ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

ရွေးကောက်ပွဲကျင်းပနိုင်ရေး NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး

မည်သည့်အချိန်အခါ၌ ကျင်းပနိုင်မည်ကို မသိရှိနိုင်သေးသော ရှေ့လာမည့်ရွေးကောက်ပွဲအတွက် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်း‌ရေးကော်မတီ (NSPNC) နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်း သတင်းရရှိသည်။ ၄င်းတွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ...

ဆန်ကို ရည်ညွှန်း‌ဈေးဖြင့် ရောင်းချခြင်းမရှိပါက အရေးယူမည်ဆိုပြီးနောက် ဆန်ဈေးပိုတက်လာ

စာသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်သည့် သင့်တင့်မျှတသောဆန်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟုဆိုပြီးနောက် ယခုအခါ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။ ဆန်များကိုပြည်ပတင်ပို့နေသည့်အပြင် ရေကြီးသဖြင့် စပါးခင်းများပျက်စီးခြင်းတို့ကြောင့် ဆန်ဈေးများတက်လာကြောင်း၊ အောက်ခြေရောင်းဝယ်နေသူများအရေးယူခြင်းထက် အထက်ကုန်သည်ကြီးများကို အဆင့်ဆင့်စိစစ်ကာ ဖော်ထုတ်အရေးယူစေလိုကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများက ပြောကြားသည်။...

ရေးခရိုင်အတွင်း သက်ကြီးဘိုးဘွားထောက်ပံ့ကြေး ပေးအပ်နိုင်ခြင်းမရှိသေး

အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်နှစ်လျှင် (၄)ကြိမ် ထောက်ပံ့ကြေးပေးအပ်လျက်လာခဲ့ပြီး ယခုနှစ်ဘဏ္ဍာရေးနှစ်ကစတင်၍ တစ်နှစ်လျှင် (၂) ကြိမ်သာ ထောက်ပံ့ပေးမည်ဟုဆိုသော်လည်း မွန်ပြည်နယ်၊ ရေးခရိုင်အတွင်းရှိ သက်ကြီးဘိုးဘွားများအနေဖြင့် တစ်နှစ်နီးပါးကြာသည်အထိ သက်ဆိုင်ရာမှ ထောက်ပံ့မှုပေးအပ်နိုင်ခြင်း မရရှိသေးကြောင်း သိရသည်။ လူမှုဝန်ထမ်းဦးစီးဌာနမှ...

မဲဆောက်မြို့ဘက်မှ မြဝတီမြိုဘက်သို့ သွယ်တန်းထားသည့် အင်တာနက် ကေဘယ်ကြိုးများအား ထိုင်းအာဏာပိုင်များ ဖြတ်တောက်

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ဘက်မှ မြဝတီမြိုဘက်သို့ တရားမဝင်သွယ်တန်းထားသည့် အင်တာနက် ကေဘယ်ကြိုးများအား ထိုင်းအာဏာပိုင်များမှ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။ ထိုင်း - မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းမှ သောင်ရင်းမြစ်အားဖြတ်ကာ...

MNDAA အပစ်အခတ်ရပ်စဲလိုက်ပြီး စစ်ကောင်စီတပ်ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်တော့မည်မဟုတ်ဟု ဆို

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှ ကိုးကန့်တပ်မတော် MNDAA က တဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပြီး စစ်ကောင်စီတပ်ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်တော့မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုအပေါ် တက်တက်ကြွကြွပါဝင်ပြီး လားရှိုးတိုက်ပွဲအပါအဝင် နှစ်ဖက်တပ်ကြား ဖြစ်နေသည့်ကိစ္စရပ်များကို...

ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများထံမှ ကျည်ဆံများ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများထံမှ ကျည်ဆံများ ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၏ ဖေါ်ပြချက်အရ သိရသည်။ ဒီဇင်ဘာလ (၃) ရက်နေ့ ညပိုင်းအချိန်က ကန်ချနာဘူရီခရိုင်၊ မွေမြို့နယ်အတွင်း ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေး ကင်းလှည့်နေစဉ်...

ရေးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်ဆက်လက်ထမ်းဆောင်ရန် ဆန္ဒမရှိကြ

ရေးခရိုင်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုအနေဖြင့် မိမိတို့အတွက် လုံခြုံရေးစိတ်မချရခြင်းကြောင့် အသက်အန္တရယ်စိုးရိမ်ရသဖြင့် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိတော့ကြောင်း သိရသည်။ ယခုနှစ်ပွင့်လင်းရာသီမှစတင်၍ ရေးဘီးလူးအဖွဲ့မှ မြို့နှင့် မလှမ်းမကမ်းတွင် ခပ်စိတ်စိတ်လှုပ်ရှားလာကြောင်း၊ ၎င်းတို့လှုပ်ရှားလာသည့်နယ်မြေများသည် စစ်ကောင်စီတပ်ရင်းများနှင့် တစ်မိုင်၊ နှစ်မိုင်အတွင်းသာရှိသော်လည်း စစ်ကောင်စီမှ လိုက်လံချေမှုန်းတိုက်ခိုက်နိုင်စွမ်း...

မွန်ပြည်နယ်အတွင်း မိုးစပါးအထွက်နှုန်းကျဆင်းပြီး တောင်သူများ ချေးငွေမဆပ်နိုင်ဖြစ်နေ

ပြီးခဲ့သည့် မိုးရာသီကာလအတွင်း မိုးစပါးစိုက်ပျိုးထားသည့် လယ်ကွင်းများ ရေကြီးနစ်မြှုပ်ခြင်း နှင့် စပါးပင်များ ရင့်မှဲ့ချိန်တွင် အဖျက်ပိုးကျခြင်းများကြောင့် မွန်ပြည်နယ်အတွင်း မိုးစပါးအထွက်နှုန်းကျဆင်းပြီး၊ တောင်သူများအနေဖြင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ မိုးစပါးချေးငွေ မဆပ်နိုင်ဖြစ်နေကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။ ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါးများစိုက်ပျိုးထားသည့်...

ကုန်သွယ်ရေးမူဝါဒအသစ်ကြောင့် ဆေးဝါးများပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုရင်ဆိုင်နေရ

စစ်ကောင်စီ၏ ကုန်သွယ်ရေးမူဝါဒအသစ်ကြောင့် ပြည်ပမှတင်သွင်းနေရသည့် အရေးကြီးဆေးဝါးအချို့ ပြတ်လပ်မှုနှင့်ကြုံတွေ့နေရပြီး အချို့ဆေးဝါးများမှာ ပစ္စည်းရှားပါးသဖြင့် ဈေးနှုန်းကြီးမြင့်စွာဝယ်ယူမှသာ ရရှိနိုင်တော့ကြောင်း ပြည်တွင်းဆေးဝါးကုမ္ပဏီများထံက သိရသည်။ စစ်ကောင်စီက ယခုနှစ်စက်တင်ဘာကစတင်ကာ ပို့ကုန်ရငွေတင်ပြနိုင်မှသာ ဆေးဝါးများအပါအဝင် ပြည်ပသွင်းကုန်များတင်သွင်းရန် မူဝါဒအသစ်ချမှတ်ထားပြီး နိုင်ငံခြားငွေရရှိရန်ခက်ခဲခြင်းအပြင် သွင်းကုန်တင်သွင်းခွင့်လျှောက်ထားပါက အချိန်ကြာမြင့်ခြင်းတို့ကြောင့်...

ဖမ်းဆီးမိသော ထိုင်းငါးဖမ်းစက်လှေအတွင်း အကြမ်းဖက်အဖွဲ့များနှင့်ဆက်နွယ်သည့် ပစ္စည်းများတွေ့ရှိသည့်အတွက် စစ်ဆေးလျက်ရှိ

မြန်မာရေပိုင်နက်အတွင်းဝင်ရောက်သဖြင့် ပစ်ခတ်ဖမ်းဆီးရမိခဲ့သော ထိုင်းငါးဖမ်းစက်လှေတွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်နွယ်နေသည့် လက်နက်ခဲယမ်းမဟုတ်သည့်ပစ္စည်းများတွေ့ရသည့်အတွက် စစ်ဆေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ ဒီဇင်ဘာလ ၂ ရက်နေ့ညပိုင်းက စစ်ကောင်စီဗိုလ်ချုပ် ဇော်မင်းထွန်းက ဗီဒီယိုမှတဆင့်ထုတ်ပြန်ခဲ့ရာတွင် '' ထိုင်းနိုင်ငံဖက်ကို တရားဝင်အကြောင်းကြားထားပြီးဖြစ်ပါတယ်။ သူတို့နဲ့အတူ လက်နက်ခဲယမ်းမဟုတ်တဲ့...

Page 5 of 98 1 4 5 6 98

Stay Connected

  • Trending
  • Comments
  • Latest

Recent News