အသက် ၃၅ နှစ်အထက် အိမ်ထောင်ဦးစီးများ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့မှ ရှောင်ပြေးဖို့အခက်တွေ့နေ
စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် ရှိနေကြသော အသက် ၃၅ နှစ်အထက်များအား ပြည်သူ့လုံခြုံရေး နှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ထဲသို့ အတင်းအကျပ်ထည့်သွင်းလျက်ရှိရာ အိမ်ထောင်ဦးစီးများအနေဖြင့် ရှောင်ပြေးဖို့အခက်တွေ့နေကြောင်း ချင်းမိုင်အခြေစိုက် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်က သုံးသပ် ပြောဆိုလိုက်သည်။