ထိုင်းရဲတပ်ဖွဲ့ဒေသ ၇ နှင့် စမွန်စခွန်မြို့ရဲတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီ ၁၈ မှ ၂၄ ရက်အတွင်း ပြုလုပ်သည့် စစ်ဆေးရေးလုပ်ငန်းစဉ်များတွင် ၄ ရက်မြောက်၌ တရားမဝင်နေထိုင်သူ ၂၃၄ ဦးအား ဖမ်းဆီးမိခဲ့သည်။
ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူများသည် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ လုပ်သားဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေနှင့် အခြားပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးမှုဖြစ်စဥ်မှာ စမွန်စခွန်မြို့နယ်အတွင်း နိုင်ငံခြားသားများအကြား မူးယစ်သောက်စားပြီး လူသတ်မှု၊ ထိုင်းအမျိုးသမီးတစ်ဦးအား သတ်ဖြတ်မှု၊ ပစ္စည်းခိုးမှုများ၊ မော်တော်ဆိုင်ကယ်များ ခိုးယူရောင်းချမှု၊ လျှပ်စစ်မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ တရားမဝင်ရောင်းချမှု။ မူးယစ်ဆေးဝါးသုံးစွဲမှု၊ နှင့် မူးယစ်ဆေးရောင်းဝယ်မှုများကို ဖမ်းဆီးရမိသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ထိုဖြစ်စဥ်များနှင့်ပတ်သက်၍ တရားမဝင်နေထိုင်သူ ၁၆၄ ဦး၊ ခွင့်ပြုချက်မဲ့ အလုပ်လုပ်ကိုင်သူ ၄ ဦး၊ မှတ်ပုံတင်ရန် ပျက်ကွက်သူ ၅၀ ဦး၊ လက်နက်ခိုးသိမ်းမှု ၄ ဦး၊ လောင်းကစားမှု ၄ ဦး၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သူ ၆ ဦး၊ လူသတ်မှုသက်သေခံ ၂ ဦးတို့ ရဲတပ်ဖွဲ့က အရေးယူခဲ့သည်ဟု ဆိုသည်။
ထိုင်းအစိုးရ၏ ညွှန်ကြားချက်အရ၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးဌာနများသည် နိုင်ငံခြားသားများ စုဝေးနေထိုင်သည့် နေရာများတွင် စနစ်တကျ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဤလုပ်ငန်းစဉ်တွင် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ လုပ်သားဥပဒေနှင့် အခြားပြစ်မှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်သူများအား ဦးတည်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများအား သံသယဖြစ်ဖွယ်အပြုအမူများ သို့မဟုတ် တရားမဝင်လှုပ်ရှားမှုများကို သတင်းပို့ရန် တိုက်တွန်းထားသည်။
ထို့အပြင် ဘိန်းစာရွက် (Kratom) ရောင်းဝယ်မှုအား တင်းကြပ်စွာ တားမြစ်ထားပြီး မည်သည့်နေရာတွင်မဆို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။
စမွန်စခွန်မြို့နယ်အတွင်း နိုင်ငံခြားသားများ၏ တရားဝင်နေထိုင်မှုနှင့် လုပ်သားခွင့်ပြုချက်များကို စနစ်တကျ စစ်ဆေးသွားမည်ဖြစ်ပြီး၊ စီးပွားရေးနှင့် လုံခြုံရေးကို ဟန်ချက်ညီစေရန် ဦးတည်ဆောင်ရွက်သွားမည်ဟု သိရသည်။