မလေးရှားအာဏာပိုင်များက ဆလန်ဂေါပြည်နယ်၊ ကလန်းမဲရူးဈေးကြီးအတွင်း ဖေဖော်ဝါရီ ၂၂ ရက်က အော်ပရာစီဖမ်းဆီးမှုတွင် အထောက်အထား မပြည့်စုံသူကို မြန်မာနိုင်ငံသား ၅၃၀ ဦးနှင့် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံသားများလည်း ပါဝင်သည်။
လက်ရှိ မလေးရှားနိုင်ငံ၌ အလုပ်သွားရောက်လုပ်နေသည့် မြန်မာလူငယ်တစ်ဦးက မလေးရှားတွင် အထောက်အထား မပြည့်စုံသူများ အဖမ်းခံနေရကြောင်း၊ ပတ်စ်ပို့မရှိသူများလည်း ရှိကြောင်း ပြောကြားခဲ့သည်။
ထိုအပြင် မလေးရှားသို့ ခိုးဝင်ရာတွင် ကုန်ကျစရိတ်များပြားပြီး အန္တရာယ်များကြောင်း၊ မလေးရှားသို့ ခိုးဝင်ရာတွင် ငွေကြေးအမြောက်အမြား ကုန်ကျပြီး အဖမ်းခံရပါက ထောင်ကျနိုင်သည့် အန္တရာယ်ရှိကြောင်း၊ ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးမှုများ မကြာခဏဖြစ်ပွားနေကြောင်း ၄င်းက ဆက်ပြောသည်။
မလေးရှားနိုင်ငံသည် လက်ရှိအချိန်တွင် တရားဝင်ရွှေ့ပြောင်းလုပ်သားများအား ခေါ်ယူမှုကို ပိတ်ပင်ထားသဖြင့်၊ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများသည် တရားမဝင်နည်းလမ်းများဖြင့် မလေးရှားနိုင်ငံသို့ ခိုးဝင်လာကြခြင်း ဖြစ်ရာ မလေးရှားအာဏာပိုင်များက အော်ပရာစီဖမ်းဆီးမှုများကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လာသည်ဟု သိရသည်။
ထို့ပြင် ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) က ဂျိုဟိုးပြည်နယ်မှ ပြစ်ဒဏ်ပြီးဆုံးသော မြန်မာနိုင်ငံသား ၆၇ ဦးကို မြန်မာလေကြောင်းလိုင်း MAI ဖြင့် မြန်မာနိုင်ငံသို့ မလေးရှားအာဏာပိုင်များ ပြန်လည်ပို့ဆောင်ခဲ့သည်။