ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

⛈️အတ္ထရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ တစ်ပါတ်ခန့်ရှိနေပြီး ရေသန့် ၊ အစားအစာ နှင့် ဆေးဝါးလိုအပ်ချက်များရှိနေ

⛈️အတ္ထရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ တစ်ပါတ်ခန့်ရှိနေပြီး ရေသန့် ၊ အစားအစာ နှင့် ဆေးဝါးလိုအပ်ချက်များရှိနေ

ကျိုက်မရောမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးကျေးရွာများ၌ အတ္ထရံမြစ်ရေလျှံမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ တစ်ပါတ်ခန့်ရှိနေပြီး ရေသန့် ၊ အစားအစာနှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေကြသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများ ဝင်ငွေခွန်ဆောင်ပြီးအထောက်အထားပြသနိုင်မှသာ PJ ပတ်စပို့သက်တမ်းတိုးပေးတော့မည်

ထိုင်းရောက်မြန်မာအလုပ်သမားများ ဝင်ငွေခွန်ဆောင်ပြီးအထောက်အထားပြသနိုင်မှသာ PJ ပတ်စပို့သက်တမ်းတိုးပေးတော့မည်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် ဝင်ငွေခွန်ဆောင်ပြီး အထောက်အထား အပြည့်အစုံ ပြသနိုင်မှသာ PJ ပတ်စပို့သက်တမ်း တိုးပေးတော့မည်ဖြစ်ကြောင်း စစ်ကောင်စီက အသိပေးထုတ်ပြန်ထားသည်။ ယနေ့ဩဂုတ်လ ၁ ရက်မှစပြီး အခြေခံလစာ (၃) လစာ (ခန့်မှန်း ဘတ် ၂၄,၀၀၀)...

သံဖြူဇရပ်-ရေးအကြား အမှတ် (၈) ပြည်ထောင်စုကားလမ်းမကြီးတွင် စစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ

သံဖြူဇရပ်-ရေးအကြား အမှတ် (၈) ပြည်ထောင်စုကားလမ်းမကြီးတွင် စစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ

သံဖြူဇရပ်-ရေးမြို့နယ်အကြားရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များနှင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ နေစဥ်ရက်ဆက်ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

⛈️ဒုံသမိမြစ်ရိုးတလျှောက်ရှိ ကျေးရွာများအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ ရက်သတ္တတစ်ပတ်ခန့်ရှိနေပြီး အရေးပေါ်အကူအညီများလိုအပ်နေ

⛈️ဒုံသမိမြစ်ရိုးတလျှောက်ရှိ ကျေးရွာများအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ ရက်သတ္တတစ်ပတ်ခန့်ရှိနေပြီး အရေးပေါ်အကူအညီများလိုအပ်နေ

သထုံမြို့နယ် ဒုံသမိမြစ်ရိုးတလျှောက်ရှိ ကျေးရွာများအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ ရက်သတ္တတစ်ပတ်ခန့်ရှိနေပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

🇲🇲🤝တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသော နည်းလမ်းပေါင်းစုံဖြင့် UWSP အနေဖြင့် ဆက်လက်ကြိုးပမ်းစွမ်းဆောင်သွားမည်ဟု ကြေညာချက်ထုတ်ပြန်

🇲🇲🤝တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသော နည်းလမ်းပေါင်းစုံဖြင့် UWSP အနေဖြင့် ဆက်လက်ကြိုးပမ်းစွမ်းဆောင်သွားမည်ဟု ကြေညာချက်ထုတ်ပြန်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုအပါအဝင် မိမိ၏အင်အားဖြင့် UWSP ဝပြည်သွေးစည်းညီညွတ်ပါတီက ငြိမ်းချမ်းသော နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ကြိုးပမ်းစွမ်းဆောင် သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၉ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

💥အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးနံဘေး ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့

💥အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးနံဘေး ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးနံဘေး မွန်ပြည်နယ် ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအရပ်သားပြည်သူ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

🇲🇲💵စစ်ခေါင်းဆောင်ယာယီသမ္မတတာဝန် လွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာ့ငွေကြေးတန်ဖိုး အနိမ့်ဆုံးသို့ ဆက်လက်ထိုးကျသွား

🇲🇲💵စစ်ခေါင်းဆောင်ယာယီသမ္မတတာဝန် လွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာ့ငွေကြေးတန်ဖိုး အနိမ့်ဆုံးသို့ ဆက်လက်ထိုးကျသွား

စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေ၏ တာဝန်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇူလိုင် (၂၂) ရက်နေ့က လွှဲပြောင်းရယူခဲ့ပြီးသည့်နောက်ပိုင်း မြန်မာ့ငွေကြေးတန်ဖိုးသည် ပြန်လည်ဦးမော့လာခြင်းမရှိတော့ဘဲ အနိမ့်ဆုံးသို့ ဆက်လက်ထိုးကျသွားကြောင်း သတင်းအချက်အလက်များက ဖော်ပြနေသည်။

🇲🇲👮🏽‍♀️ရှမ်းပြည်တောင်ပိုင်းဒေသကို ကာကွယ်စောင့်ရှောက်သွားမည်ဟု RCSS ကြေညာ

🇲🇲👮🏽‍♀️ရှမ်းပြည်တောင်ပိုင်းဒေသကို ကာကွယ်စောင့်ရှောက်သွားမည်ဟု RCSS ကြေညာ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RSSS/SSA) အနေဖြင့် ရှမ်းပြည်တောင်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် ပြည်သူနှင့် လက်တွဲ၍ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် ရှမ်းပြည်လူထုတို့...

⛈️ရထားလမ်းများ ရေကျော်နေသောကြောင့် ရန်ကုန်-မော်လမြိုင်ရထား ယနေ့ခရီးစဉ် ယာယီဖျက်သိမ်း

⛈️ရထားလမ်းများ ရေကျော်နေသောကြောင့် ရန်ကုန်-မော်လမြိုင်ရထား ယနေ့ခရီးစဉ် ယာယီဖျက်သိမ်း

ရထားသံလမ်းပေါ် ရေကျော်နေသောကြောင့် ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များ ယာယီရပ်နားထားကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ထားသည်။ လက်ရှိတွင် ပဲခူးဘူတာအတွင်း၊ တံတားအမှတ်(၆၀) တွင် ရထားသံလမ်းပေါ်သို့ ရေကျော်နေပြီး ရထားများဖြတ်သန်းသွားလာမရ ဖြစ်နေသောကြောင့် ဇူလိုင်လ ၂၉ ရက်နေ့ မော်လမြိုင်ဘူတာမှထွက်ခွာမည့် အမှတ်(၈၂) အစုန်...

🇲🇲လားရှိုးမြို့အတွင်း ဝတပ်ဖွဲ့ဝင်ရောက်လာ၊ မြို့သိမ်းထားသည်ဟု MNDAA ကြေညာထားသည်ကို မဟုတ်မမှန်ကြောင်း မြန်မာစစ်ကောင်စီငြင်းဆို

🇲🇲လားရှိုးမြို့အတွင်း ဝတပ်ဖွဲ့ဝင်ရောက်လာ၊ မြို့သိမ်းထားသည်ဟု MNDAA ကြေညာထားသည်ကို မဟုတ်မမှန်ကြောင်း မြန်မာစစ်ကောင်စီငြင်းဆို

မြို့သိမ်းတိုက်ပွဲများဖြစ်ပေါ်နေသော ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အတွင်းသို့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့ဝင်များ ယမန်နေ့ညပိုင်းက ဝင်ရောက်လာသလို လားရှိုးမြို့ကိုသိမ်းထားသည်ဟု MNDAA ကြေညာထားသည်ကို မဟုတ်မမှန်ကြောင်း မြန်မာစစ်ကောင်စီဘက်က ငြင်းဆိုထားသည်။ လက်နက်ကိုင်ပဋိပက္ခ စစ်ပွဲများဖြစ်ပွားနေသော လားရှိုးမြို့အတွင်းကို ဘက်အသီးသီးနှင့် ညှိနှိုင်း၍...

Page 37 of 97 1 36 37 38 97

Stay Connected

  • Trending
  • Comments
  • Latest

Recent News