Bangkok Post- ဧပြီ(၁၈)
၂၀၂၅ ခုနှစ် ဧပြီလ ၁၁ မှ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်းကျင်းပသည့် သကြႅန် Songkran ပွဲတော်အားလပ်ရက်များအတွင်း မော်တော်ယာဉ်တိုက်မှုများကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့ရာ ဘန်ကောက်မြို့လမ်းပေါ်တွင် သေဆုံးမှုအများဆုံး ဖြစ်ခဲ့သည်။
ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းရေးမှူး Kachorn Srichawanothai က ကြာသပတေးနေ့တွင်ပြောကြားရာ၌ ယာဉ်တိုက်မှု ၁,၃၇၇ ခု ဖြစ်ပွားခဲ့ပြီး လူ ၁,၃၆၂ ဦး ဒဏ်ရာနှင့် လူ ၂၀၀ သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယမန်နှစ်(၂၀၂၄)၏ ၆ ရက်ကာလတူနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်တွင် ယာဉ်တိုက်မှု ၁,၈၁၁ ခု၊ ဒဏ်ရာရသူ ၁,၈၃၇ ဦးနှင့် သေဆုံးသူ ၂၄၃ ဦးအထိရှိခဲ့သည်ဟု ဆိုသည်။
Kachorn က “ယာဉ်တိုက်မှုများအနက် မော်တော်ဆိုင်ကယ်များဖြစ်နေသည်မှာ ၈၃.၃၂ ရာခိုင်နှုန်းဖြစ်သည်။ လူတွေ ဆိုင်ကယ်စီးသည့်အခါ ဦးထုတ်ဆောင်းဖို့နဲ့ ယာဉ်လမ်းစည်းကမ်းတွေကိုတိကျစွာလိုက်နာဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားသည်။
ဧပြီ ၁၁ မှ ၁၆ ရက်အတွင်းတွင် Phatthalung ပြည်နယ်တွင် ယာဉ်တိုက်မှုအများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ၅၂ ခု Lampang ပြည်နယ်တွင် ဒဏ်ရာရသူအများဆုံးဖြစ်ပြီး လူ ၅၆ ဦးသေဆုံး၍ Bangkok တွင်လည်း လမ်းပေါ်သေဆုံးမှု ၁၆ ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်။
ဧပြီ ၁၆ ရက် (ဗုဒ္ဓဟူးနေ့) တစ်နေ့တည်းတွင်ပင် ယာဉ်တိုက်မှု ၁၅၅ ခုဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦး သေဆုံးခဲ့ကာ လူ ၁၄၉ ဦး ဒဏ်ရာ၊ ထိုနေ့တွင် Lampang မှာ ယာဉ်တိုက်မှုများနှင့် ဒဏ်ရာရသူအများဆုံး ဖြစ်ခဲ့ပြီး ယာဉ်တိုက်မှု ၉ ခုနှင့် ဒဏ်ရာရသူ ၉ ဦးရှိပြီး အကြောင်းရင်းမှာ အရှိန်လွန်ခြင်းကြောင့် ဖြစ်သည်။
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဌာန ဒုတိယဥက္ကဋ္ဌ Saharat Wongsakulwiwat ကတော့ လူအများစုသည် Bangkok နှင့်အခြားမြို့ကြီးများသို့ ပြန်ရောက်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရထားပို့ဆောင်ရေးဌာနမှ ဥက္ကဋ္ဌ Pichet Kunathammarak ကလည်း ဗုဒ္ဓဟူးနေ့တွင် လူပေါင်း ၁ သန်းခန့်က ရထားခရီးစဉ်များ ချက်ချင်းအသုံးပြုခဲ့ကြောင်း ပြောကြားသည်။
ရေးသားသူ – Online Reporters (Bangkok Post) များ၏ သတင်းကို စုစည်း၍ Road accidents claim 200 lives during Thailand’s Songkran festival ကို ဆီလျှော်အောင် ဘာသာပြန်သည်။
ဓာတ်ပုံ – ဗုဒ္ဓဟူးနေ့တွင် ထိုင်းနိုင်ငံ Nakhon Ratchasima ပြည်နယ် Non Sung ခရိုင်ရှိ Mitraparp Highway တွင် Bangkok သို့ ပြန်လာသည့်ယာဉ်များကြောင့် ယာဉ်ကြောကြပ်နေစဉ် (ဓာတ်ပုံ – Prasit Tangprasert)
