ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

🇹🇭🇲🇲ဘုရားသုံးဆူနယ်စပ်ကို သယ်ဆောင်လာသည့် အင်တာနက် Wi-Fi Router များ ထိုင်းအာဏာပိုင်တို့ ဖမ်းဆီးမိ

🇹🇭🇲🇲ဘုရားသုံးဆူနယ်စပ်ကို သယ်ဆောင်လာသည့် အင်တာနက် Wi-Fi Router များ ထိုင်းအာဏာပိုင်တို့ ဖမ်းဆီးမိ

မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်ကို သယ်ဆောင်လာသည့် အင်တာနက် Wi-Fi Router ၇၅၀ ခုကို ယမန်နေ့က ထိုင်းအာဏာပိုင်တို့ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

🇲🇲⛈️အတ္ထရံမြစ်ရေကြီးမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း စာသင်ကျောင်း (၂၅) ကျောင်း ယာယီပိတ်ထား

🇲🇲⛈️အတ္ထရံမြစ်ရေကြီးမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း စာသင်ကျောင်း (၂၅) ကျောင်း ယာယီပိတ်ထား

အတ္ထရံမြစ်ရေလျှံမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်း (၂၅) ကျောင်းအား ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

🇲🇲🇹🇭မြန်မာနယ်စပ်မှ ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသော တရုတ် ၄ ဦးနှင့် မြန်မာ ၄ ဦးတို့ကို ထောင်ဖာပွန်မရောက်မီတွင် ဖမ်းဆီးမိ

🇲🇲🇹🇭မြန်မာနယ်စပ်မှ ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသော တရုတ် ၄ ဦးနှင့် မြန်မာ ၄ ဦးတို့ကို ထောင်ဖာပွန်မရောက်မီတွင် ဖမ်းဆီးမိ

မြန်မာနယ်စပ် စံခလပူရီမှ သီးသန့်မော်တော်ကားတစ်စီးဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၄ ဦးတို့ကို ထောင်ဖာပွန်မရောက်မီတွင် ဖမ်းဆီးမိကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ထိုင်းနိုင်ငံ ၁၀ နှစ်ကတ်ပြားကိုင်ဆောင်သူ မောင်းနှင်လာသည့်...

🇲🇲👮🏽‍♀️ပြည်ပထွက်ခွာရာတွင် စစ်ကောင်စီမှ ကန့်သတ်မှုအချို့ ပိုမိုတင်းကြပ်လာ

🇲🇲👮🏽‍♀️ပြည်ပထွက်ခွာရာတွင် စစ်ကောင်စီမှ ကန့်သတ်မှုအချို့ ပိုမိုတင်းကြပ်လာ

မြန်မာနိုင်ငံနိုင်ငံသားများ ပြည်ပထွက်ခွာရာတွင် စစ်ကောင်စီမှ ယခုအခါ ကန့်သတ်မှုအချို့ ပိုမိုတင်းကြပ်လာကြောင်း ခရီးသွားများထံမှ သိရသည်။

🇲🇲🇹🇭ဘုရားသုံးဆူနယ်စပ်ဂိတ် အဆင့်မြှင့်တင်ရန် ထိုင်းအစိုးရပြင်ဆင်နေ

🇲🇲🇹🇭ဘုရားသုံးဆူနယ်စပ်ဂိတ် အဆင့်မြှင့်တင်ရန် ထိုင်းအစိုးရပြင်ဆင်နေ

ထိုင်း-မြန်မာ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို အဆင့်မြှင့်တင်ရန် ထိုင်းအစိုးရဘက်က ပြင်ဆင်နေကြောင်း ထိုင်းဘာသာဖြင့် ဖော်ပြသော ကန်ချနပူရီဒေသတွင်း သတင်းမှသိရသည်။

ဝဲခမိကျေးရွာအထက ဆရာ/မ ၅ ဦးတို့ကို ပြောက်ကျားယူနီဖောင်းဝတ် လက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်သွား

ဝဲခမိကျေးရွာအထက ဆရာ/မ ၅ ဦးတို့ကို ပြောက်ကျားယူနီဖောင်းဝတ် လက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်သွား

ဝဲခမိကျေးရွာအထက ဆရာ/မ ၅ ဦးတို့ကို ပြောက်ကျားယူနီဖောင်းဝတ် လက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်သွား

🇹🇭🇲🇲ထိုင်းနိုင်ငံ တရားမဝင်အလုပ်သမား ဖမ်းဆီးရေးစီမံချက်၏ ရက်ပေါင်း (၅၀) အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးမိ

🇹🇭🇲🇲ထိုင်းနိုင်ငံ တရားမဝင်အလုပ်သမား ဖမ်းဆီးရေးစီမံချက်၏ ရက်ပေါင်း (၅၀) အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးမိ

ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင်အလုပ်သမားများ ဖမ်းဆီးရေးရက်ပေါင်း (၁၂၀) စီမံချက်၏ ရက်ပေါင်း (၅၀) အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။

PDF နှင့်ဆက်စပ်နေသည်ဟု ဆိုကာ ကျိုက္ကော်ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ချိပ်ပိတ်ခံရ

PDF နှင့်ဆက်စပ်နေသည်ဟု ဆိုကာ ကျိုက္ကော်ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ချိပ်ပိတ်ခံရ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့်ဆက်စပ်ပတ်သက်မှုရှိသည်ဟုဆိုကာ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးစိုး လာရောက်ဖမ်းဆီးသွားပြီးနောက် ၄င်း နေအိမ်အား ယမန်နေ့ ဩဂုတ်လ (၁) ရက်က စစ်ကောင်စီပူးပေါင်းအဖွဲ့မှ လာရောက် ချိပ်ပိတ်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

💥မိုင်းခွဲဖျက်ဆီးခံထားရသည့် တံတားအား ယာယီမြေဖို့ပြုပြင်ကာ မော်တော်ယာဉ်များဖြတ်သန်းသွားလာခွင့်ပြုထား

💥မိုင်းခွဲဖျက်ဆီးခံထားရသည့် တံတားအား ယာယီမြေဖို့ပြုပြင်ကာ မော်တော်ယာဉ်များဖြတ်သန်းသွားလာခွင့်ပြုထား

ယနေ့ မနက်အစောပိုင်းအချိန်က မိုင်းခွဲဖျက်စီးခံထားရသည့် သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကွက်သစ်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်းအား ယာယီမြေဖို့ပြုပြင်ကာ မော်တော်ယာဉ်များဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။

💥သထုံမြို့နယ်အတွင်း တံတားငယ်တစ်စင်း မိုင်းထောင်ဖောက်ခွဲခံရပြန်သဖြင့် ခရီးသွားများ အခက်အခဲဖြစ်ပေါ်

💥သထုံမြို့နယ်အတွင်း တံတားငယ်တစ်စင်း မိုင်းထောင်ဖောက်ခွဲခံရပြန်သဖြင့် ခရီးသွားများ အခက်အခဲဖြစ်ပေါ်

သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကွက်သစ်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ တံတားငယ်တစ်စင်းမှာ ယနေ့ ဩဂုတ်လ (၂) ရက်နေ့ နံနက်အစောပိုင်းအချိန်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရပြန်သဖြင့် ခရီးသွားများ အခက်အခဲဖြစ်ပေါ်သွားရကြောင်း သိရသည်။

Page 36 of 97 1 35 36 37 97

Stay Connected

  • Trending
  • Comments
  • Latest

Recent News