မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းမှ နိုင်ငံခြားသား ၇,၀၀၀ ကျော်ကို BGF က ဖမ်းဆီးတွေ့ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ လူ ၁,၀၀၀ ခန့်သာ ပြန်လည်ပို့ဆောင်နိုင်သေးကြောင်း BGF ထံမှ သိရသည်။
ယင်းအနက် အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး မြန်မာ၊ ထိုင်း၊ တရုတ် ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်ပို့ရေး စီစဉ်နေသည်ဟု ဆိုသည်။
အဆိုပါအရေအတွက်ကို BGF က ၁၀ ရက်ကြာ ဖြိုခွင်းရှာဖွေမှုများအပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယခုထိ ၂,၅၀၀ ကျော်ကို စစ်ဆေးပြီးစီးခဲ့ပြီး ၆၀၀ ကျော်အား ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ထို့အပြင် ပြန်ပို့ရန် အဆင်သင့်ဖြစ်နေသူ ၁,၈၀၀ ကျော်လည်း ရှိနေသည်။ ထိုသူများတွင် လေယာဉ်စင်းလုံးငှားပြီး ပြန်ပို့ထားသည့် တရုတ်နိုင်ငံသား ၈၀၀ အပါအဝင်ဖြစ်သည်။
DKBA နှင့် BGF တို့က ကနဦးအဆင့်တွင် ၃၀၀ ကျော်၊ စစ်ကောင်စီက ၆၀၀ ကျော် ပြန်ပို့ခဲ့သော်လည်း စစ်ကောင်စီနှင့် ထိုင်းသတင်းများအရ လက်ရှိတွင် လူ ၁,၀၀၀ ခန့်သာ အောင်မြင်စွာ ပြန်ပို့နိုင်သေးကြောင်း ဖော်ပြထားသည်။
Photo;
ကျားဖြန့်လုပ်ငန်းမှ ထိန်းသိမ်းထားသည့်သူများ