လူ့အခွင့်အရေး

ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ရုရှားအဖွဲ့ လာရောက်မည့်အစီအစဥ်ရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု ယူဆပြောဆို

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ မြန်မာအစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် ရုရှားအဖွဲ့ လာရောက်မည့်အစီအစဥ်ရှိသဖြင့် ရေဖြူမြို့နယ်ရှိ အမှတ် (၈) အဝေးပြေးကားလမ်းမကြီးနှင့် အရှေ့ဘက် နေရာများကို စစ်ကောင်စီတပ်ဖွဲ့ အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF ပြောခွင့်ရ နိုင်နဂါးက ကောင်းဝါသို့ ယူဆပြောဆိုခဲ့သည်။

Read more

သိမ်ဇရပ်မြို့ ခရွဲကျေးရွာအတွင်းသို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီး (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံးပျက်စီးခဲ့

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာအတွင်းသို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် အမျိုးသမီး (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံးပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

Read more

သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော် (၂) ပါးနှင့် အရပ်သား (၂) ဦးထိခိုက်ဒဏ်ရာရရှိ

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သံဃာတော် (၂) ပါး နှင့် အရပ်သား (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more

NCA လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီထားဝယ်ခရိုင် ရှေ့တန်းတပ်စခန်းကို စစ်တပ်က လက်နက်ကြီးပစ်သွင်းသည့်အပြင် လေယာဥ်ဖြင့်လည်း ဗုံးကျဲခဲ့

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပါ မွန်ပြည်သစ်ပါတီ တပ်တည်နေရာ ထိန်းချုပ်နယ်မြေဖြစ်သော တနသႅာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ထိန်းချုပ်နယ်မြေ ရှေ့တန်တပ်စခန်းကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က စစ်တပ်မှ လက်နက်ကြီးနှင့်ပစ်သည့်အပြင် ဂျက်ဖိုက်တာ စစ်လေယာဥ်ဖြင့်လည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထွက်ပြေးလာသော ရွာသားများက...

Read more

မော်လမြိုင်သို့ဝင်ရောက်လာမည့် ထိုင်းကုန်စည်များကို စစ်တပ်မှလိုက်လံဖမ်းဆီးနေ

မော်လမြိုင်သို့ ဝင်ရောက်မည့် ထိုင်းကုန်စည်များကို စစ်တပ်မှလိုက်လံဖမ်းဆီးနေသဖြင့် ယခုရက်ပိုင်းအတွင်းမော်လမြိုင်သို ထိုင်းကုန်စည်များအဝင်ရပ်တန့်လျှက်ရှိ‌ကြောင်း သိရသည်။

Read more

MSRF ပူးပေါင်းအဖွဲ့နှင့် ယမန်နေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ကျော် သေဆုံးပြီး မျောက်ချောရွာ အိမ် ၄၀ ကျော်မီးလောင်ပျက်စီး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စု အနီးပတ်ဝန်းကျင်နေရာများတွင် မွန်ပြည်တော်လှန်ရေးတပ် MSRF ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီစစ်ကြောင်းတို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံးခဲ့ပြီး မျောက်ချောရွာတွင် အိမ်ခြေ ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

Read more

PDF အား ထောက်ပံ့ထားသည်ဟုဆိုကာ ကျိုက်ထိုမြို့ခံပြည်သူ (၈) ဦးအား ဖမ်းဆီးထား

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အား ထောက်ပံ့မှုများပြုလုပ်ထားသည်ဟုဆိုကာ ကျိုက်ထိုမြို့ခံပြည်သူ (၈) ဦးအား စစ်ကောင်စီမှ ဖမ်းဆီးထားကြောင်း မြို့ခံများထံမှ သိရသည်။

Read more

PDF အား ထောက်ပံ့ခဲ့သည့် စွပ်စွဲချက်ဖြင့် ဇုတ်သုတ်ကျေးရွာဒေသခံ (၃) ဦးဖမ်းဆီးခံရ

ဇုတ်သုတ်ကျေးရွာ၊ ရွာလယ်ပိုင်းနေ အသက် (၅၀) နှစ်အရွယ် ဦးလှမိုး၊ ဇနီးဖြစ်သူ ဒေါ်နီလာခိုင် နှင့် သားဖြစ်သူ အသက် (၁၈) နှစ်အရွယ် မောင်ထွန်းလှမိုး တို့ (၃) ဦးအား ပြီးခဲ့သည့် ဇွန်လ (၁၈)...

Read more

စစ်ကောင်စီအဖွဲ့ဝင်များက ဖုန်းများစစ်ကာ VPN App အသုံးပြုသူများအား ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေ

လက်ရှိ Facebook , Messenger အစရှိသော လူမှုကွန်ရက်များအသုံးပြုရာတွင် တစ်ဆင့်ခံအသုံးပြုနေရသည့် Virtual Private Network ခေါ် VPN အသုံးပြုခြင်းကို ပိတ်ပင်ရန်ကြိုးစားနေသည့်အတွက် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် စစ်ကောင်စီအဖွဲ့ဝင်များက ဖုန်းများစစ်ကာ VPN...

Read more

သိမ်ဇရပ်မြို့အနီး စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံး၊ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီး အခိုင်ကျေးရွာ နှင့် သုံးခွကျေးရွာကြားရှိ ကျောက်ဟတ်ကွင်းအတွင်း စစ်ကောင်စီအမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးကာ၊ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read more
Page 17 of 23 1 16 17 18 23

Stay Connected

  • Trending
  • Comments
  • Latest

Recent News