🤙ဂျိုင်းမြစ်ဝှမ်းဒေသမှ နေရပ်စွန့်ခွာစစ်ဘေးရှောင်များအနေဖြင့် မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့နှင့် ဆက်သွယ်ချိတ်ဆက်ထားကြရန်တိုက်တွန်း
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာတချို့ နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများပါဝင်သည့် ဂျိုင်းမြစ်ဝှမ်းဒေသမှ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင် ဒေသခံပြည်သူများအနေဖြင့် ထောက်ပံ့ကူညီရေးပစ္စည်းများ ရရှိစေရန်အတွက် မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့နှင့် ဆက်သွယ်ချိတ်ဆက်ထားကြရန် ယင်းအဖွဲ့မှ တိုက်တွန်းပြောကြားထားသည်။