ယမန်နေ့က ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ထိုင်းတပ်မတော်၏ ညှိနှိုင်းအစည်းအဝေး၌ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များကို အစီရင်ခံတင်ပြခဲ့ပြီး ထိုင်းတပ်မတော်က နယ်စပ်ဒေသများတွင် လုံခြုံရေးထပ်မံမြှင့်တင်သွားမည်ဟု ဆိုသည်။
၄င်းအစည်းအဝေး၌ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်စပ်ဒေသများတွင် လုံခြုံရေးအား မြှင့်တင်ရန်နှင့် အစိုးရ၏ မူဝါဒများကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ထပ်လောင်းအသိပေးခဲ့ခြင်း ဖြစ်သည်။
ထိုင်းတပ်မတော်အနေဖြင့် တစ်လနီးပါးကြာခန့် လက်ရှိဆောင်ရွက်နေသော “Seal Stop Safe” အစီအစဥ်အောက်တွင် မူးယစ်ဆေးဝါးဆိုင်ရာ မှုခင်းများ 124 ကြိမ် ဖော်ထုတ်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ 197 ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယာဘဆေးပြား (Yaba) 54,416,245 လုံး၊ ရေခဲ (Ice) 5,028.554 ကီလိုဂရမ်၊ ဟီးရိုးအင်း (Heroin) 12.891 ကီလိုဂရမ်၊ ကက်တာမင်း (Ketamine) 416.037 ကီလိုဂရမ်၊ ဘိန်း 9.895 ကီလိုဂရမ် ဖမ်းဆီးမိခဲ့ကြောင်း။
တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဆိုင်ရာ မှုခင်းများ 197 ကြိမ် ဖော်ထုတ်နိုင်ခဲ့ပြီး၊ ပြစ်မှုကျူးလွန်သူ 1,008 ဦးကို ဖမ်းဆီးနိုင်ခဲ့ရာ မြန်မာနိုင်ငံသား 69% နှင့် ကမ္ဘောဒီးယားနိုင်ငံသား 17% ပါဝင်ကြောင်း။
မြောက်ပိုင်းဒေသများတွင် သစ်တောများကို ပျက်စီးစေသော လုပ်ရပ်များကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ သစ်များအား သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ကျွန်းသစ် 92 တိုင်၊ ပဒူးသစ် 30 တိုင်နှင့် သစ်မာ 58 တိုင် သိမ်းဆည်းနိုင်ခဲ့ကြောင်း။
စိုက်ပျိုးရေးထွက်ကုန်များနှင့် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုဆိုင်ရာ မှုခင်းများ 26 ကြိမ် ဖော်ထုတ်နိုင်ခဲ့ရာတွင် ရာဘာ 35,640 ကီလိုဂရမ်၊ ဒီဇယ်ဆီ 4,874 လီတာ၊ ဓာတ်ဆီ 5,527 လီတာ သိမ်းဆည်းခဲ့ကြောင်း။
“Seal Stop Safe” အစီအစဥ်အောက်တွင် မူးယစ်ဆေးဝါး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနှင့် သစ်တောပျက်စီးမှုများကို အောင်မြင်စွာ တိုက်ဖျက်နိုင်ခဲ့ကြောင်း ထိုင်းတပ်မတော်က ပြည်သူများ၏ ဒုက္ခများကို ကူညီဖြေရှင်းပေးရန်နှင့် အစိုးရ၏ မူဝါဒများကို အကောင်အထည်ဖော်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี ထိုင်းနိုင်ငံထိပ်တန်းသတင်းများ- ကန်ချနပူရီက ဖော်ပြထားသည်။
Photo- ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี