စစ်ကောင်စီလက်အောက်မှ စစ်မှုထမ်းရမည်ကို ရှောင်ပြေးလာသော လူငယ် ၄၉ ဦးအား ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့အနီး၌ ထိုင်းစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက ယမန်နေ့တွင် ဖမ်းဆီးရမိသည်။
ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံအတွင်းပိုင်း မဟာချိုင်ဘက်တွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ခဲ့ကြပြီး၊ ထိုသို့အလုပ်လုပ်ကိုင်ပါက တရားဝင်အလုပ်သမားများအဖြစ် အသိအမှတ်ပြုခံရမည့် ဥပဒေများရှိသော်လည်း၊ လမ်းခုလတ်တွင် ဖမ်းဆီးခံရခြင်းကြောင့် ထိုအခွင့်အရေးများ မရရှိနိုင်ဘဲ ဖြစ်နေသည်။
ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး ဘုရားသုံးဆူနယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း၊ ဘုရားသုံးဆူဒေသရှိ ကျားဖြန့်လုပ်ငန်းများကို ထိုင်းနိုင်ငံဘက်မှ လုံခြုံရေးတပ်ဖွဲ့များက နယ်စပ်တစ်လျှောက် စောင့်ကြပ်နေသည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေပြဌာန်းခဲ့ပြီး လူငယ်များကို အတင်းအကျပ်စစ်မှုထမ်းခိုင်းခြင်းကြောင့် ထွက်ပြေးလာကြရသည့် မြန်မာလူငယ်များသည် မြန်မာနယ်စပ်ဘုရားသုံးဆူမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တောလမ်းမှ ဝင်ရောက်လာကြသည်။
ဖမ်းဆီးခံရသူများကို ထိုင်းနိုင်ငံ၏ တရားဥပဒေအရ စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တရားမဝင်ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ခံရနိုင်သည်။ ထိုသို့သတ်မှတ်ခံရပါက ပြစ်ဒဏ်ချမှတ်ခံရနိုင်ပြီး၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရနိုင်သည်။

