တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် တအာင်းပလောင်တပ်မတော်- PSLF/TNLA နှင့် စစ်ကောင်စီတို့ မနက်ဖြန် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်၍ ကူမင်းမြို့၌ အပစ်ရပ်ရေးဆွေးနွေးပွဲ စတင်မည်ဖြစ်ကြောင်း PSLF/TNLA က ထုတ်ပြန်သည်။
PSLF/TNLA ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနဲ့ မဟာမိတ် ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းတို့ ဦးဆောင်သော ကိုယ်စားလှယ် ၉ ဦးအဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သောအဖွဲ့သည်လည်း ကူမင်းမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၁၆-၁၇ ရက်တွင် တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် MNDAA တို့ တရုတ်နိုင်ငံ၌ ၂ ရက်ကြာ ဆွေးနွေးခဲ့ပြီး အပစ်ရပ်ရေး သဘောတူညီခဲ့ပြီး ဖြစ်သည်။
ထို့အတူ လက်ရှိ စစ်ရေး ပြဿနာများ ဖြေလည်အောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တ လေးတိုင်း မိုးကုတ်မြို့အပါအဝင် ရှမ်းမြောက်ရှိ မြို့ ၁၂ မြို့ကို တို TNLA တိုက်ခိုက်သိမ်းပိုက်ထားပြီး နောင်ချိုမြို့နယ် တောင်းခမ်းရွာ၌ စစ်တပ်နှင့် TNLA တို့အကြား လက်ရှိအချိန်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။


