ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ် ထောင်ဖာပွန်မြို့ Thong Pha Phum District တွင် ယမန်နေ့ ညပိုင်းက အားပျော့ငလျင် (၂.၄ မဂ္ဂနီကျူ့) လှုပ်ခတ်မှုကြောင့် ဆည်များအပေါ် သက်ရောက်မှုမရှိကြောင်း ထိုင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအာဏာပိုင် (Electricity Generating Authority of Thailand, EGAT) မှ အတည်ပြုခဲ့သည်။
ဧပြီ ၁၄ ရက် ညနေ ၇:၅၂ နာရီတွင် ထာခနွန်မြို့နယ် (Tha Khanun Subdistrict) အနီး အနက် ၁ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သဖြင့် ဆည်များ၏ဘေးကင်းမှုနှင့် ဖွဲ့စည်းပုံခိုင်မာမှုကို အရေးပေါ်စစ်ဆေးခဲ့ပြီး ငလျင်အားအလွန်ပျော့ညံ့ကြောင်း EGAT ၏ ထုတ်ပြန်ခဲ့သည်။
ထိုင်းမိုးလေဝသ ဌာန (Thai Meteorological Department) ၏ ငလျင်စောင့်ကြည့်ရေးဌာနခွဲ (Earthquake Observation Division) ၏ ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်မှာ 12.8210°N, 99.6680°E တွင် တည်ရှိပြီး Vajiralongkorn Dam (ဝဇီရာလောင်ကွန်းဆည်) ၏ အရှေ့ဘက် ၇.၈၁ ကီလိုမီတာ၊ Srinagarind Dam (သီရိနာဂရိန်ဆည်) ၏ အနောက်မြောက်ဘက် ၆၇.၅၇ ကီလိုမီတာ နှင့် Tak ပြည်နယ်ရှိ Bhumibol Dam (ဘူမိဘောဆည်) ၏ တောင်ဘက် ၂၇၁.၅၂ ကီလိုမီတာအကွာတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
EGAT ၏ အဆောက်အဦထိန်းသိမ်းရေးဌာနမှူး Kamrit Baiyam က ဆည်များ၏မြေပြင်တုန်ခါမှုအရှိန်ကို တိုင်းတာခဲ့ရာတွင် Vajiralongkorn Dam (ဝဇီရာလင်္ကာဆည်) တွင် 0.01570 g ၊ Srinagarind Dam (သီရိနာဂရိန်ဆည်) တွင် 0.00035 g နှင့် Bhumibol Dam (ဘူမိဘောဆည်) တွင် 0.00213 g အထိသာ သက်ရောက်မှုရှိကြောင်း ဖော်ပြခဲ့သည်။
ယင်းငလျင်အရှိန်မှာ ဒီဇိုင်းစံချိန် 0.1 g ထက် သိသိသာသာလျော့နည်းနေပြီး ဆည်များလုံခြုံမှုကို မထိခိုက်ကြောင်း Vajiralongkorn Dam (ဝဇီရာလင်္ကာဆည်) ၏ ညွှန်ကြားရေးမှူး Sakon Aksornthanawat အတည်ပြုခဲ့သည်။


