Khaosod- မတ်(၁၆) — စူရတ်ဌာနီပြည်နယ် ကော့စမွီးကျွန်းလေဆိပ်တွင် ထိုင်းနိုင်ငံမှ အခြောက်ခံဆေးခြောက်များ တရားမဝင်သယ်ဆောင်ရန် ကြိုးစားခဲ့သည့် ဗြိတိသျှနိုင်ငံသား ၄ ဦးအား အာဏာပိုင်များက ယနေ့တွင် ဖမ်းဆီးခဲ့သည်။
ယခုဖြစ်စဉ်သည် ယခုအပတ်အတွင်း ဒုတိယမြောက် ဖြစ်ပြီး၊ ယခင်က အလားတူပြစ်မှုဖြင့် ဗြိတိသျှနိုင်ငံသား ၅ ဦးအား ဖမ်းဆီးထားပြီးဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ Mr. Antony (63), Mr. Billy (37), Mr. Philld (63), နှင့် Mr. John (34) တို့ဖြစ်ပြီး၊ ၎င်းတို့သည် စုစုပေါင်း ၁၃၁ ကီလိုဂရမ် ရှိ ဆေးခြောက်များကို ခရီးဆောင်လက်ဆွဲအိတ် ၈ လုံးဖြင့် သယ်ဆောင်ရန် ကြိုးစားခဲ့ကြသည်။
အဆိုပါ ဗြိတိသျှနိုင်ငံသား ၄ ဦးက လေယာဉ်စီးရန် မှတ်ပုံတင်ပြီးနောက် ဆေးခြောက်များကို တရားမဝင်သယ်ဆောင်ရန် ကြိုးစားခဲ့ရာတွင် အကောက်ခွန်အရာရှိများက အိတ်များကို ဖွင့်ခိုင်းကာ ဆေးခြောက်များကို ဖော်ထုတ်နိုင်ခဲ့ခြင်းသည်။

