စစ်ကောင်စီက မန္တလေး၊ ကရင်၊ မွန်နှင့် ဧရာဝတီတိုင်းတို့မှ မတ် ၁၃ ရက်မှ နှစ်ရက်အတွင်း တရားမဝင်ကုန်ပစ္စည်း တန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး (၁,၉၇၄ သန်း) ကို ဖမ်းဆီးခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
မန္တလေး-တောင်ကြီး ကုန်တင်ယာဉ်မောင်းတစ်ဦးက “စစ်ဆေးရေးဂိတ်တွေက “တအားကြမ်းတယ်၊ စာရွက်မပြနိုင်ရင် ပစ္စည်းသိမ်း၊ ကားပါဖမ်းတာ။ ဒါကြောင့် ကားတွေ ရက်ပေါင်းများစွာ စောင့်ရတယ်” ဟု ပြောသည်။
မြဝတီမှလာသော ယာဉ် ၁၈ စီးမှ ဘားအံစက်မှုဇုန်အနီးတွင် စာရွက်စာတမ်းမပြနိုင်သောကြောင့် လူသုံးကုန်နှင့် စက်မှုပစ္စည်း ၆၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
အလားတူပင် မွန်၊ ဧရာဝတီနှင့် မန္တလေးရှိ စစ်ဆေးရေးဂိတ်များမှလည်း ကျောက်စိမ်း၊ သစ်၊ စားသောက်ကုန်များ အပါအဝင် တရားမဝင်ပစ္စည်းများ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို အရှိန်မြှင့်လုပ်ဆောင်လျက်၊ သတင်းပေးသူများအား ဖမ်းဆီးပစ္စည်း၏ ၂၀% ဆုကြေးချပြီး ဖိအားပေးမှုများ ပြုလုပ်နေသည်။
ယခုနှစ် ဖေဖော်ဝါရီလက နိုင်ငံတဝန်း တရားမဝင်ကုန်စည် ၉၆ မှုဖြင့် ကျပ် ၅,၄၉၃ သန်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။