မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းသွားရန်အတွက် ပြင်ဆင်နေကြပြီဟု သတင်းရရှိသည်။
Read moreမြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်ကြောင့် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပျက်ဆီးခဲ့ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိကာ (၉) နှစ်အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Read moreရေးမြို့နယ် ပေါ့ထောကျေးရွာတံတားတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရော်ဘာခြံမှ ပြန်လာသည့် ဒေသခံအမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Read moreကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် ၃၁၀ အမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဝါးဒက်ကွင်းကျေးရွာမှ ဒေသခံလူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဩဂုတ်လ (၂၄) ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က သိမ်ဇရပ်အခြေစိုက် အမြောက်တပ်မှ...
Read moreပြီးခဲ့သည့် ဩဂုတ်လ (၂၁) ရက်နေ့၊ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု၊ လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်တစ်လုံးအား စစ်တပ်မှဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာမှ သေဆုံးခဲ့သူများမှာ သတင်းထောက်နှစ်ဦးနှင့် KRF ရဲဘော်နှစ်ဦးဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ထုတ်ပြန်ချက်အရ သိရသည်။
Read moreမည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မြှုပ်နှံထားသည်ကိုမသိရသော မြေမြှုပ်မိုင်းတစ်လုံး နင်းမိသည့်အတွက် ရဲတံခွန်ရွာသားတစ်ဦး ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Read moreကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်နေ အမျိုးသမီးရှေ့နေ မှာ ဒေါ်စံပယ်အား ဩဂုတ်လ (၁၈) ရက်နေ့က စစ်ကောင်စီတပ်မှအင်အားအလုံးအရင်းဖြင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
Read moreကျိုက်ထိုမြို့နယ်ရဲများအဖမ်းခံရသကဲ့သို့ သထုံမြို့၊ သုဓမ္မဝတီနယ်မြေရဲစခန်းမှ နယ်ထိန်းနှစ်ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဆက်သွယ်မှုဖြင့် စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
Read moreကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF သတင်းပေးဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၁၆) ရက်နေ့ ည (၇) နာရီအချိန်ခန့်က ကျိုက်ထိုမြို့မ ရဲစခန်းမှ ရဲအုပ်ပြည်သူရစိုး ဆိုသူမှာ...
Read moreမြန်မာဘက်က နှစ်ရက်ကြာ တဖက်သပ် ပိတ်ထားခဲ့သော ဘုရားသုံးဆူမြို့ရှိ ထိုင်း - မြန်မာနယ်စပ် ဝင်ထွက်ပေါက်များအား ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
Read more© 2023 KaoWao
© 2023 KaoWao