဘတ်တစ်သန်းခန့်တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းများအား ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဘတ်တစ်သန်းခန့်တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းများအား ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘက်မှ လာသည့် သတင်းများအရ သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့ ညနေပိုင်းအချိန်က မယ်ပကျေးရွာရှိ ရာ့ချ်မနူအထူးတပ်ဖွဲ့တပ်မှူးပါဝင်သည့် မဲဆောက်လှဲ့ကင်းရဲတပ်ဖွဲ့၊...

Read more

မိုးရွာသွန်းမှုများကြောင့် ဒေါနတောင်ကျော်လမ်းများပျက်စီး၍ မြဝတီမြို့တွင် ဆန်ပြတ်လပ်မှု နှင့် ကြုံတွေ့နေရ

မိုးရွာသွန်းမှုများကြောင့် ဒေါနတောင်ကျော်လမ်းများပျက်စီးကာ မော်တော်ယာဉ်များ သွားလာရခက်ခဲနေသည့်အတွက်ကြောင့် မြဝတီမြို့တွင် ဆန်ပြတ်လပ်မှု နှင့် ကြုံတွေ့နေရကြောင်း မြို့ခံများထံမှ သိရသည်။ မြဝတီမှ ကော့ကရိတ်မြို့ဘက်သို့ ဆက်သွယ်ထားသည့် ဒေါနတောင်ကျော်လမ်းများဖြစ်သော ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်း၊ သစ်ကတေ လမ်းတို့ မှ...

Read more

လူနေထူထပ်သည့် မွန်ကျေးရွာများတွင် စစ်ပွဲဆင်နွှဲခြင်းများကို ရှောင်ရှားပေးရန် မွန်အမျိုးသားအဆင့် ဆောင်ရွက်မည့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ က တောင်းဆို

လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့အနေဖြင့် (၁) အရပ်သားပြည်သူများ ထူထပ်စွာ အခြေချနေထိုင်ရာဒေသ၊ ကျေးရွာများ၊ အရပ်သားပြည်သူများ ပိုင်ဆိုင်သည့်အိမ်များ ၊ ဘာသာရေးအဆောက်အအုံများအား အသုံးပြုကာ စစ်ပွဲဆင်နွှဲခြင်းများကို ရှောင်ရှားပေးရန် အချက် (၅) ချက်ပါဝင်သော ကျေညာချက်ကို ယမန်နေ့ (ဇွန်လ ၁၂...

Read more

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ သုံးသန်းကျော် စံချိန်တင်မြင့်တက်လာခဲ့ပြီး လူဦးရေ၏ (၃) ပုံ (၁) ပုံသည် ကလေးသူငယ်များဖြစ်ကြောင်း (UNOCHA) ထုတ်ပြန်

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာသဖြင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ သုံးသန်းကျော် စံချိန်တင်မြင့်တက်လာခဲ့ပြီး လူဦးရေ၏ (၃) ပုံ (၁) ပုံသည် ကလေးသူငယ်များဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာရုံး (UNOCHA) ထုတ်ပြန်သည်။

Read more

မွန်ပြည်နယ်အတွင်း (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုသူ (၅၇၆၇) ဦးအနက် (၃၄၀၇) ဦး အောင်မြင်ခဲ့

မွန်ပြည်နယ်အတွင်း (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုသူ (၅၇၆၇) ဦးအနက် (၃၄၀၇) ဦး အောင်မြင်ခဲ့ကြောင်း ယနေ့ ဇွန်လ (၁၁) ရက်နေ့ ထုတ်ပြန်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအရ သိရသည်။

Read more

ရောင်းဒေါင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့် ကားတစ်စီးတိုက်ခိုက်ခံရပြီး အရာခံဗိုလ်တစ်ဦး သေဆုံးခဲ့

မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာ မော်လမြိုင် - သံဖြူဇရပ်ကားလမ်းတွင် ယမန်နေ့ ဇွန်လ (၉) ရက်နေ့ မွန်းလွဲ (၃) နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ကားတစ်စီး တိုက်ခိုက်ခံခဲ့ရပြီး၊ အရာခံဗိုလ်တစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်၊

Read more

အသုဘအိမ်ဖဲဝိုင်း ပစ်ခတ်ခံရပြီး ဇုတ်သုတ်ကျေးရွာမှ ပျူစောထီးတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး သေဆုံးကာ၊ အမျိုးသမီးတစ်ဦးနှင့် ယောက်ျာလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့

ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု၊ ပေါက်ကွဲရွာရှိ အသုဘအိမ်ဖဲဝိုင်း ပစ်ခတ်ခံရပြီး ဇုတ်သုတ်ကျေးရွာမှ ပျူစောထီးတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး သေဆုံးကာ၊ အမျိုးသမီးတစ်ဦးနှင့် ယောက်ျာလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Read more

ကျိုက်မရောမြို့နယ် ကော့ဒူးကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ ဒရုန်းနှင့်တိုက်ခိုက်သဖြင့် DKBA နှင့် PDF အဖွဲ့ (၂) ဦးဒဏ်ရာရဟုဆို

ကျိုက်မရောမြို့နယ် ကော့ဒူးကျေးရွာအနီးတွင် လှုပ်ရှားနေသော DKBA နှင့် PDF အဖွဲ့အား ယမန်နေ့ ဇွန် (၈) ရက်နေ့ ညနေ (၄) နာရီခန့်က ဝငဲကျေးရွာနှင့် ကော့ဒူးကျေးရွာကြားတွင် စစ်ကောင်စီတပ်မှ ဒရုန်းနှင့်တိုက်ခိုက်ခဲ့သဖြင့် (၂) ဦးဒဏ်ရာရခဲ့ကြောင်း...

Read more

မိုးဆက်တိုက်ရွာသွန်းပြီး သောင်းရင်းမြစ်ရေတိုးလာသည့်အတွက် မြဝတီမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေ

ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းပြီး၊ သောင်းရင်းမြစ်ရေတိုးလာသည့်အတွက်ကြောင့် ယမန်နေ့ ဇွန်လ (၈) ရက်နေ့ ညပိုင်းမှစတင်ကာ မြဝတီမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သိရသည်။

Read more
Page 27 of 70 1 26 27 28 70

Stay Connected

  • Trending
  • Comments
  • Latest

Recent News