နောက်ခံသမိုင်း

မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပခဲ့ခြင်းကြောင့် မွန်လူငယ် (၂၅) ဦး ကို သံဖြူဇရပ်အချုပ် စခန်းတွင် တစ်လတာခန့် ချုပ်နှောင်ခဲ့ပြီး အဓိကဦးဆောင် သူ မင်းငွေသိန်းနှင့် နိုင်ရဲအောင်မြင့်တို့ (၂) ဦးကို ထောင်ချခဲ့သည်။

ဘီးလူးကျွန်းကမာမိုဇာတိသူ မိစောသင်သည် ထက်မြက်ထူးချွန်သူ ဖြစ်ပြီး မဟာဝိဇ္ဇာဘွဲ့ကို လန်ဒန်တွင်ရခဲ့သူ၊ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ “ဘုရင့်ရုံ”(ရုပ်ရှင်ရုံ)နှင့် မြန်မာပြည်တစ်လွှားရှိ ဘုရင့်ရုံများ ပိုင် ရှင်အမျိုးသမီးတစ်ဦးဖြစ်သည်။ မိစောသင်၏ အစ်မအရင်း “မိနှင်းလှသည် ဖဆ ပလခေတ်တွင် လူမျိုးစုလွှတ်တော်အမတ်ဖြစ်ပြီး ဝန်ကြီးချုပ်ဦးနုနှင့်...

Read more

မွန်ပြည်နယ် အုပ်ချုပ်ခွင့်စုံစမ်းရေးကော်မရှင်အဖွဲ့၏ အစီရင်ခံစာ (၁၉၅၂)

ဤကဲ့သို့ သေးငယ်သော ပြည်နယ်သည် ပြည်ထောင်စုကြီးအား ဘယ်နည်းနှင့်မျှ အထောက်အပံ့ အကူအညီ ပေးနိုင်မည်မဟုတ်သည့်အပြင် ပြည်ထောင်စုကြီး အင်အားဆုတ်ယုတ်အောင်သာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤဖော်ပြခဲ့သော (၅) ခုသော မြို့နယ်မှ နှစ်စဉ်ဝင်ငွေများပြားလှသည်မဟုတ် ၊ ၄င်းနယ်များမှ ဝင်ငွေကို...

Read more

“နိုင်ဇေယျ”

“လွတ်ငြိမ်းချမ်းသာခွင့်ကာလမှာ ဘုရားပွဲတော်တစ်ခုပြီးလို့ ပွဲခင်းထဲက လူတွေ ပြန်သွားကြသလိုဘဲ။ အရင်က ရဲဘော်တွေနဲ့ စည်ကားခဲ့တဲ့ စခန်းက လူနည်းလို့ ခြောက်ကပ်သွားတယ်။ ကိုယ်က အထီးကျန်ပြီး နေခဲ့ရ ပေမဲ့ စိတ် ဓါတ် တင်းထားရတယ်” ထိုစဉ်က ဗဟိုစခန်းတွင်...

Read more

မွန်ပြည်နယ်မပေးရေးနှင့်ပတ်သက်၍ ဦးနု၏သဘောထား

ဦးနု မိန့်ခွန်းပြောကြားရာတွင် ပြည်နယ်ဆိုသည်မှာ မကောင်းကြောင်း၊ အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရထားပါလျက်နှင့် နောက်ဖေးမီးဖိုချောင်ကိုမှ ခွဲခြားပြီး တောင်းသည်နှင့်တူနေကြောင်း၊ မိမိစိတ်ထဲရှိသမျှပြောရလျင် မြန်မာ နိုင်ငံကဲ့သို့ နိုင်ငံငယ်လေးတစ်ခုတွင် ပြည်နယ်များ ဟိုတစ်စု၊ သည်တစ်စု မဖြစ်စေလိုကြောင်း ဦးနုက မိန့်ခွန်းပြော ကြားခဲ့သည်။

Read more

ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ၏အဆင့်နေရာ

၁၉၄၈ ခုနှစ်လွတ်လပ်ရေးရချိန်မှာ ယနေ့တိုင် ကျွနိုပ်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် ခေါ်ဆိုမှတ်ယူလက် ခံထားခဲ့ကြပါသည်။ ဤ ပြည်ထောင်စု၏ ပြည်နယ်များကို ပထဝီအခြေခံဖြင့်ဖွဲ့စည်းထားခြင်းမဟုတ်၊ လူမျိုးတို့၏ စုစည်းနေထိုင်မှုကို အခြေပြုပြီး ဖွဲ့စည်းထားခြင်းဖြစ်သည်။ပြည်နယ်နာမည််များကိုလည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့် ဆိုင်ရာလူမျိုးတို့၏ နာမည်များကို အတိအလင်းဖော်ပြထားသည်။ ဤသည်မှာ လူမျိုးစုပါဝင်သည့်ပြည်ထောင်စုတစ်ခု ဖြစ််ကြောင်း သဏ္ဍန်အားဖြင့် ပေါ်လွင်ထင်ရှားစေသည်။ သို့သော် ၎င်းကိုမှတ်ကျောက်တင်စစ်ဆေးကြည့်ပါက အရေခြုံ၊ ရွှေမှုံကြဲ၊ “နာမည်ခံပြည်ထောင်စု” ဖြစ်နေကြောင်းကို နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားခေါင်းဆောင်တို့က ကောင်းစွာနားလည်ထားကြသည်။ ဤပြည်ထောင်စု၏ ၁၉၄ရ ခုဖွဲ့စည်းပုံသည် ပြည်နယ်ပြည်မပုံစံဖြင့် ဖွဲ့စည်းထားပြီး ပြည်မကပြည်နယ်များအပေါ် လွှမ်းမိုးချုပ်ကိုင်ထားသည်။ ၁၉၄ရ ခု ဖွဲ့စည်းပုံသည် ပြည်နယ်များ၊ တိုင်းများဖြင့် ဖွဲ့စည်းထားသော်လည်း တခုတည်းသော  ဗဟိုအစိုးရက အာဏာကို ချုပ်ကိုင်ထားသည်။ထို့ကြောင့်ပြည်နယ်ဟူသည်မှာ နာမည်ခံဟန်ပြမျှသာ

Read more
Page 3 of 3 1 2 3

Stay Connected

  • Trending
  • Comments
  • Latest

Recent News