ကောင်းဝါ KAOWAO

ကောင်းဝါ KAOWAO

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ စီးဆင်းမှုလွန်ကဲလာသောအခါ မီဒီယာပညာတတ်မြောက်မှုသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သတင်းမှားများ ပြန့်ပွားခြင်းနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို တိုက်ဖျက်ရန် တိကျသော၊ ဘက်မလိုက်ဘဲ၊ ဆက်စပ်မှုနှင့် ကြွယ်ဝသော အစီရင်ခံမှုများကို မီဒီယာများက ကြိုးပမ်းသင့်သည်။

မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်း လူမနေသည့်အဆောက်အဦးအနီး အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်း လူမနေသည့်အဆောက်အဦးအနီး အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ကောင်းဝါ- ၂၀၂၃ ဇူလိုင်(၉) မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ ကန်သုံးကန်ရပ်၊ တောင်ရိုးတန်းလမ်းရှိ လူမနေသည့် အဆောက်အဦးအနီးတွင် လွန်ခဲ့သည့်ညနေပိုင်း (ဇူလိုင် ၈ ရက်) က  အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ များထံမှ သိရသည်။...

ကျိုက်ဒုံမြို့ရှိ ဟောင်သရောခန်းမ နှင့် ကျေးလက်ကျန်းမာရေးဌာနရုံး Drop Bomb ချတိုက်ခိုက်ခံခဲ့ရ

ကျိုက်ဒုံမြို့ရှိ ဟောင်သရောခန်းမ နှင့် ကျေးလက်ကျန်းမာရေးဌာနရုံး Drop Bomb ချတိုက်ခိုက်ခံခဲ့ရ

ကောင်းဝါ-၂၀၂၃ ဇူလိုင် (၉) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ရှိ ဟောင်သရောခန်းမ နှင့် ကျေးလက်ကျန်းမာရေးဌာနရုံးများမှာ ဇူလိုင်လ (၇) ရက် နံနက်ပိုင်း Drop Bomb ချတိုက်ခိုက်ခံခဲ့ရကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။ ပြီးခဲ့သည့်...

ဘားအံမြို့အဝင်စစ်ဆေးရေးဂိတ်တွင် ခရီးသွားများ၏ လက်ကိုင်ဖုန်းများကို အသေးစိတ်စစ်ဆေးမှုများပြုလုပ်နေ

ဘားအံမြို့အဝင်စစ်ဆေးရေးဂိတ်တွင် ခရီးသွားများ၏ လက်ကိုင်ဖုန်းများကို အသေးစိတ်စစ်ဆေးမှုများပြုလုပ်နေ

ကောင်းဝါ-၂၀၂၃ ဇူလိုင် (၉) ကရင်ပြည်နယ် ဘားအံမြို့အဝင် သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ်၌ ယနေ့နံနက်ပိုင်းတွင် ခရီးသွားများ၏ လက်ကိုင်ဖုန်းများတောင်းယူကာ အသေးစိတ်စစ်ဆေးမှုများပြုလုပ်နေကြောင်း ခရီးသွားများ၏ ပြောကြားချက်များအရ သိရသည်။ ခရီးသွားပြည်သူများ၏လက်ကိုင်ဖုန်းများကိုတောင်းယူကာ ဖုန်းအဝင်/အထွက် ခေါ်ဆိုထားသည့် မှတ်တမ်းများအား စစ်ဆေးခြင်း၊...

ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ ပြီးဆုံးသွားခြင်းမရှိသေးဘဲ ဗိုင်းရပ်စ်မျိုးကွဲတွေကို သတိထားစောင့်ကြည့်နေရဆဲလို့ WHO အသိပေး

ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ ပြီးဆုံးသွားခြင်းမရှိသေးဘဲ ဗိုင်းရပ်စ်မျိုးကွဲတွေကို သတိထားစောင့်ကြည့်နေရဆဲလို့ WHO အသိပေး

ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈) ကမ္ဘာမှာ ကိုဗစ် 19 ကပ်ရောဂါ ပြီးဆုံးသွားခြင်းမရှိသေးဘဲ XBB.1.16, XBB.1.9, XBB.2.3 ဗိုင်းရပ်စ်မျိုးကွဲတွေကို သတိထားစောင့်ကြည့်နေရဆဲလို့ ခုလဆန်းပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထပ်မံအသိပေးထားပြန်ပါတယ်။ လက်ရှိ ကိုဗစ်-၁၉...

အေအိုင် စက်ရုပ်တွေဟာ လူသားတွေလို ဘက်လိုက်မှုမရှိဘဲ ဆုံးဖြတ်ချက်အမြန်ဆုံး ချမှတ်နိုင်မယ်လို့ဆို

အေအိုင် စက်ရုပ်တွေဟာ လူသားတွေလို ဘက်လိုက်မှုမရှိဘဲ ဆုံးဖြတ်ချက်အမြန်ဆုံး ချမှတ်နိုင်မယ်လို့ဆို

ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈) အေအိုင် စက်ရုပ်တွေဟာ လူသားတွေရဲ့စိတ်ခံစားမှုအပေါ် ကောင်းမွန်စွာ နားမလည်တာကြောင့် လူသားတွေလိုဘက်လိုက်မှုမရှိတတ်ဘဲ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အကောင်းဆုံးနဲ့ အမြန်ဆုံးတွက်ချက်ပေးနိုင်မယ်လို့ ဟန်ဆန် ရိုဘော့တစ် ကုမ္ပဏီ ဖန်တီးထားတဲ့ ဆိုဖီယာခေါ် စက်ရုပ်က ဆိုပါတယ်။...

မော်လမြိုင်မြို့အတွင်း စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းငါး‌သောင်းကျော် ဖမ်းဆီးရမိခဲ့

မော်လမြိုင်မြို့အတွင်း စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းငါး‌သောင်းကျော် ဖမ်းဆီးရမိခဲ့

ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈) မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက် နှင့် မြိုင်သာယာရပ်ကွက်များအတွင်း ဇူလိုင် (၇) ရက်နေ့ ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းငါး‌သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့မှု ဖြစ်စဉ်မှာ မော်လမြိုင်မြို့...

သထုံမြို့နယ် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ (၆) ဦး ထိခိုက်ဒဏ်ရာ၊ နေအိမ် (၃) လုံးပျက်စီးခဲ့

သထုံမြို့နယ် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ (၆) ဦး ထိခိုက်ဒဏ်ရာ၊ နေအိမ် (၃) လုံးပျက်စီးခဲ့

ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈) စစ်ကောင်စီတပ်မှ KNU - ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူးသထူခရိုင် တပ်မဟာ (၁)သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအတွင်းသို့ ဇူလိုင်လ (၇) ရက် နံနက်ပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ...

ကြာအင်းဆိပ်ကြီးမြို့ရှိ လျှပ်စစ်ဓါတ်အားခွဲရုံ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

ကြာအင်းဆိပ်ကြီးမြို့ရှိ လျှပ်စစ်ဓါတ်အားခွဲရုံ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ လျှပ်စစ်ဓါတ်အားခွဲရုံ မှာ ဇူလိုင်လ (၇) ရက် နံနက်ပိုင်းက မိုင်းထောက်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ အဆိုပါ လျှပ်စစ်ဓါတ်အားခွဲရုံမှာ ကြာအင်းဆိပ်ကြီး -...

ကျောက်ကြီး – နတ်သံကွင်းလမ်းပေါ်ရှိ ပေါက်သဲကုန်းတံတား KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဖြင့်ဖေါက်ခွဲဖျက်ဆီး

ကျောက်ကြီး – နတ်သံကွင်းလမ်းပေါ်ရှိ ပေါက်သဲကုန်းတံတား KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဖြင့်ဖေါက်ခွဲဖျက်ဆီး

ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈) ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် သဲကုန်းကျေးရွာ ကျောက်ကြီး - နတ်သံကွင်း လမ်းပေါ်ရှိ ပေါက်သဲကုန်းတံတားအား ဇူလိုင်လ (၇) ရက် နံနက်ပိုင်းက KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဖြင့်ဖေါက်ခွဲဖျက်ဆီးခဲ့ကြောင်း...

KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များ ရန်ကုန် – မော်လမြိုင် အမှတ် (၈) အဝေးပြေးလမ်းမကြီးပေါ်တွင် ခရီးသည်ယာဥ်များကို စစ်ဆေးမှုများ စတင်လုပ်ဆောင်လာပြီ

KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များ ရန်ကုန် – မော်လမြိုင် အမှတ် (၈) အဝေးပြေးလမ်းမကြီးပေါ်တွင် ခရီးသည်ယာဥ်များကို စစ်ဆေးမှုများ စတင်လုပ်ဆောင်လာပြီ

ကောင်းဝါ- ၂၀၂၃ ဇူလိုင် (၈) KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များသည် ရန်ကုန် - မော်လမြိုင် အမှတ် (၈) အဝေးပြေးလမ်းမကြီးပေါ်ရှိ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ၌ ဇူလိုင်လ (၇) ရက် မွန်းလွဲ (၁) နာရီခွဲဝန်းကျင်အချိန်ခန့်က...

Page 131 of 143 1 130 131 132 143

Donate

You can also donate with PayPal, respectfully Kaowao Newsgroup. နှိုးဆော်ခြင်း ကောင်းဝါသတင်းဌာန ရေရှည်ရပ်တည်နိုင်ဖို့ မိတ်ဆွေ စာဖတ်သူ ပရိသတ်များ ဝန်းရံပံ့ပိုးပေးဖို့လိုအပ်နေသလို အလှူငွေထောက်ပံ့ပါရန် မေတ္တာရပ်ခံလိုပါသည်။ အလှူငွေထည့်လိုပါက Messenger မှာဖြစ်ဖြစ် kaowao2023@gmail.com ဖြစ်ဖြစ် +66925121374 သို့ဖြစ်ဖြစ် ဆက်သွယ်အသိပေးစေလိုသည်။

Recent News

  • Trending
  • Comments
  • Latest