ရန်ကုန်၊ မတ် ၁၇ —ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီဆိုင်ရာ ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် အိန္ဒိယ၏ Think That အဖွဲ့ (ICWA) တို့ မနက်ဖြန် မတ်လ ၁၈ ရက်တွင် ပူးတွဲကျင်းပမည်ဟု သိရသည်။
မြန်မာ့နိုင်ငံရေးပါတီများမှ ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင်၊ နိုင်တလညီ၊ ဦးထက်အောင်ကျော်၊ ဒေါ်ညိုညိုသင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာအပါအဝင် NSPNC၊ KSPP၊ တိုင်းရင်းသားပါတီကိုယ်စားလှယ်များနှင့် ယခင်အိန္ဒိယခရီးစဉ်မှ ပုဂ္ဂိုလ် ၂၀ ကျော် ပါဝင်မည်ဖြစ်သည်။
နိုင်ငံရေးပါတီများက မြန်မာနိုင်ငံပြန်လည်တည်ဆောက်ရာတွင် လက်ရှိအကျပ်အတည်းများကို ကျော်လွှားနိုင်မည့် ဖက်ဒရယ်အခြေခံဥပဒေတစ်ရပ် လိုအပ်ကြောင်း၊ ယင်းဥပဒေသည် တည်ငြိမ်သော နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရမည်ဟု ထောက်ပြခဲ့သည်။
ယခင်နှစ် ၂၀၂၄ နိုဝင်ဘာတွင် မြန်မာနိုင်ငံရေးပါတီ ၁၁ ခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် NSPNC ကိုယ်စားလှယ်များသည် အိန္ဒိယသို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် လေ့လာရေး ခရီးစဉ် သွားရောက်ခဲ့ကြသည်။
ထိုခရီးစဉ်တွင် ဗဟိုနှင့်ပြည်နယ်အစိုးရအကြား အာဏာခွဲဝေမှု၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို လေ့လာခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခနှင့် ဖွံ့ဖြိုးရေး စိန်ခေါ်မှုများကို ဖြေရှင်းရန် အိန္ဒိယ၏အတွေ့အကြုံများ လေ့လာခဲ့ကြောင်း သိရသည်။
ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးမှုများကို ၂၀၁၇ ခုနှစ်မှစတင်၍ နေပြည်တော်နှင့် အိန္ဒိယတို့တွင် နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
