တရုတ်နိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များသည် မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်မှ ဆက်သွယ်ရေးလိမ်လည်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၂၀၀ ကို ယခုကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၀) တွင် တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
ထိုသံသယရှိသူများအား မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အရင်ပို့ဆောင်ခဲ့ပြီး နန်ကျင်းလူကို အပြည်ပြည်ဆိုင်ရာလေဆိပ် (အရှေ့ပိုင်း ကျန်းစုပြည်နယ်၊ နန်ကျင်းမြို့) သို့ စင်းလုံးငှားရမ်းထားသော လေယာဉ်များဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ရွှေကုက္ကိုမြို့သစ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ တရုတ်နိုင်ငံသား ၂၀၀ ဦးအား ပထမအသုတ်အဖြစ် မြန်မာက ထိုင်းမှ တရုတ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်သူ့အမျိုးသားလုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်အရ၊ ဤသံသယရှိသူများအား ပြန်လည်ခေါ်ဆောင်နိုင်မှုသည် တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား ဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောအောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဤလုပ်ဆောင်ချက်သည် ဆက်သွယ်ရေးလိမ်လည်မှုများကို တိုက်ဖျက်ရာတွင် နိုင်ငံတကာပူးပေါင်းမှု၏ ထင်ရှားသောဥပမာလည်းဖြစ်သည်။
Photo- ဆင်ဟွာ