နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သည့် ပြစ်မှုများကျူးလွန်သူ နိုင်ငံခြားသားများအား ထိုင်းနိုင်ငံသားဖြစ်ခွင့်ကို ရုတ်သိမ်းသွားမည်ဟု ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူးက ယမန်နေ့က ကြေညာလိုက်သည်။
ကန်ချနပူရီပြည်နယ်အတွင်း နိုင်ငံခြားသားများနှင့် ထိုင်းနိုင်ငံသားမဟုတ်သူများ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မှုခင်းများ၊ တရားမဝင် နိုင်ငံခြားသားများ ခိုးဝင်လာသည့်ကိစ္စရပ်များ တိုးပွားလာသည့်အတွက် ပြည်သူ့လုံခြုံရေးနှင့် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာသည်ဟု ဆိုသည်။
ထို့ကြောင့် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၃ ခုသို့ အရေးပေါအမိန့်စာ ပေးပို့ကာ ထိုသို့သော မှုခင်းများတွင် ပါဝင်ပတ်သက်သူများ၏ ထိုင်းနိုင်ငံသားဖြစ်ခွင့်ကို ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကြေညာချက်အရ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မှုခင်းများ၊ တရားမဝင် နိုင်ငံခြားသားများ ခိုးဝင်လာရေးကိစ္စများတွင် ပါဝင်ပတ်သက်သူများအား ထိုင်းနိုင်ငံသားဖြစ်ခွင့် ရုတ်သိမ်းခြင်း၊ နိုင်ငံခြားသားများအား ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့် ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ဤကြေညာချက်သည် ပြည်သူ့လုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူ့အေးချမ်းသာယာရေးအတွက် အရေးကြီးသော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ ပြည်သူများအား သတင်းပေးပို့ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်း နှစ်သစ်ကူးကာလမှ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား လစဥ် ၁၀၀၀ ဝန်းကျင်ခန့် ကန်ချနပူရီပြည်နယ်အာဏာပိုင်တို့ ဖမ်းဆီးမိခဲ့ပြီး လူပို့သူပွဲစားများမှာ ထိုင်းနိုင်သားမှတ်ပုံတင်ကိုင်ဆောင်သူ မြန်မာနိုင်ငံသားအများစုဖြစ်နေကြောင်း ထိုင်းအာဏာတို့ ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု သိရသည်။
Photo-CaoCao
မူရင်း- https://www.facebook.com/share/p/1A4N3W6jEH/