ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ စကခ (၁၉) ဌာနချုပ်တပ်ရင်းမှ တပ်ကြပ်ကြီး ကိုဇူလှိုင်ဌေး (ပစ ၁၃၆၃၆၃) ဦးဆောင်သော တပ်သား ၅ ဦး ဖြစ်သည့် စောပြည့်ဟိန်း (ပစ ၁၃၆၃၆၉)၊ ဝေယံထွဋ် (ပစ ၁၃၆၂၅၄)၊ ခွန်အေးနိုင်စိုး (ပစ ၁၃၆၀၈၀)၊ ကျော်သက်ဦး (ပစ ၁၃၆၀၅၄) နှင့် ဝေမင်းပိုင် (ပစ ၁၃၆၃၇၀) တို့ပါဝင်သည့် တပ်စိပ်တစ်စိပ်သည် MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည်ဆန် ၆၀ နှင့်အတူ ရေးဘီလူးတပ်ရင်းထံ လက်နက်ချအလင်းဝင်ခဲ့ပြီး မတ်လ ၁၄ ရက်နေ့က တပ်ကြပ်ကြီး ကိုဇူလှိုင်ဌေးအား ဆုငွေကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့သည်ဟု ရေးဘီးလူး Facebook စာမျက်နှာမှ သိရသည်။
Photo-ရေးဘီလူး


