စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းမှ အသင်း ဥက္ကဌအပါအဝင် (၃) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံရကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
Read moreရေးမြို့နယ်၌ ယခု၂ လအတွင်း တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရမှု မြင့်တက်လာကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ထောက်ပံ့ခြင်း၊ ဆက်သွယ်ခြင်း၊ သတင်းပေးခြင်းများဆောင်ရွက်သည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးမှုပိုမိုများပြားလာပြီး စစ်ကောင်စီဘက်က အလျင်အမြန် တရားစွဲဆိုထောင်ချမှုများ ပြုလုပ်လာနေကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။...
Read moreပျောက်ဆုံးနေသည်ဆိုသော မိန်းကလေးငယ်အား အောက်တိုဘာလ (၁၀) ရက်နေ့က ထိုးသွင်းဒဏ်ရာဖြင့် အသက်သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ပေါင်မြို့နယ် ဇင်းကျိုက်မြို့ခံများထံမှ သိရသည်။
Read moreမော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ထံ အဖွဲ့အစည်းနာမည်တပ်မထားသော ကျည်တစ်တောင့်နှင့် ပစ်စာခြိမ်းခြောက် ပေးပို့ခဲ့ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း ကျည်ဆံတစ်တောင့်နှင့် ဦးသန်းထိုက် ထံလိပ်မူထားသည့် သူငယ်တန်းကျောင်းသားလက်ရေးဖြင့် စာတစ်စောင်တွေ့ရှိခဲ့ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။...
Read moreသံဖြူဇရပ်မြို့နယ် အေးကမ္ဘာကျေးရွာအနီး ရေး - သံဖြူဇရပ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Read moreမူးယစ်ဆေးဝါးကိစ္စတွင် အဝေအစားမတည့်သဖြင့် လာရောက်စောင့်ဆိုင်းနေသည့် မော်လမြိုင်ခရိုင် ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦးအား မွန်ငြိမ်းချမ်းကာကွယ်ရေး(အိုက်ချယ်)အဖွဲ့ဝင် တစ်ဦးက သေနတ်နှင့်ပစ်ခတ်မှု အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
Read moreကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာအတွင်း ယမန်နေ့က လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Read moreကျိုက်ထိုမြို့နယ်အတွင်း ယမန်နေ့ အောက်တိုဘာလ (၄) ရက်နေ့ မွန်းလွဲပိုင်းအချိန်က အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Read moreမွန်နှင့်ကရင်ပြည်နယ် နယ်နိမိတ်ပိုင်းခြားထားသော ဂျိုင်းမြစ်ဝှမ်းဒေသမှ ကျိုက်မရောမြို့နယ် ဓမ္မသမှ ကော့ကရိတ်မြို့နယ် ကော့ဘိန်းနှင့် မင်းရွာအထိ ဒေသခံပြည်သူမျးအား စစ်ကောင်စီမှ သွားလာခွင့်ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
Read moreမွန်ပြည်နယ်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များအတွက် လိုအပ်သည့် သားငါးများကို နေ့စဉ် ဒေသပေါက်ဈေးထက် ထက်ဝက်လျော့သောဈေးဖြင့် နေ့စဉ်ပေးပို့နေရကြောင်း သိရသည်။
Read more© 2023 KaoWao
© 2023 KaoWao