လူ့အခွင့်အရေးချိုးဖောက်ခံရမှု

လမိုင်းမြို့ ယုဇနရွှေဆိုင်ကို ဓားပြတိုက်

ရေးမြို့နယ် လမိုင်းမြို့ပေါ်က ယုဇနရွှေဆိုင်ကို ယနေ့နံနက်ခင်း စျေးဖွင့်ချိန်၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Read more

မြဝတီမှလာသော ခရီးသည်တင်ယာဉ်ငယ်တစ်စီး သထုံမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မြဝတီမှလာသော ခရီးသည်တင်ယာဉ်ငယ်တစ်စီးသည် မော်လမြိုင်-ရန်ကုန် - မော်လမြိုင် ကားလမ်းဖြတ်သန်းရာ သထုံမြို့နယ် ကမာစိုင်ကျေးရွာတွင် ယမန်နေ့ညပိုင်း (၈) နာရီခွဲအချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသား (၂) ဦးသေဆုံးကာ (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more

ဝဲခမိအထကမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦး ပြန်လည်လွတ်မြောက်လာ

KNLA/PDF ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာရှိ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦးမှာ ဩဂုတ်လ (၃၁) ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း သံဖြူဇရပ်မြို့နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

Read more

မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရေးမြို့နယ်အတွင်း ဧည့်စာရင်းပိုမိုစစ်ဆေးကြပ်မတ်ရန် ညွှန်ကြား

မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ရေးမြို့နယ်အတွင်း ဧည့်သည်အဝင်အထွက်များကို ယခုလမှစတင်၍ ပိုမိုတင်းကြပ်စွာစစ်ဆေးသွားရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရသည်။

Read more

စစ်ကောင်စီတပ်က ကော့ပနော – ဝငဲ – ကော့ဝမ်းကျေးရွာသွားလမ်းဆုံအား ဒရုန်းဗုံးချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရ

ကျိုက်မရောမြို့နယ် ကော့ပနော - ဝငဲ - ကော့ဝမ်းကျေးရွာသွား လမ်းဆုံအား မြန်မာစစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more

ရဲတံခွန်ကျေးရွာမှ အမျိုးသမီးတစ်ဦး ဝဥသွားတူးစဉ် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဒဏ်ရာများရရှိခဲ့

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ယမန့် ညနေပိုင်းအချိန်က ဝဥသွားတူးစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more

မည်သူ၏လက်ချက်မှန်းမသိရဘဲ ကော့ဝါးဆူးကျေးရွာတွင် ရာအိမ်မှူးလင်မယားနှစ်ဦး သေနတ်ပစ်သတ်ခံရပြီးသေဆုံး

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းအစောပိုင်းအချိန်က မည်သူ၏လက်ချက်မှန်းမသိရဘဲ ရာအိမ်မှူးလင်းမယားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

Read more

မွန်ပြည်နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် ပြင်ဆင်နေပြီ

မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းသွားရန်အတွက် ပြင်ဆင်နေကြပြီဟု သတင်းရရှိသည်။

Read more

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်ကြောင့် ဘီးလင်းမြို့နယ်ရှိ နေအိမ်တစ်လုံးပျက်ဆီးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်ကြောင့် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပျက်ဆီးခဲ့ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိကာ (၉) နှစ်အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more

ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ရော်ဘာခြံမှ ပြန်လာသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ

ရေးမြို့နယ် ပေါ့ထောကျေးရွာတံတားတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရော်ဘာခြံမှ ပြန်လာသည့် ဒေသခံအမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more
Page 1 of 14 1 2 14

Stay Connected

  • Trending
  • Comments
  • Latest

Recent News