ဘုရားသုံးဆူမြို့မှ ကာစီနိုရုံနှင့်လောင်းကစားမှုများအား မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း လုံးဝ(လုံးဝ) ခွင့်ပြုထားခြင်းမရှိကြောင်း မွန်ပြည်သစ်ပါတီ NMSP ဗဟိုဌာနချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ကောင်းဝါသို့ ပြောကြားသည်။
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ထဲရှိ လောင်းကစားနှင့် ကာစီနိုရုံများ ပိတ်သိမ်းကာ မွန်ပြည် သစ်ပါတီ ထိန်းချုပ်နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်နေသည်ဟု ကရင်သတင်းစဥ် KIC သတင်းဌာနမှ အခြေအမြစ်မရှိ ယမန်နေ့က လုပ်ကြံသတင်းရေးသားခဲ့သည့်အပေါ် မွန်ပြည်သစ်ပါတီက ပြောကြားခြင်းဖြစ်သည်။
၄င်းက “တပ်ရင်း ၃ ရွာက ကျဥ်းကျဥ်းလေးပါ၊ ဘယ်ကာစီနိုလောင်းကစားသမားမှ ဝင်လာစရာအကြောင်းမရှိဘူး၊ ဝင်လာရင်တော့ ဖမ်းမှာပေါ့၊ ကျနော်တို့ မွန်ပြည်သစ်ပါတီပါတီအနေနဲ့ လောင်းကစားလုပ်ငန်းတွေကို အရင်ကတည်းကလည်း ခွင့်ပြုခဲ့တာလည်းမရှိခဲ့သလို အခုလို ထိလွယ်ယှလွယ်တဲ့ ကျားဖြန့်နဲ့ ဆက်နွယ်တဲ့လုပ်ငန်းတွေနဲ့ဆိုရင် လုံးဝကင်းရှင်းခဲ့ပါတယ်၊ ဘုရားသုံးဆူမြို့လိုပဲ တပ်ရင်း ၃ မှာလည်း လျှပ်စစ်မီးလုံးဝမရတော့ပါဘူး” ဟု ဆိုသည်။
ကရင်လက်နက်ကိုင်တပ်ဖွဲ့များ လက်ရှိထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့ပေါ်တွင် ကာစီရုံနှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများ ဖွင့်လှစ်ထားသောကြောင့် ထိုင်းနိုင်ငံက ဘုရားသုံးဆူသို့ လျှပ်စစ်ဓာတ်အားရောင်းချမှုကို ဖေဖော်ဝါရီ ၅ ရက်နေ့က ရပ်ဆိုင်းလိုက်သည်။
Photo- ကျားဖြန့်ဂိုဏ်းဝင်အချို့ ဘုရားသုံးဆူမြို့မှ ထွက်ခွာခဲ့စဥ်။

