ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

MNDAA နှင့် စစ်ကောင်စီတို့ ကူမင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ခဲ့၊ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

MNDAA နှင့် စစ်ကောင်စီတို့ ကူမင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ခဲ့၊ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် လားရှိုးမြို့အုပ်ချုပ်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကြောင့် မအောင်မြင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ဆွေးနွေးပွဲအတွင်း MNDAA ဘက်က လားရှိုးမြို့အား ကိုးကန့်နယ်မြေအဖြစ် ခွဲအုပ်ချုပ်ခွင့် တောင်းဆိုခဲ့ရာ...

ထိုင်းပညာရေးကို အရှေ့တောင်အာရှမှာ အောက်ဆုံးနီးပါးထားတဲ့ သတင်းကြီးကို ထိုင်းအစိုးရက လက်မခံဘူးဆိုပဲ။

ထိုင်းပညာရေးကို အရှေ့တောင်အာရှမှာ အောက်ဆုံးနီးပါးထားတဲ့ သတင်းကြီးကို ထိုင်းအစိုးရက လက်မခံဘူးဆိုပဲ။

သူတို့ပြောတာက 'ဒီအဆင့်သတ်မှတ်ချက်က လက်ရှိအခြေအနေနဲ့ မကိုက်ဘူး၊ အချက်အလက်တွေလည်း မပြည့်စုံဘူး' တဲ့။ ကမ္ဘာ့လူဦးရေစာရင်းဌာန (World Population Review) က ၂၀၂၅ အတွက် ထုတ်ပြန်တဲ့ စာရင်းမှာဆိုရင် ထိုင်းက ၂၀၃ နိုင်ငံထဲမှာ ၁၀၇...

မိုင်းရှူးမြို့နယ် တောတွင်းနေရာမှ တရုတ်ကျားဖြန့်များ SSPP ဖမ်းဆီးမိ

မိုင်းရှူးမြို့နယ် တောတွင်းနေရာမှ တရုတ်ကျားဖြန့်များ SSPP ဖမ်းဆီးမိ

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု အတွင်းရှိ တောတွင်းနေရာတစ်ခုတွင် တရုတ်နိုင်ငံသားများ ပါဝင်သည့် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်စုအား ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ယမန်နေ့ နံနက်အစောပိုင်းက ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးရမိသူများနှင့်အတူ ဖုန်းမျိုးစုံ၊ တက်ဘလက်များ (I Pad)၊လက်တော့ပ်ကွန်ပျူတာများ အပါအဝင်...

ထိုင်းဖမ်းမိသောမူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုမရှိကြောင်း DKBA ငြင်းဆို

ထိုင်းဖမ်းမိသောမူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုမရှိကြောင်း DKBA ငြင်းဆို

ထိုင်း-မြန်မာနယ်စပ်နယ်မြေ မြဝတီဘက်မှ မတ်လ ၂၁ ရက်က ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးအကြီးစား မှောင်ခိုမှုနှင့် ပတ်သက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဘက်မှ ဗိုလ်ချုပ် စောဆန်းအောင်က "လုံးဝမသက်ဆိုင်" ကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။ ထိုင်းအာဏာပိုင်များက...

လားရှိုးတွင် လိင်ဖျော်ဖြေရေးလုပ်ကိုင်သူများအား ကျန်းမာရေးစစ်ဆေးပြီး လုပ်ခွင့်ပြု

လားရှိုးတွင် လိင်ဖျော်ဖြေရေးလုပ်ကိုင်သူများအား ကျန်းမာရေးစစ်ဆေးပြီး လုပ်ခွင့်ပြု

ရှမ်းပြည်မြောက်ပိုင်း၊ MNDAA အထူးဒေသ(၁) အောက်ရှိ လားရှိုးမြို့တွင် KTV၊ အနှိပ်ခန်းနှင့် လိင်ဖျော်ဖြေရေး ပြည့်တန်ဆာလုပ်ငန်းများလုပ်ကိုင်သူများအား ကျန်းမာရေးစစ်ဆေးကာ လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်ပြုလျက်ရှိကြောင်း မြို့ပြန်လည်ထူထောင်ရေးအဖွဲ့မှ သိရသည်။ မတ် ၂၃ ရက်က အထူးဒေသ(၁) ကျန်းမာရေးဌာနက ဆေးစစ်ခဲ့ပြီး အသည်းရောင်...

ရှမ်းပြည်တောင်ပိုင်းတွင် အာဏာပိုင်များကို လာဘ်ငွေထိုးပြီး ဘိန်းစိုက်ပျိုးခွင့်ရနေ

ရှမ်းပြည်တောင်ပိုင်းတွင် အာဏာပိုင်များကို လာဘ်ငွေထိုးပြီး ဘိန်းစိုက်ပျိုးခွင့်ရနေ

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် အာဏာပိုင်များကို လာဘ်ငွေထိုးပြီး ဘိန်းစိုက်ပျိုးခွင့်ရနေသောကြောင့် ဘိန်းစိုက်ပျိုးမှု နှစ်စဉ်စံချိန်တင် မြင့်တက်လာကာ မတ်လတတိယပတ်အတွင်း ဘိန်းမည်းတစ်ပိဿာလျှင် ကျပ် ၁၄ သိန်းအထိ စျေးကွက်ရှိလာသည်ဟု သိရသည်။ ဒေသခံအာဏာပိုင်များ၊ စစ်တပ်နှင့် ပြည်သူ့စစ်များထံ လာဘ်ငွေထိုးမှုများဖြင့်...

ရှမ်းပြည်မြောက်ပိုင်းတွင် SSPP/SSA နှင့် TNLA တပ်ဖွဲ့များ စစ်ရေးတင်းမာမှု ပြင်းထန်လာ

ရှမ်းပြည်မြောက်ပိုင်းတွင် SSPP/SSA နှင့် TNLA တပ်ဖွဲ့များ စစ်ရေးတင်းမာမှု ပြင်းထန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အား PSLF/TNLA (ပလောင်) တပ်ဖွဲ့များက စစ်ရေးဖိအားပေး မောင်းထုတ်လာမှုကြောင့် နှစ်ဖက်ကြား ပဋိပက္ခအရေးနှင့် ရင်ဆိုင်နေရပြီး ဒေသခံများအတွင်း စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ မတ် ၂၃ ရက် နေ့လည်ပိုင်းက...

နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဦးအောင်မျိုးမင်း၏ နေအိမ်ပေါ်သို့ ယမန်နေ့ ညနေ (၄) နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် ဦးအောင်မျိုးမင်း၏ သားဖြစ်သူ အသက် (၁၁) နှစ်အရွယ် Grade...

Peace Talk 2025 ဟာ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘဲ ကြေညာစာတမ်းသက်သက်သာ ဖြစ်လိမ့်မယ်

Peace Talk 2025 ဟာ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘဲ ကြေညာစာတမ်းသက်သက်သာ ဖြစ်လိမ့်မယ်

နေပြည်တော်မှာ ကျင်းပနေတဲ့ Peace Talk 2025 ငြိမ်းချမ်းရေးစကားဝိုင်းဟာ လက်တွေ့မှာ ဘာမှ အကျိုးသက်ရောက်မှု မရှိဘဲ ကြေညာစာတမ်းတစ်ခုသက်သက်သာ ဖြစ်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေနဲ့ ပြည်သူတွေက ဝေဖန်နေကြပါတယ်။ အဓိကအကြောင်းကတော့ ဒီဆွေးနွေးပွဲမှာ ပဋိပက္ခတွေရဲ့ အချက်အခြာကျတဲ့ အဖွဲ့တွေဖြစ်တဲ့...

အရက်ဖိုးမပေး၍ သံဃာတော်တစ်ပါးအား တူတော်စပ်သူမှ ဓားဖြင့် ထိုးသတ်မှု

အရက်ဖိုးမပေး၍ သံဃာတော်တစ်ပါးအား တူတော်စပ်သူမှ ဓားဖြင့် ထိုးသတ်မှု

အရက်ဖိုးမပေး၍ သံဃာတော်တစ်ပါးအား တူတော်စပ်သူမှ ဓားဖြင့် ထိုးသတ်မှု သထုံမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် (၅) နာရီခွဲအချိန်ခန့်က သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ကုန်းပေါ်တန်းလမ်းရှိ မဟာဗောဓိဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သီတင်းသုံးနေသော ခန်းနေကိုယ်တော် ဥူးဝေပုံလ မှာ...

Page 3 of 137 1 2 3 4 137

Stay Connected

  • Trending
  • Comments
  • Latest

Recent News