ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

စစ်မှုထမ်းမည့်သည်သူမရှိသဖြင့် ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်သူများအား စိစစ်ကာ စစ်သားစုဆောင်းရေးသို့ ပို့ဆောင်နေ

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းမည့်သည်သူမရှိသဖြင့် ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်သူများအား စိစစ်ကာ စစ်သားစုဆောင်းရေးသို့ ပို့ဆောင်နေကြောင်း စစ်ကောင်စီ နှင့် နီးစပ်သူများ၏ ပြေကြားချက်များအရ သိရသည်။ ယခင်က စစ်မှုထမ်းအပတ်စဉ်များအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမှုပွဲစားများ၊ လူပွဲစားများမှတဆင့် စစ်မှုထမ်းမည့်သူများအား ငွေကြေးပေးကာ...

စစ်ကောင်စီက ကုန်စည်သယ်ယူခွင့်ကန့်သတ်ခြင်းကြောင့် တနင်္သာရီတိုင်း‌စစ်ဘေးရှောင်များ အခက်အခဲဖြစ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းက စစ်ဘေးရှောင်များရှိရာ ဒေသများကို စစ်ကောင်စီက ကုန်စည်သယ်ယူခွင့်များ ကန့်သတ်လိုက်ခြင်းကြောင့် စားဝတ်နေရေး အခက်အခဲအပြင် ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများပါ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။တိုက်ပွဲဖြစ်ပွားရာဒေသများဖြစ်သည့် ထားဝယ်အရှေ့တောဒေသအပါအဝင် သရက်ချောင်း၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့ရှိ အချို့ကျေးရွာများတွင် ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရပြီး ကုန်စည်ကန့်သတ်မှုကြောင့်...

စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ၏ နေအိမ်အား ချိပ်ပိတ်သိမ်းဆည်း

စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ၏ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်စု၊ လက်ပြကျေးရွာ၊ ကျောင်းကြီးပိုင်းရှိ နေအိမ်အား စစ်ကောင်စီမှ ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နိုဝင်ဘာလ (၂၂) ရက်နေ့၊ နေ့လည် (၁) နာရီခွဲအချိန်ခန့်က...

သောင်းရင်းမြစ်ကမ်းစပ်တွင် ထိုင်းဘက်သို့ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ မြန်မာအမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိ

ထိုင်း - မြန်မာ နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ သောင်းရင်းမြစ်ကမ်းစပ်တွင် မြန်ာဘက်ခြမ်းမှ ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ မြန်မာအမျိုးသမီးတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။ ယမန်နေ့ နိုဝင်ဘာလ (၂၁)...

ဗိုလ်ကြီးဟောင်း လင်းဦး သေနတ် ၄ ချက်ထိမှန်၍ ဒဏ်ရာစိုးရိမ်ရ

ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ယနေ့နံနက်ပိုင်းတွင် ရေးဘီးလူးအဖွဲ့ ဝင်ရောက်ပစ်ခတ်ရာ ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ် ကျေးရွာဥက္ကဌလည်းဖြစ်သည့် ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးမှာ သေနတ် ၄ ချက်ထိမှန်ခဲ့ပြီး ဒဏ်ရာစိုးရိမ်ရကြောင်း နီးစပ်သူများထံမှ သိရသည်။ ယနေ့နံနက် ၉ နာရီကျော်အချိန်တွင် အာယုတောင်ကျေးရွာ...

ဇီးနှစ်ပင်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွား

သံဖြူဇရပ်-ဘုရားသုံးဆူလမ်း စခန်းကြီးကျေးရွာအုပ်စု ဇီးနှစ်ပင်ကျေးရွာအနီး ယမန်နေ့ နံနက်ပိုင်းအချိန်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က အင်အား (၁၀၀) ခန့်ဖြင့်...

ထိုင်းက အီးစီးကရက်လုပ်ငန်းခွင်အတွင်း မြန်မာအမျိုးသမီး ၂၀ ကျော်ဖမ်းဆီးခံရ

ထိုင်းနိုင်ငံက တားမြစ်ထားသည့် အီးစီးကရက်လုပ်ငန်းခွင်သို့ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာလ ၂၂ ရက်နေ့က ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာအမျိုးသမီး ၂၂ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ တရုတ်လုပ်ငန်းရှင်ဦးစီးသည့် အီးစီးကရက်လုပ်ငန်းခွင်ထဲ၌ အီးစီးကရက်ပေါင်း ၃၅၀၀ ကျော်အပါအဝင် ဆေးရည်...

ရေး-မလွှဲတောင်အကြား ကိုးမိုင်တံတားမိုင်းခွဲခံရ၍ ကားများ ပိတ်မိ

ရေးမြို့နယ်၊ ရေး - ထားဝယ်လမ်းပိုင်းပေါ်ရှိ ရေးမြို့နှင့် မလွှဲတောင်အကြား ကိုးမိုင်တံတားတွင် ယနေ့နံနက် ၁ နာရီကျော်ခန့်က မိုင်းပေါက်ပွဲမှုဖြစ်ပွားခဲ့သဖြင့် ကားများပိတ်မိနေကြောင်း သိရသည်။ အဆိုပါ ကိုးမိုင်တံတားချဉ်းကပ်လမ်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။...

လောင်းကစားမြို့တော်ဖြစ်လာမည့် ဘုရားသုံးဆူမြို့

ရှမ်းမြောက်ဒေသက ကာစီနိုတွေ အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းတွေ ဆက်တိုက်အဖြိုချခံနေရတဲ့ အချိန်မှာ ဒုတိယကမ္ဘာစစ်အတွင်းက လူအသက်ပေါင်းများစွာ မြှုပ်နှံခဲ့လို့ သေမင်းတမန်ရထားလမ်း နာမည်ဆိုးနဲ့ထင်ရှားခဲ့တဲ့ ဘုရားသုံးဆူမြို့ဟာ လောင်းကစားမြို့တော်အဖြစ်ကို တာစူနေပါပြီ။ အွန်လိုင်းလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ (၃၁)...

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှု ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံအများဆုံးဖြစ်

ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု အများဆုံးစာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံးမှပါဝင်ကြောင်း မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၁၀၀၃...

Page 9 of 99 1 8 9 10 99

Stay Connected

  • Trending
  • Comments
  • Latest

Recent News