သံဖြူဇရပ်မြို့နယ်၊ ကျိုက်ခမီမြို့တွင် ရခိုင်တပ်တော် (AA) သို့ ပို့ဆောင်မည်ဆိုသော စက်သုံးဆီများကို ဖမ်းဆီးရာမှ သက်သေခံပစ္စည်းများ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယင်းကိစ္စကြောင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့အကြား ပြဿနာများ တက်နေကြောင်း သိရသည်။
ရခိုင့်တပ်တော် AA သို့ ပို့ဆောင်မည်ဆိုသည့် စက်သုံးဆီ ၄၅ ပီပါအပါအဝင် မော်တော်ကား၊ ပဲ့ချိတ်စက်လှေနှင့် တော်ဖလုကျေးရွာ မင်းသန့်ဆီဆိုင်မန်နေဂျာတို့အား ဖမ်းဆီးမိထားကြောင်း စစ်တပ်လော်ဘီသတင်းများအရ သိရသည်။
“စက်သုံးဆီပေပါ ၁၅ လုံး ဘယ်ရောက်သွားလဲ? စက်လှေအစုတ်ကြီးကဘာလဲ? နိုင်ငံတော်နှင့်ပြည်သူ့လစာစားပြီး တာဝန်မဲ့သူတွေ အဂတိကြောင့်ရလာတဲ့ပိုင်ဆိုင်မှုတွေ သဘာဝဘေးကြောင့်ဆုံးရှုံးကြပါစေ” ဟု စစ်လော်ဘီတစ်ဦးက တယ်လီဂရမ်ပေါ်တွင် ရေးသားခဲ့သည်။
ဖမ်းဆီးရမိသည့် စက်သုံးဆီ ၄၅ ပီပါအနက် ၁၅ ပီပါ ပျောက်ဆုံးနေပြီး စက်လှေအစုတ်တစ်စီးသာ ရှိကြောင်း၊ စက်လှေအကြီး ပျောက်ဆုံးနေခြင်းကြောင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့အကြား သက်သေခံပစ္စည်း အလွှဲအပြောင်းတွင် ပြဿနာများ ဖြစ်ပွားနေကြောင်း မြို့ခံများက ပြောဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် AA တပ်ဖွဲ့များအတွက် ပြည်မမှ ရိက္ခာလမ်းကြောင်းများ ပိတ်ဆို့ထားသော်လည်း မွန်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းတို့မှ စက်လှေများဖြင့် လျှို့ဝှက်ပို့ဆောင်ပေးနေကြောင်း သိရသည်။
Photo- တယ်လီဂရမ်


