စစ်ဘေးရှောင်

ကရင်ပြည်နယ်တွင် KNU နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်၊ ရွာသားများ ထိုင်းသို့ ထွက်ပြေး

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်း စစ်ကောင်စီ၏ ပူလူတူစခန်းကို KNU ဦးစီးသော ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၂၇ ရက်မှစတင် တိုက်ခိုက်လျက်ရှိရာ မတ်လ ၂ ရက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်။ ဤအခြေအနေကြောင့်...

Read more

စစ်မှုထမ်းရန် ရှောင်ပြေး၍ မလေးရှားသွားမည့် လူငယ် ၃၀ နီးပါးခန့် ကန်ချနပူရီတွင် ဖမ်းဆီးခံရ

စစ်မှုထမ်းရန် ရှောင်ပြေး၍ မလေးရှားသွားမည့် တနင်္သာရီတိုင်းမှ လူငယ် ၃၀ နီးပါးခန့် ထိုင်းနိုင်ငံ၊ ကန်ချနပူရီသို့ တရားမဝင် ဝင်ရောက်လာစဉ် ယမန်နေ့က ဖမ်းဆီးခံရသည်။ ဖမ်းဆီးခံရသူများက မြန်မာနိုင်ငံတွင် စစ်မှုထမ်းခြင်းမှ ရှောင်ပြေးခဲ့ကြပြီး သဘာဝဖြတ်သန်းလမ်းကြောင်းများမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့...

Read more

စစ်မှုထမ်းရမည်ကိုရှောင်ပြေးပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် လူငယ် ၅၀ နီးပါး ဖမ်းဆီးခံရ

စစ်ကောင်စီလက်အောက်မှ စစ်မှုထမ်းရမည်ကို ရှောင်ပြေးလာသော လူငယ် ၄၉ ဦးအား ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့အနီး၌ ထိုင်းစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက ယမန်နေ့တွင် ဖမ်းဆီးရမိသည်။ ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံအတွင်းပိုင်း မဟာချိုင်ဘက်တွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ခဲ့ကြပြီး၊ ထိုသို့အလုပ်လုပ်ကိုင်ပါက တရားဝင်အလုပ်သမားများအဖြစ်...

Read more

မော်လမြိုင်မြို့ပေါ်တွင် ယခင်ဌာနဆိုင်ရာနှင့်ပေါင်းပြီး အုပ်ချုပ်ရေးမှူးတို့ ရောင်းစားခဲ့သောမြေကွက်ပေါ်ရှိ အဆောက်အဦများအား ယနေ့နောက်ဆုံးထားဖျက်သိမ်းပေးရန် စစ်ကောင်စီနို့တစ်စာထုတ်

မော်လမြိုင်- ၂၀၂၅ ဇန် (၃၀) မော်လမြိုင်မြို့ လှိုင်နှင့် သာယာအေးရပ်ကွက်၌ ဦးသိန်းစိန်လက်ထက်က ယခင်အစိုးရဌာနဆိုင်ရာများနှင့်ပေါင်းပြီး အုပ်ချုပ်ရေးမှူးတို့ ရောင်းစားခဲ့သော မြေကွက်ပေါ်ရှိ အဆောက်အဦများအား ယနေ့တွင် နောက်ဆုံးရက်အဖြစ် အပြီးအပိုင်ဖျက်သိမ်းပေးရန် စစ်ကောင်စီက နို့တစ်စာထုတ်ပြန်ထားသည်။ လှိုင်ရပ်ကွက်နှင့် သာယာအေးရပ်ကွက်...

Read more

ရေးအရှေ့ပိုင်းတွင် ဖြတ်လေးဖြတ်စနစ်ဖြင့် စားနပ်ရိက္ခာများကို မြန်မာစစ်တပ် တင်းကြပ်စွာတားမြစ်ထားမှုကြောင့် ဒေသခံနှင့် စစ်ဘေးရှောင်များအခက်တွေ့နေ

ရေး ၊ ၂၀၂၅ ဇန်နဝါရီ(၂၇) ရေးမြို့အခြေစိုက် စကခ(၁၉)နှင့် ၄ မိုင်ခန့်သာ ကွာဝေးသည့် ကျုံလောင်းရွာဟောင်းအနီး တော်လှန်ရေးပူပေါင်းအဖွဲ့စစ်ကြောင်းများနှင့် ယခုလအစောပိုင်းက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ရပ်တန့်ခြင်းမရှိဘဲ ထိပ်တိုက်ရင်ဆိုင်ထားဆဲ အခြေအနေတွင်ရှိနေပြီး မြန်မာစစ်တပ်က ဖြတ်လေးဖြတ်စနစ်ကျင့်သုံး၍ လူနှင့်ရိက္ခာကန့်သတ်ခြင်းအပြင်...

Read more

ရေးမြို့နယ်အရှေ့ပိုင်း၌ စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့အစည်းများ လမ်းပိတ်ဆို့ထားသောကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာနှင့် စက်သုံးဆီများစျေးမြင့်တက်လာ

ရေး- ၂၀၂၅ ဇန်(၂၀) တိုက်ပွဲများဖြစ်ပွားခဲ့သော ရေးမြို့နယ်အရှေ့ပိုင်း ကျုံလောင်းရွာနှင့်အနီးအနားတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့အစည်းများက ပြည်သူအများအသုံးပြုနေသည့်လမ်းကို အပြန်အလှန်ထိန်းချုပ် ပိတ်ဆို့ထားသောကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာနှင့် စက်သုံးဆီများစျေးနှုန်းများ မြင့်တက်လာနေကြောင်း တွေ့ရသည်။ ရေးချောင်းဖျားဒေသကို စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ်ကျင့်သုံး၍ ရေး-ကျုံလောင်းလမ်းကို...

Read more

ကျုံလောင်းစစ်ရှောင်များအတွက် ကနဦးလိုအပ်ချက်များကို မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာန MRDC ကူညီထောက်ပံ့ပေး

ရေး- ၂၀၂၅ ဇန်နဝါရီ(၁၄) ရေးမြို့နယ် အရှေ့ပိုင်းဒေသတဝိုက်တွင် လတ်တလော တိုက်ပွဲများနေ့စဥ်ဖြစ်ပွားလျက်ရှိရာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေသို့ ကနဦးရောက်ရှိလာသော ကျုံလောင်းစစ်ရှောင်များအတွက် လိုအပ်ချက်များကို မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးစင်တာ MRDC က ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။ ကျုံလောင်းကျေးရွာနှင့် အနီးတဝိုက်ရှိ ကျောက်မိချောင်းနှင့် ဝယ်ပေါင်ရွာမှ...

Read more

ရေးအရှေ့ပိုင်းဒေသများသို့ စစ်ကောင်စီကပိတ်ဆို့ထားပြီး ရိက္ခာများဖြတ်တောက်ထားသဖြင့် ဒေသခံများ စားနပ်ရိက္ခာအခက်အခဲဖြစ်နေ

ရေး ၊ ၂၀၂၅ ဇန်နဝါရီ(၁၃) ရေးမြို့နယ် အရှေ့ပိုင်းဒေသများဖြစ်ကြသည့် ရေး -ကျောင်းရွာ၊ ရေး-ကျုံလောင်းလမ်းပိုင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး ဆန်နှင့် အခြားရိက္ခာသယ်ဆောင်ခွင့်ကိုပါ ကန့်သတ်ထားသဖြင့် စစ်ရှောင်များနှင့် ဒေသခံများ စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြောင်း သိရသည်။ တော်လှန်ရေးမဟာမိတ်အဖွဲ့ဖြစ်သော NMSP(AD),...

Read more

စစ်ကောင်စီက ရေးမြို့အဝင်တံတားကြီးပိတ်ဆို့ထားပြီး ကျုံလောင်းရွာဟောင်းနှင့်အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေမှုကြောင့် ဒေသခံများတိမ်းရှောင်

ရေး၊ ၂၀၂၅ ဇန်နဝါရီ(၈) ရေးမြို့အရှေ့ဘက်ခြမ်း ကျုံလောင်းရွာဟောင်းနှင့် အနီးဝန်းကျင်သို့ ရေးအခြေစိုက် စကခ(၁၉)မှ လက်နက်ကြီးဖြင့် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်စောပိုင်းမှ နေ့လယ်ပိုင်းအထိ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေမှုကြောင့် ဒေသခံများနှင့် ခြံလုပ်သားများ တိမ်းရှောင်နေကြရကြောင်း သိရသည်။...

Read more

လက်ရှိ ၃ လအတွင်း စစ်ပွဲများဖြစ်ပွားနေသည့်ဒေသများ၌ အမျိုးသမီး ၁၅၀ ဦး သေဆုံးခဲ့

ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ (၃) လာတာကာလအတွင်း စစ်ပွဲများ ဖြစ်ပွားနေသည့်ဒေသများ၌ အမျိုးသမီး (၁၅၀) ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ...

Read more
Page 1 of 2 1 2

Stay Connected

  • Trending
  • Comments
  • Latest

Recent News