ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

နယ်စပ်မှ စားသောက်ကုန်ပစ္စည်းများအပြင် တင်ဆောင်လာသော မော်တော်ယာဉ်ကိုပါ ဖမ်းသိမ်း

နယ်စပ်မှ စားသောက်ကုန်ပစ္စည်းများအပြင် တင်ဆောင်လာသော မော်တော်ယာဉ်ကိုပါ ဖမ်းသိမ်း

နယ်စပ်မှ တင်သွင်းလာသော စားသောက်ကုန်ပစ္စည်းများကို စာရွက်စာတမ်းတင်ပြနိုင်ခြင်းမရှိလျင် တရားမဝင်ကုန်ပစ္စည်းအဖြစ်သတ်မှတ်သည့်အပြင် တင်ဆောင်လာသော မော်တော်ယာဉ်ကိုပါ ဖမ်း၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီအဖမ်းအဆီးကြမ်းသဖြင့် ဈေးကွက်အတွင်း ထိုင်းနှင့်တရုတ်ကုန်စည်ပြတ်လပ်

နယ်စပ်မှတင်သွင်းလာသည့်လူသုံးကုန်ပစ္စည်းများကို စစ်ကောင်စီက နေ့စဉ်ရက်ဆက်ဖမ်းဆီးအရေးယူမှုတွေ ဆောင်ရွက်နေသောကြောင့် ထိုင်းနှင့် တရုတ်ကုန်စည်များ စတင်ပြတ်လပ်လာနေကြောင်း သိရသည်။ ပြည်တွင်းတွင် ထိုင်းနှင့်တရုတ်နိုင်ငံထုတ်ပစ္စည်းများကို အဓိကအားပြုနေရပြီး နယ်စပ်မှအဓိကတင်သွင်းနေရာမှ တရားမဝင်ကုန်စည်တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရားမဝင်တင်သွင်းလာသည့်ကုန်စည်များကို ထိရောက်စွာဖမ်းဆီးအရေးယူရန်ညွန်ကြားခဲ့ပြီးနောက်ပိုင်းတွင် ကုန်စည်ပြတ်လပ်သည်အထိ ပိုမိုဖမ်းဆီးလာခြင်းဖြစ်သည်။...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအလုပ်သမားအချင်းချင်း စကားများရန်ဖြစ်ကာ ဓါးထိုးမှုဖြစ်ပွားခဲ့ရာမှ နှစ်ဦးသေဆုံးတစ်ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအလုပ်သမားအချင်းချင်း စကားများရန်ဖြစ်ကာ ဓါးထိုးမှုဖြစ်ပွားခဲ့ရာမှ နှစ်ဦးသေဆုံးတစ်ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအလုပ်သမားအချင်းချင်း စကားများရန်ဖြစ်ကာ ဓါးထိုးမှုဖြစ်ပွားခဲ့ရာမှ နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်များအရ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ (၂၈) ရက်နေ့ည (၁၁) နာရီအချိန်ခန့်က ဘန်ကောက်မြို့၊ တလင်းချန်းနယ်မြေတွင်နေထိုင်သည့်အသက် (၂၇) နှစ်ရွယ်ခန့်ရှိ...

ပေါင်မြို့နယ် အလှပ်နှင့် ဝဲပတန်ကျေးရွာများရှိ ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနေ

ပေါင်မြို့နယ် အလှပ်နှင့် ဝဲပတန်ကျေးရွာများရှိ ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနေ

ပေါင်မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ကျေးရွာများဖြစ်ကြသော အလှပ်ကျေးရွာနှင့် ဝဲပတန်ကျေးရွာများအတွင်းနေထိုင်သည့် ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်မှန်လုံယာဉ်ငယ်တစ်စီးပေါ်မှ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်မှန်လုံယာဉ်ငယ်တစ်စီးပေါ်မှ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

ရန်ကုန် - မော်လမြိုင်ကားလမ်းမပေါ်ရှိ ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်ငယ်တစ်စီးပေါ်မှ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် လာမည့် ၁၀ နှစ်အတွင်း ဒရုန်းအစင်းရေ ၁ သန်းအထိ မှတ်ပုံတင်နိုင်ရန်မျှော်လင့်

ထိုင်းနိုင်ငံတွင် လာမည့် ၁၀ နှစ်အတွင်း ဒရုန်းအစင်းရေ ၁ သန်းအထိ မှတ်ပုံတင်နိုင်ရန်မျှော်လင့်

ထိုင်းနိုင်ငံသည် ဒရုန်းများကို သုတေသနလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ဓာတ်ပုံနှင့်ရိုက်ကူးရေးလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများအတွက် လာမည့် (၁၀)နှစ်အတွင်း ဒရုန်းအစင်းရေ (၁) သန်းအထိ မှတ်ပုံတင်နိုင်ရန် မျှော်လင့်ထားကြောင်း အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ (CAAT)က ထုတ်ဖော်ပြောဆို လိုက်သည်။

အနန်းကွင်း-ဘုရားသုံးဆူလမ်းမပေါ်ရှိ သံပုရာရွာအတွင်း စစ်ကောင်စီလေကြောင်းမှ ပေါင် (၅၀၀) ဗုံးကြဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ဘုရားကျောင်းနှင့် နေအိမ်ထိခိုက်ပျက်စီး

အနန်းကွင်း-ဘုရားသုံးဆူလမ်းမပေါ်ရှိ သံပုရာရွာအတွင်း စစ်ကောင်စီလေကြောင်းမှ ပေါင် (၅၀၀) ဗုံးကြဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ဘုရားကျောင်းနှင့် နေအိမ်ထိခိုက်ပျက်စီး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း-ဘုရားသုံးဆူလမ်းမပေါ်ရှိ ပနော်ကလဲခီးကျေးရွာ (ခေါ်) သံပုရာရွာအတွင်း စစ်ကောင်စီလေကြောင်းမှ ပေါင် (၅၀၀) ဗုံးကြဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ဘုရားကျောင်းတစ်ကျောင်းနှင့် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU (ဗဟို) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသတ်မှတ်သည့် ရည်ညွှန်းစပါးဈေးမှာ လယ်သမားများအခက်အခဲများစွာကြုံတွေ့စေပြီး ကုန်သည်များအကြိုက်တွေ့နိုင်

စစ်ကောင်စီသတ်မှတ်သည့် ရည်ညွှန်းစပါးဈေးမှာ လယ်သမားများအခက်အခဲများစွာကြုံတွေ့စေပြီး ကုန်သည်များအကြိုက်တွေ့နိုင်

စစ်ကောင်စီ ဒုချုပ်စိုးဝင်းဦးဆောင်သည့် မြန်မာ့တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က သတ်မှတ်ခဲ့သည့် ယခုနှစ်အတွက် အခြေခံစပါးရည်ညွန်းဈေးမှာ တောင်သူများအတွက် အခက်အခဲများစွာကြုံတွေ့စေပြီး ကုန်သည်များအကြိုက်ဖြစ်လာနိုင်သည်ဟု လယ်သမားများက ပြောကြားသည်။

မော်လမြိုင်မြို့ရှိ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်နေအိမ် ချိပ်ပိတ်ခံရ

မော်လမြိုင်မြို့ရှိ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်နေအိမ် ချိပ်ပိတ်ခံရ

မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်၊ ထားဝယ်စုရပ်ရှိ သံလွင်တိုင်းမ်သတင်းဌာန၏ အယ်ဒီတာချုပ် ဦးကိုကိုဇော်၏ နေအိမ်အား ယမန်နေ့ မွန်းလွဲပိုင်းအချိန် လာရောက်ချိပ်ပိတ်သွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

မြဝတီမှမန္တလေးသို့ Starlink စက်များ တင်ဆောင်လာသည့် မော်တော်ယာဥ်နှင့်အတူ DKBA အရာရှိတစ်ဦးကို အမြန်လမ်းပေါ်တွင် စစ်ကောင်စီဖမ်းမိ

မြဝတီမှမန္တလေးသို့ Starlink စက်များ တင်ဆောင်လာသည့် မော်တော်ယာဥ်နှင့်အတူ DKBA အရာရှိတစ်ဦးကို အမြန်လမ်းပေါ်တွင် စစ်ကောင်စီဖမ်းမိ

မြဝတီမှမန္တလေးသို့ Starlink စက်များ တင်ဆောင်လာသည့် မော်တော်ယာဥ်နှင့်အတူ DKBA အရာရှိတစ်ဦးကို ဝေါမြိုနယ်၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အလွန် အမြန်လမ်းပေါ်တွင် သတင်းအရ စစ်ကောင်စီက ဖမ်းဆီးမိကြောင်း သိရသည်။

Page 15 of 99 1 14 15 16 99

Stay Connected

  • Trending
  • Comments
  • Latest

Recent News