မြန်မာနိုင်ငံ၊ မိတ္ထီလာမြို့၏ အရှေ့မြောက်ဘက်တွင် ယနေ့တနင်္ဂနွေနံနက်ပိုင်းက Richter စကေး 5.9 အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။
ဤငလျင်သည် မတ်လ 28 ရက်က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းပြတ်ရွေ့ကြော(Sagaing fault) ကြောင့်ဖြစ်ပြီး ထိုင်း(Thai)နိုင်ငံမြောက်ပိုင်းဒေသများတွင်လည်း ခံစားရသည်ဟု ဆိုသည်။
ထိုင်းသတ္တုနှင့် မိုးလေဝသ ဦးစီးဌာန(Department of Mineral Resources and the Meteorological Department)၏ ထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ငလျင်သည် Richter စကေး 5.9 အဆင့်ရှိပြီး မနက် 9:24 တွင် မြေအောက် 10 ကီလိုမီတာအနက်မှ လှုပ်ခတ်ခဲ့သည်။ ငလျင်၏ဗဟိုချက်မှာ ထိုင်း(Thai)နိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်(Mae Hong Son)ခရိုင်၏ အနောက်မြောက်ဘက် 271 ကီလိုမီတာအကွာတွင် တည်ရှိသည်။
“ဤငလျင်သည် ညာဘက်စလိုက် ရွေ့လျားပြတ်ရွေ့(right-lateral strike-slip fault)ကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်” ဟု သတ္တုဦးစီးဌာန(Department of Mineral Resources)က ပြောကြားခဲ့သည်။
ထိုင်း(Thai)နိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်(Chiang Mai)နှင့် ချင်းရိုင်(Chiang Rai)ခရိုင်များရှိ အမြင့်မားသော အဆောက်အဦများတွင် နေထိုင်သူများက ဤငလျင်ဒဏ်ကို ခံစားခဲ့ရသည်ဟု ဆိုသည်။
ချင်းမိုင်(Chiang Mai)မြို့နယ် Suthep ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ၇ ထပ်ကွန်ဒိုခန်းတွင် မီးချောင်းများ လှုပ်ခါပြီး ငလျင်ဒဏ်ကို ခံစားရကြောင်း ပြောကြားခဲ့သည်။
အလားတူ ချင်းရိုင်(Chiang Rai)မြို့နယ်ရှိ နေအိမ်တစ်ခု၏ ၂ ထပ်တွင် နေထိုင်သူတစ်ဦးက လျှပ်စစ်ပန်ကာပိတ်ထားသော်လည်း အိပ်ရာတွင် ငလျင်ဒဏ်ကို ခံစားရပြီး ပန်ကာလှုပ်ခါမှုကို သတိပြုမိကြောင်း ပြောကြားခဲ့သည်။
မှတ်ချက်- မြန်မာနိုင်ငံ အလယ်ပိုင်း ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် (၉) မိုင်ခန့် အကွာ အနက် ၂၀ ကီလိုမီတာတွင် ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၅၄ မိနစ်ခန့်က အင်အား ၅.၅ ရစ်(ခ်)တာစကေးရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည်။
မန္တလေးမြို့ အနီးတွင် မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အား အလွန်ပြင်းထန်သည့် ၇.၇ ရစ်(ခ်)တာစကေး အဆင့်ရှိငလျင်အပြီးတွင် ၁၂၈ ကြိမ်မြောက် နောက်ဆက်တွဲ လှုပ်ခတ်သည့် ငလျင်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ-
-အမရပူရမြို့နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသော စေတီတော်အတွင်း ကျိုးပဲ့နေသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဓာတ်ပုံရိုက်ထားသည်။
REUTERS/Stringer/File Photo
-ထိုင်း(Thai)မိုးလေဝသဌာန(Earthquake Observation Division of Thailand’s Meteorological Department)၏ Google Maps တွင် ဖော်ပြထားသော တနင်္ဂနွေနေ့ ငလျင်၏ ဗဟိုချက်မနေရာ။
