ဘန်ကောက်မြို့၊ ချုံသုန်းခရိုင် (Bang Mod subdistrict of Bangkok’s Chom Thong district) Rama 2 Soi 25 အနီးရှိ အမြန်လမ်းတံတား ဆောက်လုပ်ရေးနေရာ ပြိုကျမှုတွင် မြန်မာအလုပ်သမား ၇ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ယနေ့မတ်လ ၁၅ ရက်၊ မနက်စောစော ၂ နာရီခန့်တွင် ပြိုကျခဲ့ပြီး ထိုအချိန်တွင် လုပ်ငန်းခွင်အတွင်း၌ အလုပ်သမား ၃၀ ကျော် ရှိနေခဲ့သည်။
အနီးတွင် ရှိနေခဲ့သော ကွန်ကရစ်ယာဉ်မောင်းတစ်ဦး၏ ပြောပြချက်အရ၊ သူတို့သည် ကွန်ကရစ်ဖြင့် ထောက်ကန်တိုင်များကို ဆက်သွယ်နေစဉ် တည်ဆောက်မှုဆိုင်ရာ အသံများ ကြားရပြီး ခဏအကြာတွင် ပြိုကျမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ပြိုကျမှုဖြစ်ပွားရာနေရာအနီးတဝိုက်တွင် သွားလာနေသော လမ်းကြောင်းများနှင့် ချုံသုန်း-ဘူရနားလမ်းကို ယာယီပိတ်ထားရပြီး ယာဉ်မောင်းများအနေဖြင့် အခြားလမ်းကြောင်းများကို ရွေးချယ်သွားလာရန် အာဏာပိုင်များက အကြံပြုထားသည်။
Source; Khaosod English.


