ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

⛈️အနင်းကျေးရွာအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၅၀) ခန့်အမိုးလန်ပျက်စီးပြီး ဒေသခံ (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

⛈️အနင်းကျေးရွာအတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၅၀) ခန့်အမိုးလန်ပျက်စီးပြီး ဒေသခံ (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာအတွင်း ယမန်နေ့ မွန်းလွဲပိုင်းအချိန်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၅၀) ခန့် အမိုးလန်ပျက်စီးခြင်း၊ အပင်များနှင့် ဓါတ်တိုင်များကျိုးပဲ့ပျက်ဆီးခြင်းအပြင် ဒေသခံ (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

🏚️💰🏠မြန်မာရေတပ်အမြှောက်ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သော ဓမ္မသကျေးရွာရှိ နေအိမ်များပြန်လည်တည်ဆောက်ရေးအတွက် စစ်ကောင်စီမှ အလှူငွေထောက်ပံ့ပေးအပ်

🏚️💰🏠မြန်မာရေတပ်အမြှောက်ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သော ဓမ္မသကျေးရွာရှိ နေအိမ်များပြန်လည်တည်ဆောက်ရေးအတွက် စစ်ကောင်စီမှ အလှူငွေထောက်ပံ့ပေးအပ်

မြန်မာရေတပ်အမြှောက်ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သော ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာရှိ နေအိမ်များပြန်လည်တည်ဆောက်ရေးအတွက် စစ်ကောင်စီမှ မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ Mon Humanitarian Support Alliance အား ယမန်နေ့က အလှူငွေထောက်ပံ့ပေးအပ်ခဲ့ရာတွင် စစ်ဘေးရှောင်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

🪖🔫ရေးမြို့နယ် အာယုတောင် ပြည်သူ့စစ် (ဌာနေ) အဖွဲ့အား စစ်ကောင်စီတပ်မှ လက်နက်တပ်ဆင်ပေးခဲ့သောကြောင့် တိုက်ပွဲများဖြစ်ပေါ်လာမည်ကို ဒေသခံများစိုးရိမ်

🪖🔫ရေးမြို့နယ် အာယုတောင် ပြည်သူ့စစ် (ဌာနေ) အဖွဲ့အား စစ်ကောင်စီတပ်မှ လက်နက်တပ်ဆင်ပေးခဲ့သောကြောင့် တိုက်ပွဲများဖြစ်ပေါ်လာမည်ကို ဒေသခံများစိုးရိမ်

ရေးမြို့နယ် အာယုတောင် ပြည်သူ့စစ် (ဌာနေ) အဖွဲ့အား စစ်ကောင်စီဘက်မှ လက်နက်တပ်ဆင်ပေးခဲ့သောကြောင့် တိုက်ပွဲများဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်ကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

⛈️နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် ထို့ကော်ကိုး၊ ၁၀၁၈ – လမ်း နှင့် ကြက်ဥတောင်လမ်းများ သွားလာမရတော့သဖြင့် မြဝတီ – ကော့ကရိတ်လမ်းဟောင်း၌ မော်တော်ယာဉ်ထောင်နှင့်ချီပြီး စောင့်ဆိုင်းနေကြ

⛈️နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် ထို့ကော်ကိုး၊ ၁၀၁၈ – လမ်း နှင့် ကြက်ဥတောင်လမ်းများ သွားလာမရတော့သဖြင့် မြဝတီ – ကော့ကရိတ်လမ်းဟောင်း၌ မော်တော်ယာဉ်ထောင်နှင့်ချီပြီး စောင့်ဆိုင်းနေကြ

နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် မြဝတီမြို့မှ ကော့ကရိတ်မြို့ဘက်သို့သွားလာနေကြသော ဒေါနတောင်ကျော်လမ်းများဖြစ်ကြသည့် ထို့ကော်ကိုး၊ ၁၀၁၈ - လမ်း နှင့် ကြက်ဥတောင်လမ်းများ သွားလာမရတော့သဖြင့် မြဝတီ - ကော့ကရိတ်လမ်းဟောင်းမှ သွားလာနိုင်ရေး မော်တော်ယာဉ်များ ထောင်နှင့်ချီပြီး စောင့်ဆိုင်းနေကြသည်။ ကားသမားတစ်ဦးက...

⛈️မော်လမြိုင်ပြည်သူ့ဆေးရုံကြီး တောင်ပေါ်ဆောင်အနီးရှိ ပိတောက်ပင်မှာ ယနေ့ ဇူလိုင်လ (၂၆) ရက်နေ့ မနက် (၈) နာရီအချိန်ခန့်က အမြစ်ကျွတ်ကာလဲကျရာမှ ဆေးရုံအဆောက်အဦး၏ အမိုးနှင့် မျက်နှာကျက်များ ထိခိုက်ပျက်စီးခဲ့သည်။
⛈️မိုးရက်ဆက်ရွာသွန်းနေမှုကြောင့် မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်နေပြီး ဘီးလင်းမြို့နယ်၌ ရန်ကုန် – မော်လမြိုင်ကားလမ်း ယာယီပိတ်ထား

⛈️မိုးရက်ဆက်ရွာသွန်းနေမှုကြောင့် မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်နေပြီး ဘီးလင်းမြို့နယ်၌ ရန်ကုန် – မော်လမြိုင်ကားလမ်း ယာယီပိတ်ထား

ယခုဇူလိုင် တတိယအပတ်အတွင်း မိုးရက်ဆက်ရွာသွန်းနေမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့ရေကြီးရေလျှံမှုဖြစ်ပွားနေသလို ဘီးလင်းမြို့နယ်အတွင်း ရေကျော်နေသည့်အတွက် ရန်ကုန် - မော်လမြိုင်ကားလမ်းအား ယာယီပိတ်ထားရသည်။ ယနေ့ ဇူလိုင်လ (၂၆) ရက် နံနက် (၈) နာရီခွဲအချိန်တိုင်းတာချက်များအရ ဘီးလင်းမြစ်ရေမှာ ဘီးလင်းမြို့၏...

💥ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံပြည်သူ (၈) ဦးသေဆုံး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

💥ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံပြည်သူ (၈) ဦးသေဆုံး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအတွင်း ဇူလိုင်လ (၂၃) ရက်နေ့ နံနက်ပိုင်းအချိန်က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ (၈) ဦးသေဆုံးခဲ့ကာ (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

💥စစ်ဘေးရှောင်များ ပြန်လာနေသော ချောင်းနှစ်ခွကျေးရွာတွင် နေအိမ်များမွှေနှောက်ဖောက်ထွင်းခံထားရပြီး အိမ်အချို့မှာမီးလောင်ပျက်စီးကုန်ပြီဟုဆို

💥စစ်ဘေးရှောင်များ ပြန်လာနေသော ချောင်းနှစ်ခွကျေးရွာတွင် နေအိမ်များမွှေနှောက်ဖောက်ထွင်းခံထားရပြီး အိမ်အချို့မှာမီးလောင်ပျက်စီးကုန်ပြီဟုဆို

ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်များ ပြန်လာနေသော ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ၌ နေအိမ်များမွှေနှောက်ဖောက်ထွင်းခံထားရပြီး အိမ်အချို့မှာမီးလောင်ပျက်စီးသွားခဲ့သည်ကို တွေ့ရကြောင်း ယင်းဒေသခံများက ပြောကြားသည်။ အိမ်ခြေတစ်ထောင်ဝန်းကျင်ခန့်ရှိသည့် ချောင်းနှစ်ခွကျေးရွာအတွင်းရှိ နေအိမ် ထက်ဝက်ကျော်မှာ စစ်ဘေးဒဏ်သင့်ခဲ့သဖြင့် မီးလောင်ပျက်စီးနေပြီး ကျန်ရှိသည့်နေအိမ်အားလုံးမှာလည်း နေအိမ်ဖောက်ထွင်းခံထားရကာ မွှေနှောက်ဖျက်ဆီးခံထားရကြောင်း၊ လူပြန်လည်နေထိုင်၍မရလောက်အောင်လည်း...

🎙️မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်း၏ တိုက်ပွဲအသွင်ပြောင်းလဲခြင်း မိန့်ခွန်း

🎙️မွန်ပြည်သူ့တပ်ဦး ဥက္ကဌ နိုင်အောင်ထွန်း၏ တိုက်ပွဲအသွင်ပြောင်းလဲခြင်း မိန့်ခွန်း

မွန်ပြည်သူ့တပ်ဦးသည် အစိုးရနှင့် သဘောတူညီမှုရယူခဲ့သော ဇူလိုင် (၁၉) ရက်နေ့ကပင် မော်လမြိုင်မြို့ရှိ အမှတ်(၅) တိုင်း စစ်ဌာနချုပ် (ယခု အရှေ့တောင်တိုင်း စစ်ဌာနချုပ်) ၌ တပ်ဖွဲ့ဝင်အင်အား (၁၁၁၁) ဦးတို့က လက်နက်ချခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍...

⚡️မော်လမြိုင်မြို့၊ ပြည်နယ်လျှပ်စစ်ဦးစီးဌာနတွင် မီတာခဖြတ်ပိုင်းရရှိရန် နာရီနှင့်ချီပြီးစောင့်ဆိုင်းနေကြရဟုဆို

⚡️မော်လမြိုင်မြို့၊ ပြည်နယ်လျှပ်စစ်ဦးစီးဌာနတွင် မီတာခဖြတ်ပိုင်းရရှိရန် နာရီနှင့်ချီပြီးစောင့်ဆိုင်းနေကြရဟုဆို

မော်လမြိုင်မြို့၊ ပြည်နယ်လျှပ်စစ်ဦးစီးဌာနရုံးရှိ မီတာခပေးသွင်းရသည့်ကောင်တာတွင် ဝန်ထမ်းများ၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် မီတာခလာသွင်းကြသည့်ပြည်သူများ မီတာဖြတ်ပိုင်းရရှိရန် နာရီနှင့်ချီပြီး အသီးသီးစောင့်ဆိုင်းနေကြရကြောင်း မြို့ခံပြည်သူများ၏ ပြောကြးချက်များအရ သိရသည်။

Page 38 of 97 1 37 38 39 97

Stay Connected

  • Trending
  • Comments
  • Latest

Recent News