ဆောင်းပါး

A wonderful serenity has taken possession of my entire soul, like these sweet mornings of spring which I enjoy with my whole heart.

“နိုင်ဇေယျ”

“လွတ်ငြိမ်းချမ်းသာခွင့်ကာလမှာ ဘုရားပွဲတော်တစ်ခုပြီးလို့ ပွဲခင်းထဲက လူတွေ ပြန်သွားကြသလိုဘဲ။ အရင်က ရဲဘော်တွေနဲ့ စည်ကားခဲ့တဲ့ စခန်းက လူနည်းလို့ ခြောက်ကပ်သွားတယ်။ ကိုယ်က အထီးကျန်ပြီး နေခဲ့ရ ပေမဲ့ စိတ် ဓါတ် တင်းထားရတယ်” ထိုစဉ်က ဗဟိုစခန်းတွင်...

Read more

မွန်ပြည်နယ်မပေးရေးနှင့်ပတ်သက်၍ ဦးနု၏သဘောထား

ဦးနု မိန့်ခွန်းပြောကြားရာတွင် ပြည်နယ်ဆိုသည်မှာ မကောင်းကြောင်း၊ အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရထားပါလျက်နှင့် နောက်ဖေးမီးဖိုချောင်ကိုမှ ခွဲခြားပြီး တောင်းသည်နှင့်တူနေကြောင်း၊ မိမိစိတ်ထဲရှိသမျှပြောရလျင် မြန်မာ နိုင်ငံကဲ့သို့ နိုင်ငံငယ်လေးတစ်ခုတွင် ပြည်နယ်များ ဟိုတစ်စု၊ သည်တစ်စု မဖြစ်စေလိုကြောင်း ဦးနုက မိန့်ခွန်းပြော ကြားခဲ့သည်။

Read more

မွန်နှင့်ရခိုင်မပါခဲ့သည့် ပင်လုံစာချုပ်

ပင်လုံစာချုပ်ကို လက်ဝယ်ဆုပ်ကိုင်ထားနိုင်ပြီးနောက် ဖဆပလပါတီသည်လည်း မွန်နှင့် ရခိုင်ခေါင်းဆောင်များ အပေါ် လေသံပြောင်းသွား တော့သည်။ တန်းတူမဆက်ဆံတော့ဘဲ လက်အောက်ခံ အဖွဲ့အစည်းကဲ့ သို့ သဘောထား ပြောင်းလဲသွားသည်ဟု မွန်ဖိုးချိုက အစည်းအဝေးတစ်ခုတွင် ရင်ဖွင့်ပြောဆိုခဲ့သည်။

Read more

နှစ် ၇၀ ဝန်းကျင်မှ တစ်မျက်နှာမွန်သတင်းစဥ်အကျဥ်း

မိမိတို့ လူလောကထဲမရောက်ခင် အချိန်ကာလကတည်းကပင် မွန်ဘာသာဖြင့် သတင်းများပုံနှိပ်ထုတ်ဝေနေခဲ့သည်(သိသူလည်းရှိ မသိသူလည်းရှိ)။ မွန်ဘာသာဖြင့် သတင်းအကြောင်းအရာများ ဖြစ်နေသော်လည်း မိမိတို့လက်လှမ်းမမီခဲ့သေးသော ခေတ်၏ သတင်းတန်ဘိုးများကို အကဲခတ်နိုင်ပါလိမ့်မည်။

Read more

ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

၁၉၄၈ ခုနှစ်လွတ်လပ်ရေးရချိန်မှာ ယနေ့တိုင် ကျွနိုပ်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် ခေါ်ဆိုမှတ်ယူလက် ခံထားခဲ့ကြပါသည်။ ဤ ပြည်ထောင်စု၏ ပြည်နယ်များကို ပထဝီအခြေခံဖြင့်ဖွဲ့စည်းထားခြင်းမဟုတ်၊ လူမျိုးတို့၏ စုစည်းနေထိုင်မှုကို အခြေပြုပြီး ဖွဲ့စည်းထားခြင်းဖြစ်သည်။ပြည်နယ်နာမည််များကိုလည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့် ဆိုင်ရာလူမျိုးတို့၏ နာမည်များကို အတိအလင်းဖော်ပြထားသည်။ ဤသည်မှာ လူမျိုးစုပါဝင်သည့်ပြည်ထောင်စုတစ်ခု ဖြစ််ကြောင်း သဏ္ဍန်အားဖြင့် ပေါ်လွင်ထင်ရှားစေသည်။ သို့သော် ၎င်းကိုမှတ်ကျောက်တင်စစ်ဆေးကြည့်ပါက အရေခြုံ၊ ရွှေမှုံကြဲ၊ “နာမည်ခံပြည်ထောင်စု” ဖြစ်နေကြောင်းကို နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားခေါင်းဆောင်တို့က ကောင်းစွာနားလည်ထားကြသည်။ ဤပြည်ထောင်စု၏ ၁၉၄ရ ခုဖွဲ့စည်းပုံသည် ပြည်နယ်ပြည်မပုံစံဖြင့် ဖွဲ့စည်းထားပြီး ပြည်မကပြည်နယ်များအပေါ် လွှမ်းမိုးချုပ်ကိုင်ထားသည်။ ၁၉၄ရ ခု ဖွဲ့စည်းပုံသည် ပြည်နယ်များ၊ တိုင်းများဖြင့် ဖွဲ့စည်းထားသော်လည်း တခုတည်းသော  ဗဟိုအစိုးရက အာဏာကို ချုပ်ကိုင်ထားသည်။ထို့ကြောင့်ပြည်နယ်ဟူသည်မှာ နာမည်ခံဟန်ပြမျှသာ

Read more

မွန်ကိုယ်စားပြုပါတီမရှိမှာစိုးလို့ နိုင်ငံရေးလောကထဲရောက်လာသူ အစာဇၞူ(နိုင်ငွေသိန်း)

ဇာတ်လမ်းအစက ၂၀၀၈ ခုနှစ် ဧပြီလ (၂၉) ရက်။ နိုင်အောင်ထွန်း ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားရဲ့ နောက်ဆက်တွဲဆင့်ကဲဖြစ်စဥ်လေးပါ။  *( လူအယောက် ၃၀ ဝန်းကျင်လောက်ရှိခဲ့တဲ့ ဒီစကားဝိုင်းမှာ နာမည်မမှတ်မိသူတွေကိုတော့ မဖော်ပြတော့ပါ၊အချက်အလက်တချို့ အယူအဆတချို့ လွဲမှားကောင်းလွဲမှားပါလိမ့်မယ် ဒါပေမယ့်တချို့ပုဂ္ဂိုလ်တွေအနေနဲ့ ပြန်မှတ်မိကောင်း မှတ်မိပါလိမ့်မယ်၊ အချက်အလက်တွေ ကျန်ခဲ့လွဲမှားခဲ့မယ်ဆိုရင် ပြန်လည်ဖြည့်ဆည်းပေးစေလို)   နှစ်စဥ်ဧပြီလ ၂၉ ရောက်လေတိုင်း မွန်ခေါင်းဆောင် နိုင်အောင်ထွန်း ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ပငကျေးရွာ ကြက်တိန်ညင်ဘုရားကုန်းတော်ပေါ်က နိုင်အောင်ထွန်း အုတ်ဂူတည်ထားတဲ့အာဇာနည်ကုန်းနေရာမှာ ကျင်းပလေ့ရှိတယ်၊ အဲဒီနေရာဟာ လွန်ခဲ့တဲ့အနှစ် ၇၀ လောက်မှာ မွန်ပြည်သူ့တပ်ဦးဌာနချုပ်ရုံး တည်ဆောက်ခဲ့တဲ့နေရာလည်း ဖြစ်ခဲ့ပါတယ်။  ဒီနေရာမှာ ကြော်ငြာနည်းနည်း ဝင်လိုတာက အဲဒီနှစ်မှာ နိုင်အောင်ထွန်းရဲ အထုပ္ပတ္တိသီချင်းကို စာရေးသူကိုယ်တိုင် ပြုစုရေးသား၊ သံစဥ်ထည့်သွင်း၊ တီးခတ်၊ ကွန်ပျူတာနဲ့အသံဖမ်းယူ၊ ပငရွာသားအဆိုတော်တွေ သီဆိုခဲ့တဲ့သီချင်းကို အခမ်းအနားမှာ အကြိမ်ကြိမ် ဖွင့်ပြခဲ့ပါတယ်) မွန်းတည့်ခါနီးအချိန် အခမ်းအနားပြီးတော့ လက်တို့ထားကြတဲ့ အထူးဧည့်သည်တစ်စုဟာ နိုင်ဝင်းကြည်ရာဘာခြံထဲ ရောက်သွားကြပြီး တဲအိုကြီးတစ်ခုပေါ်မှာ ဝိုင်းဖွဲ့ကာ ထုံးစံအတိုင်း ချက်ပြုတ်စားသောက်ကြလို့ နိုင်ငံရေးစကားဝိုင်းတစ်ခုအဖြစ် ပွဲစည်သွားခဲ့ပါတယ်။  အောက်မေ့ဘွယ်အခမ်းအနားလာတက်ရောက်ဂါရဝပြုကြတဲ့ ဆရာကြီး နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ နိုင်သိမ်းမောင်တို့က အသက်ကြီးပြီဖြစ်တာကြောင့် အခမ်းအနားပြီးတာနဲ့ မော်လမြိုင်ကို လူငယ်တချို့နဲ့ တခါထဲ တန်းပြန်ပို့ခိုင်းလိုက်တယ်။  ကျန်ခဲ့တဲ့ အစာဇၞူမန်နဲ့ ဒေါက်တာမင်းနွယ်စိုး၊ ဖျက်သိမ်းခံ MNDF ခေါင်းဆောင် ဒေါက်တာမင်းစိုးလင်း၊ဒေါက်တာမင်းကြည်ဝင်း၊ ဆရာမွန်ရာဇာ၊ ဒေါက်တာမင်းထွန်းရှိန်(အစာဂၠဴ)၊ နိုင်မာန်ဂကူ(သော်ပါင်)၊ အမ်သဝ်(ရှေ့နေ)၊ မင်းမင်းနွယ်၊ မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ နိုင်ဝင်းဦး၊ နိုင်ဝင်းတင့်၊ အခမ်းအနားဦးစီးကျင်းပတဲ့ ပငဒေသခံ နိုင်တင်အောင်၊ နိုင်လယီတမ၊ နိုင်သီဟ(နောင်မှာ အမျိုးသားလွှတ်တော်အမတ်ဖြစ်လာ) M ချမ်းမွန်၊ မင်းအောင်ဌေး(အံင်လွဳမန်) နဲ့ ပငစာပေယဥ်ကျေးမှုအဖွဲ့သားများ ကျန်လူများနာမည်မသိတော့ပါ။ ဓါတ်ပုံလည်းမရိုက်ခဲ့ကြပါ။(မှတ်တမ်းအဖြစ်ကျန်သွားမှာ စိုးရိမ်လို့) စုစုပေါင်း ၃၀ ဝန်းကျင်လောက်ရှိပါလိမ့်မယ်။   ဒီစကားဝိုင်းမှာ စာရေးသူကတော့ အလိုလိုအခမ်းအနားမှူးနေရာ ရခဲ့ပါတယ်၊  အဓိက မေးခွန်းကတော့ “၂၀၁၀ ရွေးကောက်ပွဲ မွန်တို့ပါတီဖွဲ့ပြီး ဝင်သင့်/မသင့်။  မွန်တွေမဝင်ရင် လွှတ်တော်ထဲမှာ မွန်အမျိုးသားအခွင့်အရေး ဘယ်သူတောင်းဆိုပေးမလဲ၊ ဘာလုပ်သင့်လဲ၊အကြံပြုချက်၊ အဆိုပြုချက်တွေ အသံမျိုးစုံထွက်လာအောင် အခမ်းအနားမှူးက လမ်းကြောင်းပေးရတာပေါ့။   လာမယ့် မေ ၁၀ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပပါလိမ့်မယ်။ မည်သို့ပင်ကန့်ကွက်ကြစေကာမူ နအဖစစ်အစိုးရ အကွက်ချစီမံထားတဲ့အတိုင်း ၂၀၀၈ အခြေခံ ဥပဒေက မဖြစ်မနေပေါ်ထွက်လာမယ်၊ ပြီးတော့ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပသွားမယ့် နိုင်ငံရေးလမ်းပြမြေပုံလည်း ရှိနေပြီးသားပါ။ MNDF မှ ဒေါက်တာနှစ်ဦးကတော့ မိမိတို့ပါတီရဲ့ နိုင်ငံရေးသိက္ခာကို ထောက်ရှုသောအားဖြင့် ၂၀၁၀ရွေးကောက်ပွဲ လုံးဝမဝင်နိုင်ဘူးလို့ ပွဲစစခြင်းမှာ အတိအလင်းငြင်းဆိုလိုက်ပါတယ်။ နိုင်ချမ်းတွဲ့ကလည်း လက်နက်ကိုင်မွန်ပြည်သစ်ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ လုံးဝမစဥ်းစားပါဘူး၊ရွေးကောက်ပွဲဝင်ရင် လက်နက်စွန့်ရမယ်၊ မွန်ပြည်သူ့တပ်ဦးလို အဖြစ်မခံနိုင်ဘူးလို့ ဆိုပါတယ်။  ဒေါက်တာမင်းနွယ်စိုးကတော့ ၁၉၄၇ တိုင်းပြည်ပြုလွှတ်တော်ကို နိုင်ဖိုးချို၊ နိုင်အောင်ထွန်းတို့ ခေါင်းဆောင်တဲ့မွန်တိုင်းရင်းသားအစည်းအရုံးသပိတ်မှောက်လိုက်လို့ မွန်အမတ်တွေ လွှတ်တော်မှာ မရှိခဲ့တာကြောင့် မွန်တွေအခွင့်အရေးဘယ်လောက်ဆုံးရှုံးခဲ့ရတာကို သမိုင်းကြောင်းနဲ့ရှင်းပြပါတယ်၊  အစာဇၞူကလည်း ဖြည့်စွက်ပြောပေးတယ်။ နောက်ဆုံးမှာ မွန်ပြည်သစ်ပါတီက အနားယူခဲ့တဲ့ နိုင်တင်အောင် ခေါင်းဆောင်ပြီး နိုင်ငံရေးပါတီဖွဲ့ဖို့ ဒေါက်တာမင်းနွယ်စိုး၊ အစာဇၞူတို့က အကြံပြတိုက်တွန်းခဲ့ပါတယ်။ ဆရာနိုင်တင်အောင်ကတော့ သူတို့အနေနဲ့ ၂၀၁၀ မှာရွေးကောက်ပွဲဝင်ဖို့ စောလွန်းသေးတယ်လို့ ပြောပါတယ်၊နောင်ဖြစ်ပေါ်လာမယ့် လွှတ်တော်အခင်းအကျင်းနဲ့ နိုင်ငံရေးမိုးလေဝသ အခြေအနေတို့အပေါ် မူတည်ပြီးတော့မှပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့်ဆိုတာကို စောင့်ကြည့်နေသင့်တယ်လို့ ပြောပါတယ်။ စကားဝိုင်းကတော့ ကြည်နူးစရာမြင်ကွင်းပါ၊ တစ်ယောက်နဲ့တစ်ယောက် အငြင်းအခုံမရှိကြဘဲ ညနေ ၄ နာရီဝန်းကျင်လောက်မှာ အေးဆေးစွာနဲ့ ပြီးဆုံးသွားပါတယ်။    နောက်(၂)လအကြာ ဇွန်လ(၂၉)ရက်နေ့ မွန်ပြည်သစ်ပါတီအပစ်ရပ်နေ့-၁၄ နှစ်ပြည့် အခမ်းအနားကို မော်လမြိုင်မြို မွန်ပြည်သစ်ပါတီရုံးမှာ ကျင်းပတဲ့အခါ အထက်ပါခေါင်းဆောင်တွေ ပြန်လည် တွေ့ဆုံကြပြီး ပငစကားဝိုင်းအဆက်ကို ဆက်လက်ဆွေးနွေးကြတဲ့အခါမှာ ဆုံးဖြတ်ချက်တခု ကျလာပါတယ်။  ...

Read more

နာဲဇၞူမန် (ခေါ်) ဆရာကြီးနိုင်ငွေသိန်းနဲ့ အမှတ်တရ

*ပထမအကြိမ်စတင်တွေ့ဆုံခြင်း ၁၉၈၁ ခုနှစ်လောက်မှာ ကျနော့ရဲ့ဂီတဆရာ မင်းရွေကိတ်(ရာမညမိုးစွေ)က မော်လမြိုင်မြို့ မောင်ငံအပေါ်လမ်းမှာရှိတဲ့ ဆရာကြီးရဲ့နေအိမ်ကို သွားရောက်ပြီး စတင်မိတ်ဆက်ပေးပါတယ်။ ကျနော်ကလည်း ဂီတစာဆိုသီချင်းရေးသမားတစ်ယောက်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့အချိန် ဖားအောက်ဇာတိ စန္ဒယားဆရာ ဦးဘသန်း(ရဲဘော်ကုန်း) ဆီမှာ စန္ဒယားသင်နေတဲ့အချိန်ပေါ့။ အစာဇၞူကိုလည်း ဆရာရွှေကိတ်က...

Read more

ကျနော်သိခဲ့သော မင်းဆာန်မန်

ကောင်းနွန် (ဝတ္ထုတို)            ကျနော်တို့ငယ်ငယ်တုန်းက ရွာဘုန်းကြီးကျောင်းမှာ နွေရာသီမွန်စာသွားသင်တုန်းကဆို ဆရာတွေ မကြာ မကြာ ပြောလေ့ရှိတဲ့ စကားတခုရှိပါတယ် ။ အဲဒါက "ငါတို့ငယ်ငယ်က မွန်စာကိုခိုးသင်ခဲ့ရတယ်” ဆိုတဲ့စကားပါ။            ကျနော်တို့လက်ထက်ရောက်တော့ မွန်စာကိုလည်း လွတ်လွတ်လပ်လပ်သင်ခွင့်ရနေပြီဖြစ်သလို...

Read more
Page 6 of 6 1 5 6

Stay Connected

  • Trending
  • Comments
  • Latest

Recent News